Pages

Saturday, May 31, 2014

ပြင်သစ်နိုင်ငံထုတ် PEUGENOT အမှတ်တံဆိပ်ကားများ ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် ပြည်တွင်းသို့ ဝင်ရောက်လာမည်


RangonNewsDaily: May . 31 .2014
PEUGENOT အမှတ်တံဆိပ် ပြင်သစ်နိုင်ငံထုတ်ကားများ ပြည်တွင်းသို့ ၂၀၁၄ နှစ်ကုန်ပိုင်းတွင် ဝင်ရောက်လာမည်ဖြစ်ကြောင်း အဆိုပါ PEUGENOT နှင့် Super Seven Stars ကုမ္ပဏီတို့ တရားဝင်ကိုယ်စားလှယ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှ သိရသည်။
အဆိုပါ တရားဝင် ကိုယ်စားလှယ်အဖြစ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ မေလ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ Sule Shangri-La Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။ PEUGENOT ကားကုမ္ပဏီမှ ယခုနှစ်ကုန်ပိုင်းအတွင်း နိုင်ငံတကာအဆင့်မှီအရောင်း ပြခန်းဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ရောင်းချမှုအပိုင်းနှင့် After Sale Services တို့တွင်လည်း အကောင်းဆုံးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် Training များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

PEUGENOT ကားကုမ္ပဏီသည် နှစ်ပေါင်း ၂၀၀ ခန့် ရပ်တည်ခဲ့သော ရှေးအကျဆုံး ကားကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိနိုင်
ငံပေါင်း ၁၆၀ ကျော်သို့ ကားများတင်သွင်းရောင်းချလျှက် ရှိသည်။ PEUGENOT ကားကုမ္ပဏီဝင်ရောက်ခြင်းသည် မြန်မာနိုင်ငံသို့ တရားဝင်ကိုယ်စားလှယ်အနေဖြင့် ၁၂ ခုမြောက် ဝင်ရောက်လာသော ကုမ္ပဏီတစ်ခုဖြစ်သည်။

7 Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment