Pages

Saturday, March 1, 2014

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ရည်ရွယ်ချက်ရှိဟု တောင်ကိုရီး ယားပြော


မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်မှု ပြုလုပ်စဉ် ပြသထားသည့် ဒုံးကျည်များ (ဓာတ်ပုံ – ရိုက်တာ)
RangonNewsDaily: March . 1 .2014
မြောက်ကိုရီးယားက တာတိုပစ် မစ်ဇိုင်းဒုံးကျည် ၄ စင်းကို တောင်ကိုရီး ယားအရှေ့ဘက်က ပင်လယ်ထဲကို စမ်းသပ် ပစ်လွှတ်လိုက်လိုက်တာ တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လှုပ်ရှားမှု ဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဒုံးကျည်စမ်းသပ်ရတဲ့ ရည်ရွယ်ချက်ကို မြောက်ကိုရီးယား ဘက်က အကြောင်းပြချက် မပေးခင်မှာ နောက်ထပ် စမ်းသပ်မှုတွေ ရှိလာနိုင်လို့ တောင်ကိုရီးယားတပ်တွေကို တပ်လှန့်ထားတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောခွင့်ရ ကင်မင်းဆွခ်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၂ မိနစ် အချိန်မှာ တောင်ကိုရီးယားနယ်စပ်မြောက်ပိုင်း တောင်စောင်းတခုကနေ စမ်းသပ် ပစ်လွှတ်လိုက်တာလို့ ပြောပါတယ်။

ဒီလို စမ်းသပ်မှုဟာ ၂၀၀၉ ခုနှစ် နောက်ပိုင်း မြောက်ကိုရီးယားဘက်ရဲ့ ပထမဆုံး ဒုံးခွင်းဒုံး စမ်းသပ်မှု ဖြစ်တယ်လို့ ကာကွယ်ရေးဌာနရဲ့ ပြောခွင့်ရသူက ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အခု စမ်းသပ်မှုဟာ တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုတို့ရဲ့ နှစ်စဉ် ပုံမှန် ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်အပြီး ရက်ပိုင်းအတွင်းမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

နျူးကလီးယားလက်နက်နဲ့ စစ်ဆင်ရေးတွေကို ပြုလုပ်နိုင်တဲ့ ယူအက်ဘီ ၅၂ ဗုံးကြဲ လေယာဉ်ကို တောင်ကိုရီးယားလေပိုင်နက်မှာ ပျံသန်းခဲ့တာကို မြောက်ကိုရီးယားက ဒေါသထွက်နေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနကတော့ မြောက်ကိုရီးယားက စမ်းသပ်လိုက်တဲ့ ဒုံးခွင်းဒုံးဟာ ၁၂၅ မိုင် အဝေးကို ရောက်ပါတယ်။ ဒီအကွာအဝေးအရ ဆိုရင် တောင်ကိုရီးယားကို လှမ်းပစ်နိုင်ပေမယ့် ဂျပန်နိုင်ငံအထိ မရောက်နိုင်တဲ့ ဒုံးကျည်တွေ ဖြစ်ပါတယ်။

DVB , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment