Pages

Thursday, May 29, 2014

♪ 2nd Mobile & Tablet Fair ကို တပ်မတော်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ♫


RangonNewsDaily: May . 29 .2014
မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်သော Mobile & Tablet Fair ကို တပ်မတော်ခန်းမတွင် မေလ (၃၀) ရက်နေ့မှ ဇွန်လ(၁) ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
၎င်းပွဲတွင် မြန်မာနိုင်ငံဈေးကွက် အတွင်းရှိ နာမည်ကြီး ဖုန်းအမှတ်တံဆိပ်များဖြစ်ကြသော LG, Samsung, Huawei, SingTech, SYH, SONY, Cherry Mobile အစရှိသော အမှတ်တံဆိပ်များပါဝင် ပြသရောင်းချပေးသွားမည့်အပြင် Retail Store ဆိုင်ကြီးများဖြစ်သော Phone Corner, 123it, OK mobile New Fone Mart အစရှိသော ဆိုင်ကြီးများ ၀င်ရောက်ပြသသွားမည်ဖြစ်သည်။


CB Bank မှ Mobile Banking အကြောင်း ၀င်ရောက်ပြသမည်ဖြစ်ပြီး GoThereMyanmar မှလည်း Mobile App တော်တော်များများကို ရှင်းလင်းပြသမည်ဖြစ်သည်။ Best Level Mobile Training Centre မှလည်း သင်တန်းသားများ တစ်နေရာတည်း အထူးဈေးနှုန်းဖြင့် အပ်နှံနိုင်ရန် ၀င်ရောက်ပြသပေးသွားမည်ဖြစ်သည်။
 

အခြားအထူးအစီအစဉ်များအနေဖြင့် ဖုန်းအလဲအထပ် လုပ်လိုသူများအတွက် AK Mobile မှ ၀န်ဆောင်မှုပေးမည်ဖြစ်ပြီး Retail Shop ဆိုင်ကြီးများတွင်လည်း အရစ်ကျရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

ပြပွဲလာရောက်သူများအနေဖြင့် ပစ္စည်းများလေ့လာကြည့်ရှုဝယ်ယူရင်း ဗဟုသုတရရှိနိုင်မည့် ပညာရှင်များကိုယ်တိုင် ၀င်ရောက်ဆွေးနွေးသော Technical Talk များကို လည်း ကြည့်ရှုနားထောင်နိုင်မည် ဖြစ်ပြီး Brand များ၏ Product Show ဖျော်ဖြေမှုများကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှု နားဆင်နိုင် မည်ဖြစ်သည်။ ထို့အပြင် နည်းပညာစာအုပ်အများအပြားအပါဝင် ရသစုံစာပေများကို Myanmar Book Centre နှင့် နေရီရီတို့ မှ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး စာအုပ်ဘူဖေး အစီအစဉ်ကလည်း စာပေမြတ်နိုးသူများအတွက် အကြိုက်တွေ့စေမည် ဖြစ်သည်။ 


ပြပွဲနှင့်ပတ်သတ်၍ အသေးစိတ်စုံစမ်းသိရှိလိုပါက Outlab Biz Group ဖုန်း- 093 111 0503 သို့ မေးမြန်း နိုင်ကြောင်းသိရှိရပါသည်။


Internet Journal , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment