Pages

Friday, February 28, 2014

Miss Farmer Contest 2014 ကျင်းပမည်

ယခင်နှစ် ပထမအကြိမ် Miss Farmer Contest
RangonNewsDaily: February . 28 .2014
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် မှ ကြီးမှူး၍ မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများ အသင်း၏ အသင်းနှစ်ပတ်လည် အထွေထွေ အစည်းအဝေး နှင့် မြန်မာ့ လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာ ပြပွဲ ၂၀၁၄ Myanmar AGRO-TECH EXOP 2014 ကို လာမည့် မတ် ၅ ရက်မှ ၈ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် ၊ မင်းဓမ္မလမ်း ရှိ MCC ခန်းမ၌ ကျင်းပမည် ဖြစ်ရာ ယင်းပြပွဲ နှင့်အတူ ဒုတိယ အကြိမ် လယ်တောသူ အလှမယ် ပြိုင်ပွဲ (၂၀၁၄) Miss Farmer Contest 2014 ကိုပါ ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
လယ်တောသူ အလှမယ် ပြိုင်ပွဲအတွက် လူတွေ့ စစ်ဆေးခြင်း ၊ အကြို ပြိုင်ပွဲဝင် စစ်ဆေးခြင်း များ ဆောင်ရွက်ပြီး နောက် ပဏာမ ရွေးချယ် ပြိုင်ပွဲကို လာမည့် မတ်လ ၅ ရက်နှင့် Miss Farmer Contest ပြိုင်ပွဲ Final ကို မတ် ၈ ရက်တွင် လည်းကောင်း MCC ခန်းမ၌ ကျင်းပမည် ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ပထမဆု ရရှိသူအား ငွေကျပ် သိန်း ၅၀ ၊ Gold Crown နှင့် ပြည်ပ လေ့လာရေး ခရီးစဉ် ၊ ဒုတိယ ဆုရရှိသူအား ငွေကျပ် သိန်း ၃၀ နှင့် ပြည်ပ လေ့လာရေး ခရီးစဉ် ၊ တတိယဆု ရရှိသူ အား ငွေကျပ် သိန်း ၂၀ နှင့် ပြည်ပ လေ့လာရေး ခရီးစဉ် တို့ကို ပေးအပ်မည် ဖြစ်ပြီး အခြားဆုများလည်း ပါဝင်မည် ဖြစ်၍ Miss Farmer Contest 2014 မည်သူ ရရှိသည်ကို စောင့်ကြည့် ကြရမည် ဖြစ်ကြောင်း သိရှိရသည်။ ( ခင်ခက်ခက်ခိုင် )

Themyawadydaily , kolatt(PBDN)
RangonNewsDaily



0 comments:

Post a Comment