Pages

Friday, May 30, 2014

အငြင်းပွား ရေပိုင်နက်အတွင်း ဗီယက်နမ် ငါးဖမ်းသင်္ဘောတစ်စင်းကို တရုတ်သင်္ဘောတစ်စင်းက ဝင်တိုက်


RangonNewsDaily: May . 29 .2014
နှစ်နိုင်ငံအကြား အငြင်းပွားနေသည့် ရေပိုင်နက်အတွင်းရှိ ဗီယက်နမ်
ငါးဖမ်းသင်္ဘောတစ်စင်းသည် တရုတ်သင်္ဘော တစ်စင်း၏ဝင်တိုက်ခြင်းကို
ခံရပြီးနောက်၎င်းငါးဖမ်းသင်္ဘောမှာ နစ်မြုပ်သွားခဲ့ကြောင်း ဗီယက်နမ်
ကမ်းခြေစောင့်တပ်ဖွဲ့မှအကြီးအကဲတစ်ဦးကပြောကြားသည်။

အဆိုပါ သင်္ဘောနစ်မြုပ်မှုသည်တာင်တရုတ်ပင်လယ် အငြင်းပွားရေပိုင်နက် အတွင်း တရုတ်နိုင်ငံကတည်ဆောက်ခဲ့သော ရေနံတူးစင်မှ
ရေမိုင် ၁၇ မိုင်အကွာတွင်ဖစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့မှ အကြီးအကဲငုယင်ကွမ်ဒမ်းက ပြောကြားသည်။

၎င်းသင်္ဘော
နစ်မြုပ်မှု ဖြစ်ပွားပြီးနောက်သင်္ဘောပေါ်တွင်လိုက်ပါလာသည့် ငါးဖမ်းသမား ၁ဝ ဦးကို အနီးအနားရှိ အခြားဗီယက်နမ်ငါးဖမ်းသင်္ဘောများက
ကယ်ဆယ်ခဲ့ကြောင်း၊အဆိုပါနစ်မြုပ်မှုမဖြစ်ပွားမီ ဒနောင်မြို့မှလာသော ဗီယက်နမ်ငါးဖမ်းသင်္ဘောတစ်စင်းကို တရုတ်ငါးဖမ်းသင်္ဘော
အစင်း ၄ဝ က ဝန်းရံထားခဲ့ကြောင်းဒမ်းက ရိုက်တာသတင်းဌာနသို့ ဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်ဟု သိရသည်။


အဆိုပါ သင်္ဘောနစ်မြုပ်မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံမှတုံ့ပြန်ပြောကြား
ချက်များ ထွက်ပေါ်လာခြင်းမရှိကြောင်း၊ ထို့ကြောင့်ဗီယက်နမ်အစိုးရ
အဖွဲ့သည် တရုတ်နိုင်ငံ၏မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆိုတရား
နည်းလမ်းကျကျ ခုခံကာကွယ်နိုင်မည့်နည်းလမ်းများကိုစဉ်းစားသုံးသပ်
လျက်ရှိကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဇွန်းကပာကြားခဲ့သည်။

Source;Reuters
The Myanmar Age , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment