Pages

Wednesday, February 26, 2014

ပရိသတ်ပေးသည့်ဝတ္ထုကို ဗီဒီယိုရိုက်ကူးမည့် အကယ်ဒမီနေတိုးနှင့် တွေ့ဆုံခြင်း


RangonNewsDaily: February . 26 .2014
အနုပညာရှင်များဟာ သူတို့ရဲ့အနုပညာသက်တမ်း ရှိလာတာနဲ့အမျှ အနုပညာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမှတ်တရများကို ပြုလုပ်လာကြပါတယ်။ အဲဒီအထဲကမှ အနုပညာသက်တမ်း (၁၄)နှစ် ကာလ ရောက်ရှိ ပြီဖြစ်တဲ့ နေတိုးက
သူ့ရဲ့အနုပညာဖန်တီးမှုပုံရိပ်များကို ၂ဝ၁၄ ခုနှစ်မှာ ပရိသတ် များကို အမှတ်တရဖြစ်စေမယ့် အစီအစဉ်ရှိနေတာမို့ သူ့ရဲ့ရှေ့ဆက်အနုပညာများနဲ့ ဖန်တီးမှုများကို မေးမြန်းခဲ့တော့ . . . 

မတ်လ ၁၄ ရက်မှာ ရုံတင်မယ့် “မာယာပရောဂျက်”ဇာတ်ကားမှာ မိန်းကလေးတွေကို ညှို့တတ်တဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖို့ ဘာတွေကြိုတင် ပြင်ဆင်ခဲ့ရသလဲ။ 
ပထမဦးဆုံး ကျွန်တော် နည်းနည်း မျက်လုံးတွေ ပြန်ပြီး လေ့လာဖြစ်တယ်။ စကားပြောတဲ့အသံ အနိမ့် အမြင့်၊ အတက်အကျတွေ ပြန်ကြည့်ဖြစ်တယ်။ ဖက်ရှင်ပိုင်းကအစ ကြိုပြီးတွေးရတာရှိတယ်။ မတူတဲ့ သရုပ်ဆောင်မှုပုံစံ ဖြစ်ရအောင်လို့ ကြိုးစားရတယ်။ 

ဇာတ်ကားတစ်ကား ရိုက်ကူးတဲ့အခါ ဇာတ်ရုပ်ပိုင်းနဲ့ပတ်သက်ပြီး ပီပြင်ဖို့ ဘယ်လိုကြိုတင်ပြင်ဆင် တာမျိုးရှိလဲ။ 

အဓိက,ကတော့ ဇာတ်လမ်း၊ ဇာတ်ကောင်ကို တိတိကျကျသိနေဖို့ လိုတယ်လို့ ထင်တယ်။ ဇာတ်ကောင် ကို သိနေတယ်၊ ဇာတ်ရှိန်ကို နားလည်နေတယ်ဆိုရင် ဇာတ်ကောင် ပီပြင်ဖို့ ရာခိုင်နှုန်းများများ သေချာတာ ပေါ့။ 

အနုပညာလောကထဲ ၁၄ နှစ်လောက် ဖြတ်သန်းလာခဲ့ပြီဆိုတော့ ကိုနေတိုးအနေနဲ့ ၂ဝ၁၄ မှာ ဘယ်လိုဖန်တီးမှုတွေ ပြောင်းလဲ လုပ်ဆောင်သွားမယ်လို့ စိတ်ကူးမိတာမျိုး ရှိလဲ။ 


ဇာတ်ကားတွေ အများကြီး ရိုက်ဖြစ်ခဲ့တယ်။ ဇာတ်ရုပ်မျိုးစုံပေါ့။ အမြဲတမ်း ရိုက်ကူးရေးပိုင်းတွေရော၊ ဇာတ် လမ်းပိုင်းတွေရော တင်ပြတဲ့ဇာတ်လမ်း ပုံစံတွေက အရင်အငွေ့အသက်တွေ ပါနေတုန်းပဲ။ ဒါပေမဲ့ ၂ဝ၁၄ မှာတော့ အများကြီး ပြောင်းလဲထားပါတယ်။ ရိုက်ကူးတဲ့ပုံစံတွေ၊ ဇာတ်လမ်း အမျိုးအစားတွေကိုက အစ ပြောင်းလဲတဲ့အခါ ပြင်ဆင်မှုပိုင်းထက် နိုင်ငံခြား ရုပ်ရှင်တွေနဲ့ နှိုင်းယှဉ်ကြည့်လို့ရမယ့် ဇာတ်လမ်း တင်ပြပုံ တွေ၊ အရည်အသွေးပိုင်းမျိုးကို ဦးစားပေးပြီး ပိုလုပ်ဖြစ်မှာပါ။ 

ပရိသတ်တွေ ရေးသားတဲ့ဝတ္ထုကို ရိုက်ကူးဖို့ လုပ်ဖြစ်တဲ့ အစီအစဉ် ပြောပြပေးပါ။ 

၂ဝ၁၄ ထဲမှာ ဒါ ကျွန်တော့်ရဲ့ အစီအစဉ်တစ်ခုပေါ့။ မေလ ပထမပတ်လောက်အထိကို ကျွန်တော်နောက် ဆုံး ထားပေးတယ်။ အခုအချိန်ထိ ရောက်လာတဲ့ဝတ္ထုတွေစုပြီး အဲဒီထဲကမှ ရွေးမယ်။ ဇာတ်ကား ငါးကား ကို ၂ဝ၁၄ ထဲမှာ ရိုက်ပေးမယ်ပေါ့။ နံနက်ခင်း ဂျာနယ်တိုက်ကို ကျွန်တော်နဲ့ လိုက်ဖက်မယ့် ဝတ္ထု ဇာတ် လမ်းသစ်ကို တစ်ယောက်လျှင် သုံးအုပ်ပေးနိုင်ပါတယ်။ အဲဒီထဲက ငါးအုပ်ကိုတော့ ဗီဒီယို ရိုက်မယ်၊ ဉဏ် ပူဇော်ခလည်း ချီးမြှင့်ပေးသွားမှာပါ။ 

ဘာကြောင့် ဒီလိုအစီအစဉ်လုပ်ဖို့ စိတ်ကူးမိ သွားတာလဲ။ 

ကျွန်တော် ပရိသတ်နဲ့ ပိုပြီးရင်းနှီးမှု ရချင်တယ်။ အရှင်းဆုံးပြောရရင် ကိုယ်တွေကလည်း ပရိသတ် တစ် ယောက် ဖြစ်ခဲ့ရင် ကိုယ်ရွေးပေးတဲ့ ဇာတ်လမ်းလေးကို ကိုယ်တွေချစ်တဲ့ အနုပညာရှင်က ရိုက်ပေးရင် သူ့ ဘဝမှာ ဒါဟာ အမှတ်တရတစ်ခုပါ။ နောက်ပြီးတော့ သူ့အတွက်ရော၊ ကျွန်တော့် ဘဝအတွက်ရော အမှတ်တရတစ်ခုက ထုထည်ကြီးမားတဲ့ အမှတ်တရ တစ်ခုအဖြစ် ရှိသွားမယ်။ အကောင်အထည်ဖော် လို့ရမယ့် ကားလေးထွက်လာတဲ့အခါ ငါရေးပေးလိုက်တဲ့ ဇာတ်လမ်းလေးကို ရိုက်တယ်ဆိုတဲ့ ပီတိတစ်ခု ရတာ ပေါ့။ ပရိသတ်က ကျွန်တော့်ရဲ့ အလုပ်ပေါ်မှာ ဘယ်လောက်အထိ စိတ်ဝင်စားမှု ရှိတယ်။ ဘယ် လောက်အထိ အားပေးတယ်၊ ကျွန်တော်လည်း ဘယ်လောက်အထိ ကြိုးစားအားထုတ်တယ်ဆိုတာ ပေါ် လွင်သွားတာပေါ့။ 

အခုလက်ရှိမှာ ဝတ္ထုဘယ်နှအုပ် ရရှိနေပြီလဲ။ 

အုပ် ၂ဝ ကျော်လောက်တော့ ရှိပါပြီ။ ဒီနှစ်ထဲမှာပဲ ရိုက်မယ်။ ဧပြီ၊ မေလ ပထမပတ်လောက် ပြင်ဆင်မှု အပိုင်းကို စလုပ်မယ်။ သုံး၊ လေးလလောက်တော့ ကြိုတင် ပြင်ဆင်ရဦးမှာပါ။

Mizzima - News  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment