Pages

Friday, February 28, 2014

ဖုန်းအသစ် တစ်မျိုးကို မိတ်ဆက်လိုက်သည့် ဘလက်ဘယ်ရီ


RangonNewsDaily: February . 28 .2014
Black Berry ဟာ သူတို့ရဲ့နှစ်ကာလ ကြာရှည်အရောင်း ကျဆင်းမှုကို ဖုန်းအသစ်တွေနဲ့ ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးစားနေပြီး စီးပွားရေးဆိုင်ရာဖောက်သည်သစ်တွေကို ပြန်လည်အာရုံစိုက်ကာ ပြိုက်ဘက်ဖုန်းတွေပေါ်မှာ အသုံးပြုနိုင်တဲ့ အက်ပလီကေးရှင်းတွေနဲ့ ၀န်ဆောင်မှုတွေကိုပါ အလေးထား ဆောင်ရွက်လာပါတယ်။ ဒီလို ဆောင်ရွက်နေတုန်းမှာပဲ Black Berry ရဲ့ Q20 ဖုန်းသတင်းဟာ ထွက်ပေါ်လာခဲ့ပါတယ်။ အခု Black Berry ဟာ ဒီဖုန်းကို မိတ်ဆက်ပြသလိုကတယ်လို့ သိရပါတယ်။ 
BlackBerry ဟာ စမတ်ဖုန်းအသစ်တစ်မျိုးကို အင်္ဂါနေ့က မိတ်ဆက်ပြသလိုက်တယ်လို့ သိရပါတယ်။ Q20 လို့အမည်ရတဲ့ အဲဒီဖုန်းမှာ Physical keyboard၊ ခေတ်ဟောင်းပုံစံ trackpadနဲ့ menu, send, back, end ခလုတ်များပါဝင်သလို အိုင်ဖုန်းလို 3.5 လက်မ ထိတွ့မျက်နှာပြင်လည်းပါဝင်တယ်လို့ သိရပါတယ်။

Q20ဟာ ထိတွေ့မျက်နှာပြင်ဖုန်းတွေကို ပြောင်းပြီးအသုံးမပြုချင်တဲ့ BlackBerry အမာခံပရိသတ်တွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ သိရပါတယ်။ ဒီဖုန်းကို ၂၀၁၄ ခုနှစ် ဒုတိယနှစ်ဝက်မှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းအသေးစိတ် အချက်အလက်ကိုတော့ မထုတ်ပြန်ရသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဘလက်ဘယ်ရီဟာ အသုံးဝင်တဲ့အခြားဆော့ဝဲလ်ထုတ်ကုန်တွေကိုလည်း အင်္ဂါနေ့မှာ ပြသခဲ့တဲ့အပြင် ဈေးနှုန်းချိုသာတဲ့ Z3 အမည်ရတဲ့ ထိတွေ့မျက်နှာပြင်သုံး စမတ်ဖုန်းတွေကို ပြသခဲ့ပြီး အဲ့ဒီဖုန်းတွေကို အင်ဒိုနီးရှားဈေးကွက်အတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။


 Z3 နဲ့ Q20 ဖုန်းတွေဟာ BlackBerry နဲ့ အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီ Foxcoon စတင်လက်တွဲပြီးကတည်းက ထုတ်လုပ်တဲ့ ပထမဆုံးဖုန်းတွေ လည်းဖြစ်ပါတယ်။ Foxcoon နဲ့ ငါးနှစ်သာကာလ သဘောတူညီချက်အရ ဖောက်ကွန်းဟာ ဘလက်ဘယ်ရီရဲ့ အချို့ဖုန်းတွေကို ထုတ်လုပ်ပေးရမှာ ဖြစ်ပြီး ဘလက်ဘယ်ရီဟာ ဆော့ဝဲလ်တွေနဲ့ နောက်ဆုံးပေါ် ဖုန်းတွေကို ထုတ်လုပ်ရမှာ ဖြစ်ပါသည်။

Mrtv-4 , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment