Pages

Wednesday, February 26, 2014

WhatsAppဟာ ကန်ဒေါ်လာ သန်းပေါင်း (၁၉) ထောင် တန်ရခြင်း အကြောင်းရင်း


RangonNewsDaily: February . 26 .2014
WhatsApp ဆိုတာ ဘာကောင်ကြီးလဲ။ WhatsApp ဆိုတာ လူမှုကွန်ရက် တစ်ခုလိုမျိုး လုပ်ဆောင်တဲ့ မိုဘိုင်း မက်ဆေ့ဂ်ျ ၀န်ဆောင်မှုတစ်ရပ်ပါ။ WhatsApp အသုံးပြုသူတွေဟာ မက်ဆေ့ဂ်ျတွေကို တစ်ယောက်ချင်း ဒါမှမဟုတ် လက်ခံသူအများကြီးဆီကို တစ်ချိန်တည်းမှာ ပေးပို့နိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ တည်နေရာတွေကိုပါ share လိုက်လို့ရပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကိုပါ ပေးပို့ဝေငှ တာတွေတောင် ပါပါသေးတယ်။
ဒီလိုနဲ့ပဲ Facebookဟာ သူရှာနေတဲ့ coustomerတွေ WhatsApp မှာရှိတာကို သိလိုက်ရပါတယ်။ အဖက်ဖက်ကကြည့်ရင်ပေါ့။ WhatsApp အသုံးပြုသူတွေက တက်ကြွတယ်။ တစ်နေ့ကို ဓာတ်ပုံ သန်း၆၀၀ ကျော်ပေးပို့နေကြတဲ့အတွက် Facebook အသုံးပြုသူတွေ တင်နေကြတဲ့ ပုံထက်တောင် များနေတယ်။ WhatsApp ကိုနေ့စဉ်မပြတ် အသုံးပြုသူ ၇၀ ရာခိုင်နှုန်းရှိပြီး ယှဉ်ကြည့်မယ်ဆိုရင် Facebook မှာတော့ ၆၂ရာခိုင်နှုန်းပဲ။

ကမ္ဘာအနှံ့က WhatsApp အသုံးပြုသူတွေဟာ တစ်နေ့တစ်နေ့ကို အသံမက်ဆေ့ဂ်ျ သန်း၂၀၀ နဲ့ ဗီဒီယိုမက်ဆေ့ဂ်ျ သန်း ၁၀၀ အပါအ၀င် မက်ဆေ့ဂ်ျပေါင်း သန်းပေါင်း (၁၉) ထောင် ပေးပို့နေကြပါတယ်။

“WhatsApp ကို ကန်ဒေါ်လာ သန်း (၁၉) ထောင်ပေးပြီး Facebook ၀ယ်ခဲ့”

WhatsApp ဟာ နိုင်ငံတကာမှာ ခိုင်မာမှုရှိတယ်။ အထူးသဖြင့် ဥရောပ၊ အိန္ဒိယ နဲ့ လက်တင် အမေရိက တို့မှာပေါ့။ အဲ့ဒီ့နေရာတွေဟာ Facebook အသုံးပြုသူ တိုးတက်အောင် ကြိုးစားနေရတဲ့ နေရတွေပေါ့။ ဆယ်ကျော်သက်တွေ၊ ၉နှစ်ကနေ ၁၄နှစ်ကြား ကောင်မလေးတွေ၊ အုပ်စုတစ်စုနဲ့တစ်စုကြား WhatsApp ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြတဲ့အတွက် စာတိုမက်ဆေ့ဂ်ျ အပါအ၀င် Facebook ရဲ့ ၀န်ဆောင်မှုတွေကို ချောင်ထိုးထားလိုက်ကြတယ်။

“တစ်ယောက်ချင်း (one-on-one) ဆက်သွယ် ဝေငှခြင်း ကင်းမဲ့မှုအတွက် Facebook အသုံးပြုသူတွေဟာ မကျေမနပ်ပြောကြတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ WhatsApp က လုံးဝ ပြည့်စုံပြီးသား။’ လို့ Frost & Sullivan က သုတေသန ဒါရိုက်တာ Vidya Nathကပြောကြားခဲ့ပါတယ်။

WhatsAppကနေ ဘယ်လို ပိုက်ဆံရှာလဲ။

WhatsApp အသုံးပြုသူနှုန်းက ၀ုန်းခနဲ ဒိုင်းခနဲ တိုးနေတာ။ တစ်နေ့တည်းနဲ့ အသုံးပြုသူအသစ် ၁သန်း ဖြစ်ချင်လဲ ဖြစ်သွားရော။ ဒီနှုန်းနဲ့သာ ဆက်သွားရင် နောက်နှစ်လောက်ဆို အသုံးပြုသူ သန်း (၁)ထောင်ဖြစ်ပြီ။ နှစ်စဉ်ကြေး (၁)ဒေါ်လာစီ ကောက်ရင် အသုံးပြုသူသန်း (၁)ထောင်ဟာ Facebookရဲ့ အခွန်ငွေတွေ သိသိသာသာဖြစ်ပြီ။

Ref:money.cnn.com
Trend Myanmar , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment