Pages

Thursday, May 29, 2014

မလေးရှားနိုင်ငံ ပယ်ရတ်က် (Perak) ပြည်နယ် ၏ ဘုရင် စူလ်တန် အဇ်လန်ရှားဟ်ကွယ်လွန်


RangonNewsDaily: May . 29 .2014
အသက် (၈၆) နှစ်ရှိ မလေးရှားနိုင်ငံ ပယ်ရတ်က် (Perak) ပြည်နယ်၏ဘုရင် စူလ်တန်အဇ်လန်ရှားဟ်သည်၂၈.၅.၂၀၁၄
 နေ့လယ် ၁:၃၀ နာရီ က ကွာလာလမ်ပူမြို့ရှိ အမျိုးသားနှလုံးဌာန (National Heart Institute)တွင်ကွယ်လွန်ခဲ့ကြောင်း
ပရတ်က် အဓိပတိဝန်မင်းကြီး ဒါတွတ်ဆရီ ဒေါက်တာဇမ်ဗ်ရီ အဗ်ဒွလ်ကာဒရ် က Radio Televisyen Malaysia (RTM) တွင်ကြေညာခဲ့သည်။

ဘုရင် စူလ်တန်အဇ်လန်ရှားဟ်၏ ကြွင်းကျန်ရစ်သော ရုပ်အား ယနေ့ညနေ အဆွရ်ဆွလားသ် အပြီး ကွာလာကန်ဂ်စာ
ရှိ တော်ဝင်ဗိမာန်တော်၌ မြှုပ်နှံမည်ဖြစ်ကြောင်းသိရသည်။ 

ဝမ်းနည်းသည့်အထိမ်းအမှတ် အဖြစ် ပရတ်က်ပြည်နယ်အလံအား ရက်ပေါင်း (၁၀၀) တိတိ တိုင်ထက်ဝက်လွှင့်ထူ
မည် ဖြစ်ပြီး၊ မလေးရှားနိုင်ငံအလံအား (၇) ရက်တိတိ တိုင်ထက်ဝက်လွှင့်ထူမည် ဖြစ်သည်။

ဘုရင် စူလ်တန်အဇ်လန်ရှားဟ် သည် ပရတ်က်ဘုရင် အဖြစ် ၁၉၈၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ဘိသိက်
ခံနန်းတက်ခဲ့ပြီး၊ ဆယ်စုနှစ် (၃) ခု နန်းစိုးစံခဲ့သည်။ ကွယ်လွန်ချိန်တွင် သူ၏ မိဖုရားဖြစ်သူရာဂျာ ပရ်မိုင်စူရီ ပယ်ရတ်က်
 သွန်ကူ ဘိုင်နမ်၊ သားတော် ရာဂျာ ဒေါက်တာနဇ်ရင်န်ရှားဟ် နှင့် သမီးတော်သုံးပါးတို့ ကျန်ရစ်သည်။ 

ပရတ်က်ပြည်နယ် ၏ ဘုရင်အသစ် ကြေညာခန့်အပ်သည့် အခမ်းအနားအားယနေ့ညနေတွင် ကွာလာကန်ဂ်စာရှိ
 အိစ်သာနာ အိစ်ကန်ဒရိယဟ် နန်းတော်တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ တရုတ်ပြည်သို့နိုင်ငံတော်ခရီးစဉ်ဖြင်
ရောက်ရှိနေသည့် မလေးရှား ဝန်ကြီးချုပ်ဒါတွတ်ဆရီ နာဂျိဗ်အဗ်ဒွလ်ရဇ်ဇားက် နှစ်သူ၏ဇနီး ဒါတင်ဆရီရွတ်စ်မဟ်
 မန်စူရ် တို့သည် ခရီးစဉ်ဖျက်သိမ်းကာ စူလ်တန်အားနောက်ဆုံးအကြိမ်ဂါရဝပြုရန် မနေ့ည က မလေးရှားနိုင်ငံ
သို့ပြန်လည်ရောက်ရှိလာကြောင်းသိရသည်။

The Sun Daily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment