Pages

Thursday, February 27, 2014

ဟလာလ် ( HALAL )


RangonNewsDaily: February . 27 .2014
ဘာသာခြားတွေရဲ့အမြင်မှာ မွတ်စ်လင်မ်တစ်ယောက်ဟာ အယူသီးလွန်းတယ်လို့ထင်နေတတ်ကြပါတယ်။
ဒါပေမဲ့အစ္စလာမ်ဘာသာ
ကို အတန်အသင့်တီးမိခေါက်မိတဲ့ဘာသာခြားတွေကတော့ မွတ်စ်လင်မ်တွေကို နားလည်ကြပါတယ်။ အမှန်တကယ်တော့မွတ်စ်လင်မ်တစ်ယောက်ရဲ့နေ့စဉ်ဘဝက အသက်ရှူနေတဲ့အချိန်ပြည့် အစ္စလာမ်ဘာသာရဲ့သင်ကြားလမ်းညွှ
န်
မှုအောက်မှာနေထိုင် အသက်ရှင်နေရတာပါ။

မွတ်စ်လင်မ်တစ်ယောက်အဖို့ သွားလာ၊နေထိုင်၊စားသောက်၊ရောင်းဝယ်၊ဆက်ဆံ .........စသည်ဖြင့်နေ့စဉ်ဘဝ
မှာ ဟလာလ်
(Halal)ဖြစ်နေဖို့အရေးကြီးလှပါတယ်။ ဟလာလ်(Halal)ရဲ့အဓိပ္ပါယ်က ခွင့်ပြုထားသော(permissible) လို့ဆိုပါတယ်။ 

အစ္စလာမ်ဘာသာဝင်များရဲ့နေ့စဉ်ဘဝမှာ တားမြစ်ထားသော ဟရာမ်(sinful)အရာများမှအပ ကျန်အရာများကိုဟလာလ်(
Halal) 
အဖြစ်သတ်မှတ်ပါသည်။ ဤသတ်မှတ်ချက်ကို ကျမ်းမြတ်ကုရ်အာန်နှင့်တမန်တော်မြတ်(peace be upon him)
၏ သြဝါဒတော်
များအရ သတ်မှတ်လိုက်နာရခြင်းဖြစ်ပါသည်။ဟလာလ်( HALAL) အမှတ်အသားဟာ နိုင်ငံတကာမှာ လူတိုင်းသိတဲ့ International Logoဖြစ်ပါတယ်။

အစားအသောက်နဲ့ပတ်သက်လာရင် မွတ်စ်လင်မ်တွေကို ဇီဇာကြောင်တယ်လို့ ဘာသာခြားအချို့က စွပ်စွဲကြပါတယ်။ အစ္စလာမ်
ဘာသာက သတ်မှတ်ခွင့်ပြုထားတဲ့ အစားအသောက်တွေကိုသာစားသုံးခွင့်ရှိတာပါ။ အများသိတဲ့ အရက်၊ဝက်သား၊အသေသားတွေ
အပြင် သွေး၊အခြားဘာသာနည်းလမ်းဖြင့်သတ်ဖြတ်ထားသောအသား....စတာတွေကိုလည်း စားသုံးခွင့်မရှိပါဘူး။ 

ဒါ့ကြောင့် မွတ်စ်လင်မ်တွေဟာပြင်ပမှာ အစားအသောက်စားတဲ့အခါမှာ အစ္စလာမ့်နည်းလမ်းအရ ပြုပြင်စီရင်ထားတဲ့ သန့်ရှင်းသော
(Halal) အစားအသောက်တွေကိုသာ ရွေးချယ်စားသောက်ရပါတယ်။ 

အဲဒါကိုပဲ မျိုးချစ်ဆိုသူတွေက" သူတို့ဘာသာဝင်အချင်းချင်းဆိုင်ကိုပဲ ရွေးချယ်အားပေးတယ် " လို့ စွပ်စွဲကြပါတယ်။ မွတ်စ်လင်မ်တွေ
ကဘယ်သူရောင်းတယ်ဆိုတာထက် ဘယ်လိုအစားအသောက်ကို ရောင်းတယ်ဆိုတာကိုကြည့်ပြီးရွေးချယ်စားသောက်ကြ
တာပါ။
အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာမှာ အစ္စလာမ်ဘာသာဝင်များစားနိုင်သောအစားအစာ(Halal Certificate) ဆိုတာကို သတ်မှတ်ပေးထားပါတယ်။ 

စင်္ကာပူနိုင်ငံမှာHalal Certificate ရထားတဲ့ဆိုင်အများစုဟာ တရုတ်နဲ့တမိလ်ဟိန္ဒူတွေပါ။ မွတ်စ်လင်မ်တွေ စိတ်ချလက်ချ
စားသောက်ကြပါ
တယ်။ မြန်မာနိုင်ငံက လူမျိုးဘာသာမရွေးစားသုံးနိုင်သည် ဆိုတဲ့ဆိုင်တွေက ဝက်သား၊အမဲသားမရောင်း
တဲ့
ဆိုင်
ကို ခေါ်တာပါ။ ဒါပေမဲ့ ကျန်တဲ့အစားအသောက်တွေက Halal မဟုတ်တဲ့အတွက်မွတ်စ်လင်မ်တွေ စားသုံးလို့မရနိုင်တာပါ။

မွတ်စ်လင်မ်တွေရဲ့ စီးပွါးရှာမှုရောင်းရေးဝယ်တာတွေမှာလည်း ဟလာလ်(Halal)ဖြစ်စေဖို့အတွက်အစ္စလာမ်ဘာသာရဲ့ သတ်မှတ်
ချက်တွေရှိပါတယ်။ အတိုးအညွန့်လုပ်ငန်း၊ မူးယစ်ဆေးဝါးနှင့်အရက်သေစာလုပ်ငန်းအပါအဝင် လိမ်လည်ရောင်းဝယ်မှုတွေကို လုပ်ခွင့်မရှိပါဘူး။ အလေးတင်းတောင်းချိန်အတွယ် မှန်ကန်ရပါတယ်။ ကိုယ့်ပစ္စည်းရဲ့ အပြစ်အနာအဆာကိုဖေါ်ပြပြီးမှ ရောင်း
ချရပါတယ်။ မိမိပစ္စည်းရဲ့အရင်းဈေးကို လိမ်လည်ပြောဆိုပြီး ရောင်းချခွင့်မရှိပါဘူး။ 

အကယ်၍ ဖေါ်ပြပါနည်းလမ်းတစ်ခုခုနဲ့ ရရှိလာတဲ့ ဝင်ငွေကို မသန့်ရှင်းသောဝင်ငွေ(sinful income)လို့ သတ်မှတ်ပြီး စားသုံး
ခွ
င့်မပြုပါဘူး။

အခုကျွန်တော်ပြောခဲ့တာတွေက အစ္စလာမ်ဘာသာဝင်တွေအပေါ် အမြင်စောင်းနေတဲ့ အခြားဘာသာဝင်များအတွက် နား
ည်
ယုံအကြမ်းဖျင်း ယေဘူယျအချက်များသာဖြစ်ပါတယ်။ ဒီအချက်တွေကို တစ်ကမ္ဘာလုံးမှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေ
က မဖြစ်
မနေလိုက်နာကျင့်ကြံရပါတယ်။ 

အချုပ်ပြောရရင် ကျွန်တော့ညီ Ko Myoပြောသလိုပဲအစ္စလာမ်သာသနာဟာအိမ်သာအတွင်းသန့်ရှင်းမှုမှသည်အာကာသ
အကြောင်း
အရာအထိ( from the moon to how to wash your ass ) ရှင်းလင်းသင်ကြားပေးသော သာသနာဖြစ်ပါကြောင်း။

Kyaw Win
27th February , 2014
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment