Pages

Friday, February 28, 2014

ချန်ဒူး-ကူမင်း-ရန်ကုန်ခရီးစဉ်များ မတ် ၃ဝ ရက်မှစတင်ကာ နေ့စဉ်ပျံသန်းမည်

RangonNewsDaily: February . 28 .2014
Air China လေကြောင်းလိုင်း မှ ချန်ဒူး-ကူမင်း-ရန်ကုန်ခရီးစဉ်ကိုမတ် ၃ဝရက်မှစတင်ကာ နေ့စဉ်ပျံ သန်းသွားမည်ဖြစ်ကြောင်း သိရ
သည်။အဆိုပါ လေကြောင်းခရီးစဉ် များကိုAirbus A-319 လေယာဉ်များဖြင့် ချန်ဒူးမှရန်ကုန်သို့ နေ့စဉ် ပျံသန်းသွားမည်ဖြစ်ကြောင်း
သိရ သည်။Air China လေကြောင်းလိုင်း ၏ Co-mopolitan Travel Service Co., Ltdဦးကျော်ဝင်းက ''ချန်ဒူးဒေသဟာကုန်းတွင်း
ပိတ်ဒေသတစ်ခုဖြစ် ပေမယ့် စီချွမ်ပြည်နယ်ထဲမှာပါဝင် ပြီး တရုတ်နိုင်ငံရဲ့ သမိုင်းဝင်ဒေသ တစ်ခုဖြစ်တဲ့အတွက် ကမ္ဘာလှည့်ခရီး သည်တွေ စိတ်ဝင်စားတဲ့ဒေသတစ်ခု ပါ။
အဲဒီကနေပြီး မြန်မာပြည်ကိုလာ လည်မယ့် တရုတ်ခရီးသည်တွေရော ကမ္ဘာလှည့်ခရီးသည်တွေပါ အလွယ် တကူနဲ့ အသက်သာ
ဆုံးသွားလာနိုင် ဖို့အတွက် အခုလို တိုးချဲ့ပျံသန်းပေး တာပါ''ဟု ဆိုသည်။

ယင်းလေယာဉ်တွင် အထူးတန်း အတွက် ထိုင်ခုံရှစ်ခုံနှင့် ရိုးရိုးတန်း အတွက် ထိုင်ခုံ ၁၂ဝပါဝင်မည်ဖြစ်ပြီး လေယာဉ်လက်မှတ်များ

ကို ပြည် တွင်းရှိယင်းလေကြောင်းလိုင်း၏ကိုယ်စားလှယ် လေယာဉ်လက်မှတ်အရောင်းခန်းမများတွင်ဝယ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။

ဦးကျော်ဝင်းက ''လေကြောင်းလိုင်းအနေနဲ့အရင်ကပျံသန်းနေတဲ့ ပေကျင်းခရီးစဉ်ကိုလဲရပ်နားသွား မှာ မဟုတ်ပါဘူး။ တိုက်ရိုက်ခ
ရီး
စဉ် အနေနဲ့ ပျံသန်းသွားမှာပါ။ အရင်က ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ ၅၄ဝလောက်ကုန်ကျပေမယ့် အခုတော့ တိုက်ရိုက်ဖြစ်
သွားတဲ့အတွက် ပိုပြီး သက်သာသွားမှာပါ''ဟု ဆိုသည်။

အဆိုပါ လေကြောင်းလိုင်းသည် ယခင်က ပေကျင်း-ကူမင်း-ရန်ကုန် လေကြောင်းအနေဖြင့် ပျံသန်းခဲ့ရာမှ ပေကျင်း-ရန်ကုန် လေ

ကြောင်းခရီး စဉ်ကို တိုက်ရိုက်ခရီးစဉ်အနေဖြင့် တစ်ပတ်လျှင်လေးရက်နှုန်း တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့ များတွင် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Media , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment