Pages

Friday, May 30, 2014

ဒီပဲယင်း ၁၁နှစ်ပြည့် အခမ်းအနား ဒီပဲယင်းမြို့နယ် ကျည်ရွာတွင် ပြုလုပ်မည်


RangonNewsDaily: May . 30 .2014
ဒီပဲယင်း ၁၁ပြည့်အခမ်းအနားကို မေလ ၃၀ရက်တွင် ဒီပဲယင်းမြို့နယ်၊ ကျည်ရွာတွင် မြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့
ချူပ်ပါတီ (NLD)နှင့် ဒေသခံများက ပူးပေါင်း၍ပြုလုပ်သွားမည်ဟု စစ်ကိုင်းတိုင်း NLD သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမှတ်ကြီးက မဇ္ဈိမကိုပြောသည်။
ထိုနေ့တွင် သံဃာတော်များကို ဆွမ်းကပ်ခြင်းနှင့် ဒီပဲယင်းဖြစ်ရပ်တွင် ကိုယ်တွေ့ကြုံခဲ့ရသူ နိုင်ငံရေး သမားများ နှင့် ဒေသ
ခံရွာသားများက အတွေ့အကြုံများကို ပြန်လည်မျှဝေ ဆွေးနွေးကြမည် ဖြစ်သည်။

ကိုမှတ်ကြီး က"ဒီပဲယင်းအရေးအခင်းကို ကြုံခဲ့ရသူတွေက ခုထိ ဒီနယ်တ၀ိုက်မှာ အများကြီး ရှိနေတော့ ဒီပွဲမှာ သူတို့တွေ

လည်း လာကြမှာပါ” ဟု ပြောသည်။

ရန်ကုန်မြို့တွင်မှု ဒီပဲယင်း ၁၁ နှစ်ပြည့်အခမ်းအနား ပြုလုပ်ရန် အစီအစဉ် မရှိဟု ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီ
အဖွဲ့
ချူပ်ပါတီ သတင်းနှင့်ပြန်ကြားရေး ဒုတိယတာဝန်ခံ ဦးကြည်တိုးက မဇ္ဈိမကို ပြောသည်။

၂၀၀၃ ခုနှစ် မေလ ၆ ရက်က စတင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နယက ဦးတင်ဦးနှင့် ပါတီဝင်များက အထက်မြန်မာပြည် ပါတီစည်းရုံးရေးခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း

တို့သို့ သွားရောက်ခဲ့ကြသည်။

ထိုစဉ်က မေလ ၃၀ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့အနီး ကျည်ရွာသို့ ရောက်ရှိစဉ် ယခင် စစ်အစိုးရ အဖွဲ့

ဝင်များ၏ လက်အောက်ခံလူများက ၀ိုင်းဝန်းတိုက်ခံခြင်းကြောင့် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ အမြောက်အများရှိခဲ့ပြီး ဒီပဲ
ယင်း အရေးအခင်း ဖြစ်ပွားခဲ့သည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment