Pages

Wednesday, February 26, 2014

အိန်္ဒိယ နိုင်ငံ က ခြေထောက် ၅ ချောင်းပါတဲ့ ထူးဆန်းအံ့ဖွယ် နွား


RangonNewsDaily: February . 26 .2014
အိန်္ဒိယ နိုင်ငံ မှာရှိတဲ့ နွားတစ်ကောင် ဟာ ခြေထောက် ငါးချောင်း ပါဝင် ခဲ့ပါ တယ်။ ဒီ နွား ဟာ အ သက် လေးနှစ် အရွယ် ရှိနေ ပြီ ဖြစ် ပါတယ်။ ဒီနွား ရဲ့ပိုင်ရှင် ဖြစ်သူ အသက် (၃၅) နှစ် အရွယ် ရှိ လာ့စ် မန်း ဟာ ထူးခြား တဲ့နွား ကို အိန်္ဒိယ နိုင်ငံ တစ်ဝန်း လှည့် လည် ပြသမှု ပြု လုပ်ခဲ့ တယ် လို့ သိ ရ ပါတယ်။
ဟိန်္ဒို ဘာ သာ ကို ကိုးကွယ်တဲ့ အိနိ္ဒယနိုင်ငံမှာ နွားတွေကို အ မြတ်တနိုး ထား လေ့ ရှိပါတယ်။ သာမန်နွား တွေဟာ ခြေ ထောက် လေးချောင်းသာ ပါရှိခဲ့ ပေမယ့် လာ့စ်မန်းပိုင်ဆိုင်ထားတဲ့နွားကတော့ ခြေထောက် ငါးချောင်းအထိ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အိန်္ဒိယနိုင်ငံသားအများစုဟာ ခြေထောက် ငါးချောင်း ပါတဲ့နွားကို နတ်ဘုရား ဖန် ဆင်း ပေးလိုက်တဲ့နွားအဖြစ် ယုံကြည်ယူဆ ပြီး ကိုးကွယ်မှုတွေပြုလုပ်နေခြင်းဖြစ်ပါတယ်။

ဒီနွားရဲ့ ခြေထောက် တစ် ချောင်း အပိုဟာ ကျောပေါ်မှာ ရှိနေခြင်းဖြစ်ပါတယ်။ ဒီနွားရဲ့ ပိုင်ရှင် ဖြစ်သူ လာ့စ်မန်းက ကျွန်မရဲ့နွားကို နတ်ဘုရားတွေက ဖန်ဆင်း ပေးလိုက် ခြင်းဖြစ် ပါ တယ်။ ခြေထောက် တစ် ချောင်း အပိုပါ ခြင်း ဟာ အရမ်း ကို ထူးခြားမှု ရှိပါ
တယ်။ ကံကောင်းမှုတွေ ယူဆောင် လာ ပေးမယ့် လက်္ခဏာတစ်ခုဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါတယ်။ 

လာ့စ်မန်းဟာ အိန်္ဒိယနိုင်ငံရဲ့ ပြည် နယ် ကြီးခြောက်ခုကို ဖြတ် သန်းပြီး အဓိကမြို့ကြီး(၁၅) မြို့မှာ ထူးခြား တဲ့နွားကို ပြသ မှုပြုလုပ်
ခဲ့ပါတယ်။ မြို့ ကြီး တွေကိုရောက်တဲ့အခါတိုင်း လူပေါင်း များစွာ ဟာ ဒီနွားကို အံ့အား သင့်စွာ ၀ိုင်းဝန်း ကြည့်ရှု လေ့ရှိကြ ပါ တယ်။ ဒီနောက် အိန်္ဒိယ လူမျိုး တွေဟာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတယ် လို့ဆို ပါတယ်။ 

လာ့စ်မန်းက ကျွန်မ အ နေနဲ့ မြို့ပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီး ဖြစ် ပါတယ်။ နေရာတိုင်းမှာ ထူးခြားတဲ့နွားကို အရို အသေ ပေး မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျွန်မ အနေနဲ့ လူသားတွေအားလုံး အကျိုးရှိစေဖို့ ထူးခြားတဲ့ နွားကို မြင်တွေ့ ခွင့်ရ ရေး ပြုလုပ်ပေး နေ
တာဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါ တယ်။

 ခြေထောက် ငါးချောင်း ပါတဲ့ နွားဟာ လက် ရှိ အချိန်မှာ အိန်္ဒိယနိုင်ငံရဲ့ မြို့တော် နယူး ဒေလီကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

The Messenger , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment