Pages

Thursday, February 27, 2014

ယူကရိန်းသမ္မတဟောင်းကို ရုံးတင်ရန် ၀ရမ်းထုတ်


RangonNewsDaily: February . 27 .2014
ယူကရိန်း ယာယီအစိုးရရှေ့နေချုပ် အိုလယ်မနက်စကီးက ယူကရိန်းသမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ကို ပြီးခဲ့တဲ့ ယူကရိန်းဆန္ဒပြပွဲတွေအတွင်း လူ ၇၄ ဦး သေဆုံးမှုအတွက် နိုင်ငံတကာက အလိုရှိသူစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။
ယာယီ အစိုးရရှေ့နေချုပ်က ယာနူကိုဗစ်ကို အမြန်ဆုံး ရှာဖွေပြီး ရုံးတင်ဖို့ ၀ရမ်းထုတ်ထားပါတယ်။

ယာနူကိုဗစ် နေထိုင်ခဲ့တဲ့အိမ်တွေကို ရှာဖွေမှုတွေ ပြုလုပ်စဉ် အဂတိလိုက်စားမှု၊ အထောက်အထား စာရွက်စာတမ်းတွေလည်း သိမ်းဆည်းခဲ့ပါတယ်။

သမ္မတရုံး၊ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီနဲ့ အမျိုးသားဘဏ်တွေကိုလည်း စစ်ဆေးရှာဖွေမှာ ဖြစ်ပြီး ဘီလီယံနဲ့ချီတဲ့ နိုင်ငံတော်ပိုင်ဆိုင်မှုတွေ ဆုံးရှုံးမှုတွေအတွက် သမ္မတဟောင်းရဲ့ အကူဝန်ထမ်းတွေနဲ့ ပတ်သက်ဆက်နွှယ်သူတွေရဲ့ နိုင်ငံခြားဘဏ် အကောင့်တွေကိုလည်း ရှာဖွေစစ်ဆေးဖို့ ယူကရိန်း ရဲနဲ့ ထောက်လှမ်းရေးဌာနတွေကို အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။

ယာနူကိုဗစ်လက်ထက်အတွင်း ယူကရိန်းနိုင်ငံမှာ အဂတိလိုက်စားမှု တိုးပွားခဲ့ပြီး အစိုးရအာဏာပိုင်တွလည်း ကြွယ်ဝချမ်းသာခဲ့ပါတယ်။
ဒါကြောင့် သမ္မတဟောင်းရဲ့ အတွင်းစည်းတွေဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ ပြည်ထဲရေးဝန်ကြီးဟောင်း၊ တရားသူကြီးချုပ်ဟောင်းနဲ့ တခြားအဆင့်မြင့်အရာရှိကြီးတွေလည်း စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

ယာယီ အစိုးရရှေ့နေချုပ် အိုလယ်မနက်စကီးဟာ အတိုက်အခံ လွတ်မြောက်ရေးပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး ယာယီသမ္မတ အလက်ဇန်ဒရား တာချီနော့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကမှ ယာယီ အစိုးရရှေ့နချုပ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

Ref/Washington post , DVB , kolatt(PBDN)
RangonNewsDaily

"အမိန့်အရဆိုပေမယ့်ပြည်သူကမွေးတဲ့ သားတွေမို့ပြည်သူနဲ့ တစ်သားတည်း။"

ယူကရိန်း၌ အမိန့်အရ ဆန္ဒပြသူများအားနှိမ်နင်းခဲ့သော ရဲများက ပြည်သူလူထုအားဒူးထောက်၍ ဝန်ချတောင်းပန်ခဲ့ကြသည်။


 ယူကရိန်း၌ အမိန့်အရ ဆန္ဒပြသူများအား
နှိမ်နင်းခဲ့သော ရဲများက ပြည်သူလူထုအား
ဒူးထောက်၍ ဝန်ချတောင်းပန်နေကြစဉ်

ယူကရိန်းသမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ် (ဓာတ်ပုံ – ရိုက်တာ)

0 comments:

Post a Comment