Pages

Wednesday, February 26, 2014

ဇုန်ထုတ်ကား အပ်ခွင့်ပေးမည် ဆိုသဖြင့်မန္တလေးကားဈေးကွက်တွင်ဇုန်ကားများ ဈေးမြင့်လာ

RangonNewsDaily: February . 26 .2014
စက်မှုဇုန်ထုတ်ကားများကို အပ်နှံခွင့်ပြုမည်ဆိုသောသတင်း ကြောင့် မန္တလေးကားဝယ်ရောင်း ဈေးကွက်အတွင်း စက်မှုဇုန်ထုတ် ကားများဈေးမြင့်တက်လာကြောင်း ကားဝယ်ရောင်းများထံမှ သိရ သည်။
ပြည်တွင်းစက်မှုဇုန်ထုတ်ကား များသည် နံပါတ်မြင့်ကားများဖြစ် သည့်အတွက် လက်ရှိဆောင်ရွက် နေသော ယာဉ်အို ယာဉ်ဟောင်းအပ် နှံမှုတွင် ထည့်သွင်းဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာမြတ်Óဏစိုးက မေးမြန်းခဲ့ရာ ရထားပို့ဆောင်ရေး ဒုဝန်ကြီးဦးချန် မောင်က ''ယခင်အစိုးရလက်ထက် လုပ်ဆောင်ခဲ့သည့် မော်တော်ယာဉ် များမှာ အရည်အသွေးပြည့်မီမှု မရှိ၍ ယင်းမော်တော်ယာဉ်များ အား ယာဉ်အို၊ယာဉ်ဟောင်းအဖြစ် အပ်နှံမှုများကို လက်ခံဆောင်ရွက် ပေးရန်ရှိသည်။
အန္တရာယ်ကင်းရှင်း စွာမောင်းနှင်သွားလာနိုင်ခြင်းမရှိ သော မော်တော်ယာဉ်များအား ထုတ်လုပ်သည်မှ အချိန်ကာလ တစ်ခုသတ်မှတ်၍ ပိုင်ရှင်ဆန္ဒအရ ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု တွင် ထည့်သွင်းဆောင်ရွက်ပေး နိုင်ရန်အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင် ရွက်လျက်ရှိပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ စက်မှုဇုန်ထုတ် ကားများကို လိုက်လံဝယ်ယူသူ များလာသဖြင့် မန္တလေးကား ဈေးကွက်အတွင်း ငါးသိန်းမှ ရှစ် သိန်းအထိ ဈေးမြင့်တက်သွားခဲ့ ကြောင်းကားဝယ်ရောင်း ကိုဥာဏ် သစ်မိုးကပြောသည်။
''ဂျာနယ်တွေကလဲရေးတယ်၊ လွှတ်တော်မှာလဲ ဆွေးနွေးတယ် ဆိုတဲ့ အသံတွေကြောင့် ကားဝိုင်း ထဲမှာ လှုပ်လှုပ်ခတ်ခတ်တွေဖြစ် ကုန်တယ်။ အရင်ကျပ်သိန်း ၃ဝ လောက်ရှိတဲ့ ဂျစ်က ၃၈၊ ၃၉ လောက်အထိဖြစ်သွားတယ်''ဟု ၄င်းကပြောသည်။

ယခင်က ထိုကဲ့သို့သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ဂျစ်ကား တချို့ ဝယ်ယူထားသူများက ယခု ထပ်မံထွက်ပေါ်လာသည့်သတင်း အပေါ် ၄င်းတို့၏ကားများကို ပြန် လည်ထုတ်ရောင်းကြသဖြင့် ဈေး ကွက်အတွင်းလှုပ် လှုပ်ခတ်ခတ် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ပြင် မိုဒယ်အလိုက်ကားများနှင့် လက်ရှိ အပ်နှံခွင့်ပြုထားသည့် ယာဉ်အို၊ ယာဉ်ဟောင်းအက္ခရာများ၏ ကား ဈေးမှာလည်း ကျဆင်းခဲ့ကြောင်း၊

ထိုသို့ဈေးကွက် လှုပ်ခတ်ရခြင်းမှာ မူဝါဒတိတိကျကျ မထွက်ပေါ်လာ သောကြောင့်ဖြစ် ပေါ်နေရခြင်းဖြစ် ကြောင်း ကားဝယ်ရောင်းဦးဝင်းမြင့် ဦးကပြောသည်။

''နှစ်ကုန်တုန်းကပြောတဲ့ မို ဒယ်အလိုက် ကားတွေအပ်နှံခွင့်ပေး မယ်ဆိုပြီးထုတ်ပြန်တယ်။ အပ်နှံ ခွင့်ပြုမယ့်အချိန်ကာလ မပါဘူး။ အခုစက်မှုဇုန်ထုတ်ကားတွေလာ ပြန်ပြီ။ ဒါတွေကြောင့် ကားဈေး အတက်အကျတွေက အရမ်းမြန် နေတယ်''ဟု ၄င်းက သုံးသပ် သည်။

ထို့ပြင် ယခင်ကအပ်နှံခွင့်ပြု သည့်အက္ခရာ ၇၅ ရာခိုင်နှုန်းအပ် နှံပြီးစီးပါက နောက်စီးရီးတစ်ခုကို ကြေညာလေ့ရှိပြီး ယခုအခါ'အ' အက္ခရာ ၇ဝ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်သော်လည်း မည့်သည့်မူဝါဒမှ ထွက်ပေါ်လာခြင်းမရှိသည့်အတွက် စလစ်ဈေးနှုန်းမှာလည်း ပုံမှန်ထက် ဈေးအတက်အကျ ဖြစ်နေကြောင်း၊ 


ယခင်က နောက်စီးရီးတစ်ခုမခေါ် သေးသည့်အတွက်ပုံမှန်ကျပ်သိန်း ၈ဝ ပတ်လည်တွင်ရှိရမည့် ကား ဈေးနှုန်းမှာ ကျပ်သိန်း ၁ဝဝပတ် လည်အထိမြင့်တက်နေပြီး ဇုန်ထုတ် ကားများအပ်နှံခွင့်ပြုမည်ဆိုသည့် သတင်းကြောင့် ကျပ် ၉၅သိန်း အထိ ကျဆင်းသွားခဲ့ကြောင်းသိရ သည်။

The Union Daily , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment