Pages

Monday, March 18, 2013

ဧပြီလမှစ၍ ကြော်ငြာဆိုင်းဘုတ်များအား တစ်ဆင့်ခံ ချထားမပေးတော့ဘဲ ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီမှ တိုက်ရိုက်ချထားပေးမည်

မတ်လကုန်တွင် ရန်ကုန်မြို့ရှိ ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်များ အနေဖြင့် စိုက်ထူခွင့်ပြုသည့်
 ကြော်ငြာဆိုင်းဘုတ်များအားလုံး ဖြုတ်သိမ်းရမည်ဖြစ်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် စတင်သော ဧပြီလမှစ၍ ကြော်ငြာဆိုင်းဘုတ်များအား လုပ်ငန်းရှင်များကို တစ်ဆင့်ခံ ချထားမပေးတော့ဘဲ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲ၍ ကြော်ငြာလိုသူများကို တိုက်ရိုက်ချထားပေးမည် ဖြစ်ကြောင်း လက်ရှိကြော်ငြာဆိုင်းဘုတ် လုပ်ကိုင်နေသော လုပ်ငန်းရှင်များထံမှ သိရသည်။
"ကျွန်တော်တို့ကို အငှားချထားပေးတဲ့ ကြော်ငြာဆိုင်းဘုတ်တွေ မတ်လကုန်အထိပဲ ခွင့်ပြုထားတယ်။ ဧပြီလ ၁ ရက်နေ့ကစပြီး ဖြုတ်သိမ်းရမှာဖြစ်ပြီး အဲဒီနောက်ပိုင်း ကျွန်တော်တို့ကို ထပ်ချထားမပေးတော့ဘဲ စည်ပင်
သာယာကပဲ ကြော်ငြာလိုသူတွေကို တိုက်ရိုက်ချပေးမယ့် ပုံစံပါ။ ပြောချင်တာက ကျွန်တော်တို့လို ကြော်ငြာ
ဆိုင်းဘုတ် လုပ်ငန်းတွေကို ကြားခံချမပေးတော့ဘဲ စည်ပင်သာယာရဲ့ ဆိုင်းဘုတ်အသစ်တွေ သတ်မှတ်
စိုက်ထူပြီး ကြော်ငြာလိုသူတွေကို တိုက်ရိုက်ချပေးမှာ" ဟု Than Htut ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းမှ ကိုသန်း
ထွဋ်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်အား မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန်ဟုဆိုကာ ရှုပ်ထွေးများပြားနေသည့် ကြော်ငြာ
ဆိုင်းဘုတ်များကို လျှော့ချရန် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီလကုန်ပိုင်းမှစ၍ စီစဉ်ခဲ့ခြင်းဖြစ်ပြီး မေလဆန်း
တွင် လက်ရှိကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်များကို အငှားချ လုပ်ကိုင်ခွင့်ပြုထားသည့် ကြော်ငြာဆိုင်းဘုတ် အသေးများအား ၂၀၁၂ သြဂုတ်လကုန်တွင် အပြီးဖြုတ်သိမ်းရန်နှင့် ဆိုင်းဘုတ်အကြီးများကို ၂၀၁၃ ခုနှစ် မတ်လကုန်တွင် အပြီးဖြုတ်သိမ်းကာ ၂၀၁၄ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာ
ရး ကော်မတီက ကြော်ငြားဆိုင်းဘုတ်များကို တာဝန်ယူ စီမံကာလုပ်ကိုင်မည်ဟု ပြီးခဲ့သည့်နှစ်က ထုတ်ပြန်
ခဲ့သည်။

ထို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြော်ငြာဆိုင်းဘုတ်များ ချထားပေးရန်
 လျှောက်ထားလိုသူများကို မတ်လ ၁၁ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ လျှောက်လွှာခေါ်ယူထားသည်။
 လျှောက်လွှာခေါ်ယူရာတွင် "၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စိုက်ထူခွင့် ပြုခဲ့သည့် ကြော်ငြာဘုတ်များ အားလုံးသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၎င်းခွင့်ပြုခဲ့သည့် နေရာများ၌ ဆက်လက်စိုက်ထူ ကြော်ငြာ
ခွင့် ပြုမည်မဟုတ်ဘဲ ရန်ကုန်မြို့တော် စည်ပင်သာယာမှ သတ်မှတ်စိုက်ထူထားသည့် ကြော်ငြာဆိုင်းဘုတ်
များတွင်သာ ကြော်ငြာခွင့်ပြုမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ကြေညာ
ထားသည်။

ကြော်ငြာဆိုင်းဘုတ် လျှောက်ထားရန် စည်းကမ်းချက်များတွင် ဆိုင်းဘုတ်လျှောက်ထားရာ၌ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်၊ ပုဂ္ဂလိက စက်မှုလုပ်ငန်းမှတ်ပုံတင် လက်မှတ်၊ ကုမ္ပဏီ မှတ်ပုံတင် လက်မှတ်နှင့် စည်ပင်သာယာ လိုင်စင်တို့ကို မိတ္တူတင်ပြရမည်ဟု ပါရှိပြီး ကြော်ငြာဆိုင်းဘုတ် အရွယ်အစား
အနေဖြင့် ၄၅ ပေ_၁၅ ပေ တစ်မျိုးတည်း လက်ခံမည်ဖြစ်သည်ဟု ပါရှိခဲ့သည်။

ကြော်ငြာဆိုင်းဘုတ်များ ငှားရမ်းလုပ်ကိုင်ခွင့် ရရှိပါက ငှားရမ်းခအနေဖြင့် တစ်စတုရန်းပေလျှင် ကျပ် ၂၀၀
၀၀ အခွန်ပေးသွင်းရမည်ဖြစ်ပြီး ကြော်ငြာခကို ငွေပေးသွင်းရန် အသိပေးသည့် အချိန်မှစ၍ တစ်လုံးတစ်ခဲ
တည်း ပေးသွင်းရမည်ဖြစ်ပြီးခွင့်ပြုသည့် ကြော်ငြာဆိုင်းဘုတ်တွင်ဌာနခွင့်ပြုထားသည့် ကြော်ငြာဒီဇိုင်း အ
တိုင်းသာ တပ်ဆင်ခွင့်ပြုမည်ဖြစ်ကာ ကြော်ငြာဒီဇိုင်း ပြောင်းလိုပါက ဒီဇိုင်းတစ်ကြိမ်ပြောင်းလျှင် ကျပ် ၅၀၀
၀၀ ပေးသွင်းရမည်ဟုလည်း သတ်မှတ်ထားသည်။


EMG
Rangonnewsdaily
RND:  :18.3.2013


0 comments:

Post a Comment