Pages

Monday, March 18, 2013

မီသိန်းဟိုက်ဒရိတ် ဓာတ်ငွေ့ခဲမှ စွမ်းအင် ထုတ်ယူနိုင်မည့် ကမ္ဘာ့ ပထမဆုံး နိုင်ငံ ဂျပန်နိုင်ငံ ဖြစ်လာ

မီသိန်းဟိုက်ဒရိတ် ဓာတ်ငွေ့ခဲမှ စွမ်းအင် ထုတ်ယူနိုင်မည့် ကမ္ဘာ့ ပထမဆုံး နိုင်ငံ ၈ျပန်နိုင်ငံ ဖြစ်လာ
Monday, March 18, 2013 

ဂျပန်နိုင်ငံသည် လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ရေအောက်ရှိ ''မီးတောက်နိုင်သော ရေခဲတုံးကြီး'' ဟု တင်စား ခေါ်ဝေါ်ထားသည့် မီသိန်းဟိုက်ဒရိတ် ဓာတ်ငွေ့ခဲမှ စွမ်းအင် ထုတ်ယူနိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် ယင်းသို့ ထုတ်လုပ်နိုင်သော ပထမဆုံး နိုင်ငံ ဖြစ်လာခဲ့သည်။

ထိုကဲ့သို့ ထုတ်ယူ ရရှိနိုင်မှုသည် ပြည်ပမှ စွမ်းအင် တင်သွင်းနေရသော ဂျပန်နိုင်ငံအတွက် ကြီးမားသော အကျိုးကျေးဇူး များကိုဖြစ်ပေါ်စေ 
ခဲ့ကြောင်း သိရ သည်။ ထို့အပြင် မီသိန်းဟိုက်ဒရိတ် ဓာတ်ငွေ့ခဲမှ စွမ်းအင် ထုတ်ယူနိုင်သည့် နည်းပညာသည် စီးပွားရေး အရ အလားအလာ
ကောင်းမွန်မည် ဆိုပါက အဆို ပါ ဓာတ်ငွေ့ကို ရှာဖွေရန် ကြိုးပမ်းနေသည့် ကနေဒါ၊ အမေရိကန်၊ နော်ဝေနှင့် တရုတ်နိုင်ငံများ အတွက်လည်း အကျိုးအမြတ် များစွာ ရရှိနိုင်ကြောင်း သိရ သည်။

ထိုကဲ့သို့ မီးတောက်နိုင်သော ရေခဲတုံးမှ စွမ်းအင် ထုတ်ယူနိုင်ရန် အတွက် ဒေါ်လာသန်း ရာပေါင်းများစွာ သုံးစွဲခဲ့ရပြီး ထုတ်ယူ ရရှိသော စွမ်းအင်သည် ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား စက်ရုံမှ ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံ၏ အနာဂတ် စွမ်းအင် လိုအပ်ချက်အား
ဖြည့်စွမ်း ပေးနိုင်မည် ဖြစ် သည်။ 

ယခုလက်ရှိ ပစိဖိတ် ကမ်းရိုးတန်းတွင် တူးဖော် တွေ့ရှိမှုအရ ဓာတ်ငွေ့ ထုတ်ယူနိုင်သည့် ပမာဏမှာ ကုဗမီ တာ ၁ ဒသမ ၁ ထရီလီယံ ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ ရေပိုင်နက် အတွင်းရှိ မီသိန်းဓာတ်ငွေ့ ထုတ်ယူနိုင်သည့် ပမာဏမှာ ၇ ထရီလီယံ ကုဗမီတာ ရှိပြီး ဂျပန်အစိုးရ အနေဖြင့် ဓာတ်ငွေ့ ထုတ်ယူရေး နည်းပညာကို ထိရောက်စွာ အသုံးချနိုင်မည် ဆိုပါက ယင်းပမာဏသည် နိုင်ငံအတွက် အနည်းဆုံး ၁၁ နှစ်စာ သဘာဝဓာတ်ငွေ့ကို ထုတ်ယူ သုံးစွဲနိုင် မည် ဖြစ်သည်။

ဂျပန်နိုင်ငံသည် မီသိန်းဓာတ်ငွေ့ ထုတ်ယူရန် အတွက် မီသိန်း ဟိုက်ဒရိတ်ခဲအား ဖိအားပေးနည်း စနစ် အသုံးပြု ခဲ့ရပြီး ထိုနည်းပညာသည် ၂ဝဝ၂ ခုနှစ် က စမ်းသပ် အောင်မြင်ခဲ့သည့် ရေပူ အသုံးပြု လှည့်လည် ခြင်းနည်းစနစ်ထက် ပိုမို ကောင်းမွန်ကြောင်း သိရသည်။ 

သို့သော်လည်း ယခု နည်းပညာ၏ အခြေ အနေမှာ သေးငယ်သော အနေအထားတွင်သာ ရှိသေးပြီး ၎င်းအခြေအနေအား ထိန်းသိမ်းရန် အတွက် ငွေကုန် ကြေးကျများမည် ဖြစ်သော်လည်း ဂျပန်နိုင်ငံ အနေဖြင့် ပြည်ပ နိုင်ငံများသို့ ၂ဝ၁၉ ခုနှစ်တွင် တင်ပို့ရောင်းချ
နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ 

မြ၀တီ

Monday, March 18, 2013

ဂျပန်နိုင်ငံသည် လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ရေအောက်ရှိ ''မီးတောက်နိုင်သော ရေခဲတုံးကြီး'' ဟု တင်စား ခေါ်ဝေါ်ထားသည့် မီသိန်းဟိုက်ဒရိတ် ဓာတ်ငွေ့ခဲမှ စွမ်းအင် ထုတ်ယူနိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် ယင်းသို့ ထုတ်လုပ်နိုင်သော ပထမဆုံး နိုင်ငံ ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ထုတ်ယူ ရရှိနိုင်မှုသည် ပြည်ပမှ စွမ်းအင် တင်သွင်းနေရသော ဂျပန်နိုင်ငံအတွက် ကြီးမားသော အကျိုးကျေးဇူး များကိုဖြစ်ပေါ်စေ ခဲ့ကြောင်း သိရ သည်။ ထို့အပြင် မီသိန်းဟိုက်ဒရိတ် ဓာတ်ငွေ့ခဲမှ စွမ်းအင် ထုတ်ယူနိုင်သည့် နည်းပညာသည် စီးပွားရေး အရ အလားအလာ ကောင်းမွန်မည် ဆိုပါက အဆို ပါ ဓာတ်ငွေ့ကို ရှာဖွေရန် ကြိုးပမ်းနေသည့် ကနေဒါ၊ အမေရိကန်၊ နော်ဝေနှင့် တရုတ်နိုင်ငံများ အတွက်လည်း အကျိုးအမြတ် များစွာ ရရှိနိုင်ကြောင်း သိရ သည်။

ထိုကဲ့သို့ မီးတောက်နိုင်သော ရေခဲတုံးမှ စွမ်းအင် ထုတ်ယူနိုင်ရန် အတွက် ဒေါ်လာသန်း ရာပေါင်းများစွာ သုံးစွဲခဲ့ရပြီး ထုတ်ယူ ရရှိသော စွမ်းအင်သည် ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား စက်ရုံမှ ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံ၏ အနာဂတ် စွမ်းအင် လိုအပ်ချက်အား ဖြည့်စွမ်း ပေးနိုင်မည် ဖြစ် သည်။

ယခုလက်ရှိ ပစိဖိတ် ကမ်းရိုးတန်းတွင် တူးဖော် တွေ့ရှိမှုအရ ဓာတ်ငွေ့ ထုတ်ယူနိုင်သည့် ပမာဏမှာ ကုဗမီ တာ ၁ ဒသမ ၁ ထရီလီယံ ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ ရေပိုင်နက် အတွင်းရှိ မီသိန်းဓာတ်ငွေ့ ထုတ်ယူနိုင်သည့် ပမာဏမှာ ၇ ထရီလီယံ ကုဗမီတာ ရှိပြီး ဂျပန်အစိုးရ အနေဖြင့် ဓာတ်ငွေ့ ထုတ်ယူရေး နည်းပညာကို ထိရောက်စွာ အသုံးချနိုင်မည် ဆိုပါက ယင်းပမာဏသည် နိုင်ငံအတွက် အနည်းဆုံး ၁၁ နှစ်စာ သဘာဝဓာတ်ငွေ့ကို ထုတ်ယူ သုံးစွဲနိုင် မည် ဖြစ်သည်။

ဂျပန်နိုင်ငံသည် မီသိန်းဓာတ်ငွေ့ ထုတ်ယူရန် အတွက် မီသိန်း ဟိုက်ဒရိတ်ခဲအား ဖိအားပေးနည်း စနစ် အသုံးပြု ခဲ့ရပြီး ထိုနည်းပညာသည် ၂ဝဝ၂ ခုနှစ် က စမ်းသပ် အောင်မြင်ခဲ့သည့် ရေပူ အသုံးပြု လှည့်လည် ခြင်းနည်းစနစ်ထက် ပိုမို ကောင်းမွန်ကြောင်း သိရသည်။

သို့သော်လည်း ယခု နည်းပညာ၏ အခြေ အနေမှာ သေးငယ်သော အနေအထားတွင်သာ ရှိသေးပြီး ၎င်းအခြေအနေအား ထိန်းသိမ်းရန် အတွက် ငွေကုန် ကြေးကျများမည် ဖြစ်သော်လည်း ဂျပန်နိုင်ငံ အနေဖြင့် ပြည်ပ နိုင်ငံများသို့ ၂ဝ၁၉ ခုနှစ်တွင် တင်ပို့ရောင်းချ
နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

မြ၀တီ
Rangonnewsdaily
RND:  :18.3.2013

0 comments:

Post a Comment