Pages

Friday, February 28, 2014

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၇/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား


RangonNewsDaily: February . 28 .2014
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၁၀ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၇/၆-၇)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပြင်စည်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနေ အောင်ဝင်းထွေး(၄၂)နှစ်မောင်းနှင်လာသည့် ၂စ/------ မတ်တူးအဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ မိုင်တိုင်အမှတ်(၃၁၇/၆)နှင့် သတိပေး အချက်ပြမီးတိုင်အားတိုက်မိပြီး လမ်းယာဘက် ဘေးတွင် ကာရံထားသောသံဇကာအား ဖောက်ထွက် ရပ်တန့်သွားခဲ့သည်။

ထိုသို့တိုက်မိသဖြင့် ယာဉ်ပေါ်ပါ မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ တအုံရွာဦးကျောင်း ဆရာတော် ဦးစန္ဒာသီရိ၊ ဝါတော်(၅၁)ဝါ၊ သက်တော်(၇၁)နှစ်တွင် ဦးခေါင်းပွင့်ထွက်၊ ယာလက်ဖျံပွန်းပဲ့ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူခဲ့ပြီး၊ 

စဥ့်ကိုင်မြို့နယ်၊ မိကျောင်း တက်ရွာကျောင်း ဆရာတော် ဦးဝိသာလ၊ ဝါတော်(၂၈)ဝါ သက်တော်(၄၉)နှစ်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ နောက်ကျောနာကျင်၊ ဝဲဒူးခေါင်းပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်မှာ ဝဲ/ယာရှေ့မီးသီးကွဲ၊ ဦးခေါင်းပိုင်း ပိန်ချိုင့်ကြေမွ၊ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဘန်ဘာပိန်ချိုင့်ပျက်စီး၊ တန်ဘိုးငွေကျပ်(၁၀)သိန်းခန့် ပျက်စီးဆုံးရှုံး ခဲ့သောကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ အောင်ဝင်းထွေးအား ပြင်စည် အမြန်လမ်းရဲစခန်း ယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment