Pages

Saturday, May 31, 2014

အများပြည်သူသို့ အသိပေး ပန်ကြားခြင်း

RangonNewsDaily: May . 31 .2014
၁။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဓာတ်အား ခွဲရုံများနှင့် ဓာတ်အား လိုင်းများ ကြံ့ခိုင်မှု ရှိစေရန်၊ ဓာတ်လိုက်မှု အန္တရာ
ယ်မှ ကင်းဝေးစေရန်၊ ဓာတ်အား ပြတ်တောက်မှုများ လျော့နည်း စေရန်အတွက်ဓာတ်အားလိုင်းများနှင့်လွတ်သော
သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းနှင့် ဓာတ်အား ခွဲရုံများ ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများကို
အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ ဆောင်ရွက်လျက် ရှိပါသည်။
၂။ သို့ဖြစ်ပါ၍ ၃၁-၅-၂ဝ၁၄ ရက်နေ့တွင် ပုဇွန်တောင်၊ တာမွေ၊ ဗဟန်း၊ လမ်းမတော်၊ ပန်းဘဲတန်း၊ လှိုင်၊ စမ်းချောင်း၊ လသာ၊ မရမ်းကုန်း၊ ကမာရွတ်၊ ကျောက်တံတား၊ သန်လျင်၊ လှိုင်သာယာ၊ အင်းစိန်၊ မှော်ဘီမြို့နယ်များ၏ ရပ်ကွက်အချို့၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန် အချို့တွင် နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း အချိန်ပိုင်း ဓာတ်အား ပြတ်တောက်မှုများ ရှိမည် ဖြစ်ပါသည်။

၃။ ၁-၆-၂ဝ၁၄ ရက်နေ့တွင် ဒဂုံ(အရှေ့)၊ ဒဂုံ(တောင်)၊ ဒဂုံ(ဆိပ်ကမ်း)၊ ဒေါပုံ၊ လမ်း မတော်၊ စမ်းချောင်း၊ မရမ်းကုန်း၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူး၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်သာ ယာ၊ ရွှေပြည်သာ မြို့နယ်များ၏ ရပ်ကွက်အချို့၊ CNGဆိုင်အချို့နှင့် စက်မှုဇုန် အချို့တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း အချိန်ပိုင်း ဓာတ်အား ပြတ်တောက်မှုများ ရှိမည် ဖြစ် ပါသည်။

၎။ ယင်းသို့ ဓာတ်အား ဖြတ်တောက်၍ လုပ်ငန်း ဆောင်ရွက်ရခြင်းသည် ဓာတ်အား ဖြန့်ဖြူးမှု စနစ် အတွင်းရှိ ဓာတ်အား

ခွဲရုံ များနှင့် ဓာတ်အား လိုင်းများ ကြံ့ခိုင်မှု ရှိစေရန်၊ ဓာတ် လိုက်မှု အန္တရာယ်မှ ကင်းဝေး စေရန်၊ ဓာတ်အား ပြတ်တောက်
မှုများ လျော့နည်း စေရန် အတွက် ပုံမှန်မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းဖြစ်၍ ဆောင်ရွက်ရခြင်း ဖြစ်
ပါကြောင်း၊

ဓာတ်အား ပြတ်တောက် မှုကြောင်လူမှုရေးအခက်အခဲများ ပေါ်ပေါက်နိုင်မှု အပေါ် အနူးအညွတ် တောင်းပန် ပါကြောင်း
၊ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ အများ ပြည်သူသို့ အသိပေး ပန်ကြား အပ်ပါသည်။

မြ၀တီ , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment