Pages

Wednesday, February 26, 2014

iP1 စမတ် ပစ္စတို


RangonNewsDaily: February . 26 .2014
စမတ်ဖုန်း၊ စမတ်နာရီ၊ စမတ်ဒီဟာ၊ စမတ်ဟိုဟာ နဲ့ စမတ်ပစ္စည်းတွေ တစ်ခုပြီး တစ်ခု ပေါ်ထွက်နေချိန်မှာ ယခုအခါ iP1 စမတ် ပစ္စတို တစ်လက် ဂျာမနီနိုင်ငံမှ ထွက်ပေါ်လာဖို့ တာစူနေပါပြီ။ iP1 စမတ် ပစ္စတိုဟာ တာတိုပစ် သေနတ်အမျိုးအစားဖြစ်ပြီး ကျည် ၁၀ တောင့် ၀င်ဆန့်တဲ့ ကျည်ကပ် ပါဝင်ပါတယ်။
ယင်းပစ္စတိုဟာ သူ့ချည်းသက်သက်သာဆို အလုပ်မလုပ်ပါဘူး။ သူနဲ့ အတူ တွက်ဖက်သုံးရတဲ့ iW1 စမတ်နာရီ ပါမှသာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒီစမတ်နာရီကသာ ပစ္စတိုရဲ့ လုပ်ငန်းဆောင်တာအားလုံးကို ထိန်းချုပ်ပေးနိုင်မှာ ဖြစ်ပါသတဲ။

ဒီစမတ်နာရီဟာ ပစ္စတိုကိုင်သူရဲ့ အနီးအနားမှာ ရှိမှသာ ကျည်ထွက်မှာဖြစ်သလို၊ ပစ္စတိုတွင်း အီလက်ထရောနစ် လုံခြုံရေး စက်ကိရိယာများဖြစ်တဲ့ အဖွင့်၊ အပိတ်၊ လျှို့ဝှက်ကုဒ် စတာတွေကို ဒီနာရီကပဲ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

သူ့ရဲ့လျှို့ဝှက်ကုဒ်စနစ်က ပစ္စတို ကိုင်ဆောင်သူနဲ့ နာရီတို့ နီးနီးကပ်ကပ်ရှိမနေတော့ဘူးဆိုရင် ပစ္စတိုဟာ အလိုအလျောက် ပိတ်သွားမှာဖြစ်လို့ အခြားတစ်ပါးသူများ ခိုးဝှက်၊ လုယက်ယူငင်သွားခဲ့ရင်တောင်မှ ဒီစမတ် ပစ္စတိုကို အသုံးပြုလို့ ရနိုင်မှာမဟုတ်ဘူးလို့ ပစ္စတိုထုတ်လုပ်သူ Armatix ကုမ္ပဏီက ဆိုပါတယ်။

(မှတ်ချက်။ ။ MCG က မည်သည့်ရည်ရွယ်ချက်နှင့်မျှ ဤစမတ်ပစ္စတိုကို ဖော်ပြခြင်းမဟုတ်ဘဲ၊ နည်းပညာ အခြေခံသည့် ကိရိယာကိုသာ ပရိသတ် သိရှိစေရန်အလို့ငှာ ဖော်ပြခြင်းဖြစ်ပါသည်။)

TZ (MCG)
Myanmar Consumer Guide , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment