Pages

Wednesday, February 26, 2014

ဘိုင်ယန်ပြီးလျှင် ရီးယဲမက်ဒရစ်သည် ဒုတိယ ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်ဟု ရှော့ကေး နည်းပြ ဆို


RangonNewsDaily: February . 26 .2014
ကမ္ဘာပေါ်တွင် ဘိုင်ယန်မြူးနစ်ပြီးလျှင် ဒုတိယ အကောင်းဆုံး အသင်းဖြစ်သည့် ရီးယဲမက်ဒရစ်နှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်တွင် မိမိအသင်း အနေဖြင့် အံ့အားသင့်ဖွယ် အချို့ ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ရှော့ကေး နည်းပြ ဂျန်စ်ကယ်လာက ပြောကြားခဲ့သည်။
ကယ်လာ၏ အသင်းသည် ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့ အနေဖြင့် ရီးယဲမက်ဒရစ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး မိမိတို့ အနေဖြင့် ဂျာမနီမြေပေါ်တွင် စပိန်ထိပ်သီး ကလပ်၏ ရလဒ်မကောင်းသည့် အခွင့်အရေးကို အသုံးချနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကယ်လာက ဆိုသည်။

“လက်ရှိမှာ ဘိုင်ယန်မြူးနစ်ပြီးရင် ရီးယဲမက်ဒရစ်က ကမ္ဘာ့ဒုတိယ အကောင်းဆုံး အသင်းပါ။ သူတို့ဆီမှာ နေရာတိုင်းအတွက် ထူးချွန်တဲ့ ကစားသမားတွေ ရှိပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ဟာ ကျွန်တော်တို့အတွက် လွယ်ကူမယ့် ပွဲစဉ် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က အိမ်ရှင်အသင်းပါ။

ဒါကြောင့် ရီးယဲမက်ဒရစ်ကို ရှိန်နေစရာ မလိုဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကစားရပါမယ်။ ဒီပွဲမှာ အနိုင်ရဖို့အတွက် ကစားသမားတိုင်း ရာနှုန်းပြည့် စွမ်းဆောင်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် အံ့အားသင့်ဖွယ် ရလဒ်ကို ကျွန်တော်တို့ ပိုင်ဆိုင်နိုင်ပါလိမ့်မယ်” ဟု ကယ်လာက ပြောကြားသွားခဲ့သည်။

Soccer Myanmar , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment