RangonNewsDaily: February . 26 .2014
၂၅.၂.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် စမ်းချောင်းမြို့နယ်၊ ပြည်လမ်း အတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော DD---Pro box succeed အမျိုးအစားအဖြူရောင် အငှားယာဉ်သည် မဟာမြိုင်မှတ်တိုင်အနီး မကြီးကြီးလမ်းထိပ်အရောက်တွင်၎င်း၏ေ ရှ့မှ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်သွားနေသည့် BB----ToyotaCorolla အဖြူရောင်အငှားယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိခဲ့ရာ BB----ယာဉ်မှာ အတိုက်ခံရသည့်အရှိန်ဖြင့် မှတ်တိုင်တွင်ထိုင်နေသည့် အမျိုးသား(၂)ဦး(စုံစမ်းဆဲ)တို့ အား ၀င်ရောက်တိုက်မိခဲ့သဖြင့် အမျိုးသား(၂)ဦးနှင့် ၎င်း BB---ယာဉ်မောင်းတို့(၃)ဦးမှာ အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့ကြပါသည်။
ယင်းသို့ယာဉ်တိုက်မှုဖြစ်ပွားပြီး DD---ယာဉ်မောင်းမှာအခင်းဖြစ်နေရာ၌ ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် (၃)ဦးသေဆုံးခဲ့သည့်အပြင် DD---- ယာဉ်
ပေါ်ပါ ဒဂုံမြောက်မြို့နယ်နေသူများဖြစ် ကြသော ကိုထက်သူဝင်းတွင် ၀ဲခြေသလုံးဖူးရောင်ဒဏ်ရာရရှိခဲ့ သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်လည်းကောင်း၊ မောင်ကျော်မျိုးနိုင်မှာ
ခေါင်းမူးနေသဖြင့် ရန်ကုန်ဆေးရုံကြီး၌ ကုသမှုခံယူနေရာမှ ၎င်း၏ သဘောအလျောက် ဆေးရုံမှဆင်းသွားခဲ့ပါသည်။
ထိုသို့ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကာ ထွက်ပြေးတိမ်းရှောင်သွားသူ DD---- ယာဉ်မောင်းအား စမ်းချောင်းမြို့မ ရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/ ၃၃၈/၃၀၄-က/၂၀၂
ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိေ ကြာင်း သတင်းရရှိပါသည်။
Yangon Police , kolatt(PBDN)
RangonNewsDaily
၂၅.၂.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် စမ်းချောင်းမြို့နယ်၊ ပြည်လမ်း အတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင
ယင်းသို့ယာဉ်တိုက်မှုဖြစ်ပွားပြီ
အဆိုပါယာဉ်တိုက်မှုကြောင့် (၃)ဦးသေဆုံးခဲ့သည့်အပြင် DD---- ယာဉ်
ပေါ်ပါ ဒဂုံမြောက်မြို့နယ်နေသူများဖြစ်
ခေါင်းမူးနေသဖြင့် ရန်ကုန်ဆေးရုံကြီး၌ ကုသမှုခံယူနေရာမှ ၎င်း၏ သဘောအလျောက် ဆေးရုံမှဆင်းသွားခဲ့ပါသည်။
ထိုသို့ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင
ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိေ
Yangon Police , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment