Pages

Wednesday, February 26, 2014

၂၀၁၄ ခုနှစ် ဇွန်လလောက်ကစပြီး အယ်လ်နီညိုရာသီဥတုဖြစ်ဖို့ ကလည်း ၄၀% အထက် စတင်ကျော်တော့မည်


RangonNewsDaily: February . 26 .2014
မိုးလေ၀သဌာနရဲ့သတ်မှတ်ချက်အရ ဆောင်ရာသီကာလဟာ ဖေဖေါ်ဝါရီလကုန်ရင် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိကာလဟာ ဆောင်းကြွင်းရက်ကျန် ကာလလေးတွေ ပါဘဲ။ ဆောင်းကနေ နွေကို ကူးတော့မှာဆိုတော့ ရာသီဥတု အခင်းအကျင်းတွေကလည်း စပြောင်းနေပြီပေါ့ဗျာ။
တဆောင်းတွင်းလုံး မင်းမူနေခဲ့တဲ့ prevailing winds အရှေ့မြောက်
လေတွေ ကလည်း အာရှကုန်းမြေပေါ်ကနေ ဟိုး.. အရှေ့ဖက် ပစိဖိတ် သမုဒ္ဒယာ ထဲရောက် သွားလိုက်တာ ကြည့်တာတောင် ပြပြလောက်ဘဲ မြင်ရ ပါတော့တယ်။

နွေ ဆိုတော့ ဘာအပြောင်းအလဲတွေ တွေ့ရမလည်း။ အထင်ရှားဆုံးတွေ့ ရမှာတော့ နေ့အပူချိန်တွေရော ညအပူချိန်တွေရော တဖြည်းဖြည်း မြင့်တက် လာတတ်ခြင်းကို တွေ့ကြရပါ့မယ်။ ဒီတော့ တစ်နေ့ထက်တစ်နေ့ အအေးပေါ့ပြီး အပူရှိန်တွေတက်လာတော့မယ်။ အာရှကုန်းမြေကြိးကလည်း စတင်ပြီး အပူချိန်တွေ တက်လာတော့မယ်။

အဲဒီရဲ့ ပြယုဂ်ကတော့ ကုန်းမြေတွေအပေါ်မှာ Heat Lows တွေ
ပေါ်ပြီ။ လေဖိအားနည်းရပ်ဝန်းတွေက မြောက်ဖက် အာရှကုန်းမြေ၊ လေဖိအား များဒေသ
တွေက တောင်ဖက် အိန္ဒိယသမုဒ္ဒယာ၊ ဒီတော့ လေတိုက်ရာအရပ်တွေဟာ တဖြည်းဖြည်း နဲ့ မြောက်ပြန်လေ မှ တောင်ပြန်လေတွေအဖြစ်ပြောင်းတော့မယ်။


 ရေငွေ့ မပါခြောက်သွေ့ လတွေကနေ ရေငွေ့တွေသယ်ဆောင်လာမယ့် ပူနွေးစွတ်စိုတဲ့လေတွေဖြစ်လာတော့မယ်။
နောက်ပြီး ခြောက်သွေ့ရာသီဖြစ်တာနဲ့အမျှ တောမီးလောင်တာတွေဟာလည်း ဆောင်းရော နွေရောရဲ့ သင်္ကေတတွေဖြစ်နေပါပြီ။

၂၀၁၄ ခုနှစ် ဇွန်လလောက်ကစပြီး အယ်လ်နီညိုရာသီဥတုဖြစ်ဖို့ ကလည်း ၄၀% အထက် စတင်ကျော်တော့မှာမို့ ရာသီဥတုတွေကတော့ အပူရှိန်တွေတိုး၊ မိုးတွေလျော့၊ နဲ့ အင်း..... ဒီတနွေမှာလည်း သောက်သုံးရေ၊ စိုက်ပျိုးရေ ရှားပါးမှုတွေ၊ အပူလှိုင်းတွေ၊ ခရမ်းလွန်ရောင်ခြည်ပြင်းအားတွေ၊ ခံစားရတဲ့အပူရှိန်မြင့်တက်မှုတွေ အားလုံး..အားလုံး.. ကြည့်ရဦးတော့မှာပါလား။
ဟူး.....။

ရာသီတစ်ပတ် ရဟတ်သို့လည်ပြန်ဦးတော့မှာပါလား..။

Weather News Update
26-2-2014
5:59 am


မောင်ထွန်းလွင် (မိုးလေ၀သ) , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment