Pages

Friday, May 30, 2014

အက်စ်ပရင်ဆေးကိုသောက်သုံးရန် သင့်မသင့် တိုင်းတာနိုင်မည်


RangonNewsDaily: May . 29 .2014
အက်စ်ပရင်ဆေးသည် နှလုံးဖောက်ပြန်မှုဝေဒနာများနှင့် လေဖြတ်ဝေဒနာများကို ကာကွယ်နိုင်သည်ဟုနှစ်ပေါင်း
(၃၀) ကျော်လက်ခံ ထားခဲ့ကြသော်လည်း လေ့လာမှုတစ်ခုအရ အက်စ်ပရင်ဆေးပြားကိုနေ့စဉ် သောက်သုံးရန်သင့်မသင့် အလွယ်တကူဆုံးဖြတ်ရန်ခက်ကြောင်း သိရသည်။
နှလုံးကို ထောက်ပံ့နေသော သွေးလွှတ်ကြောများ၌ အနည်ဖတ် (plaque)် ပိတ်ဆို့မှုကို တိုင်းတာသည့်စံနှုန်းတစ်ခုဖြစ်ေ
သာ coronary artery calcium (CAC) score ကိုအသုံးပြု၍ အက်စ်ပရင်ဆေးကို နေ့စဉ်သောက်သုံးရန် လိုမလို ဆုံးဖြတ်နိုင်ကြောင်း သုတေသီများက ဆိုသည်။

““နှလုံးဖောက်ပြန်မှုနှင့် လေဖြတ်ဝေဒနာများစွာဟာ မထင်ရတဲ့သူတွေမှာဖြစ်လေ့ရှိပါတယ်။ နှလုံးသွေးကြောရောဂါ
အန္တရာယ် ရှိနေသူတွေမှာ အက်စ်ပရင် နေ့စဉ်သောက်ဖို့ လိုပါတယ်။ ဒါပေမယ့် နှလုံးသွေးကြောရောဂါ အန္တရာယ်ထင်
ရှား မရှိသူတွေမှာ ဆေးသောက်သင့်မသောက်သင့် မသေချာပါဘူး။

အန္တရာယ်ရှိသူတွေကိုပဲ အက်စ်ပရင် နှင့် ကုသနေမယ်ဆိုလျှင် လက္ခဏာ မထင်ရှားလို့ ဆေးမသောက်ရတဲ့ လူနာတွေ
ဟာ တစ်ချိန်မှာ နှလုံးဖောက်ပြန်မှု ခံစားရနိုင်ပါတယ်”” ဟု ဦးဆောင်သုတေသီ Michael Miede ma ကဆိုသည်။

အက်စ်ပရင်ဆေးသည် သွေးကြောနံရံများတွင် အနည်ဖတ်များ ကျရာမှ သွေးခဲဖြစ်ပေါ်ခြင်းကို တားဆီးခြင်းဖြင့် နှလုံးဖောက်ပြန်မှုများ၊ လေဖြတ်ခြင်းများမဖြစ်စေရန် ကာ ကွယ်ပေးနိုင်သည်။ သို့သော် အမှန် တကယ်သွေးခဲဖြင့် ပိတ်ဆို့ရမည့် အခြေအနေများ၌ အက်စ်ပရင်ကြောင့် သွေးထွက်လွန်ကာ အသက် ဆုံးရှုံးစေနိုင်သည်။

ထို့ကြောင့် အမေရိကန်နှလုံး ကျန်းမာရေးအသင်းက နှလုံးသွေးကြောရောဂါရှိသူများ၊ နှလုံးသွေးကြောရောဂါအန္တရာယ်
ရှိသူများသာ အက်စ်ပရင်သောက်သုံးရန် ညွှန်ကြားထားသည်။

Ref:ANI
Health Updates Journal , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment