Pages

Saturday, November 17, 2012

မွတ်ဆလင်ဆန့်ကျင်ရေး စာရွက်စာတမ်း ဖြန့်ဝေသူ ကျောင်းသား သုံးဦးကို တရားရုံးမှ ပြစ်ဒဏ်ချမှတ်


ရခိုင် ပြည်နယ် သံတွဲ မြို့နယ် မွတ်ဆလင် ဆန့်ကျင်ရေး စာရွက် စာတမ်း ဖြန့်ဝေမှုဖြင့် တရား စွဲဆို ခံထားရသော ကျောင်းသား သုံဦးကို ပုဒ်မ ၅၀၅ (ခ) မှ ပုဒ်မ ၅၀၅ (ဂ) သို့ ပြောင်းပြီး နိုဝင်ဘာ ၂ ရက် နေ့တွင် သံတွဲမြို့နယ် တရားရုံးမှ ထောင်ဒဏ် တစ်လ (သို့မဟုတ်) ငွေဒဏ်
တစ်သောင်း ချမှတ် လိုက် ကြောင်း သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
“ချုပ်ရက် ၄၈ ရက် ရှိသွားပြီ ဆိုတော့ ရုံးရှေ့မှာပဲ အပြီးလွှတ် လိုက်တာပါ၊ အားလုံး ပြီးသွားပါ ပြီ”ဟု၎င်းက VenusNewsWeekly သို့ ပြောသည်။ ယင်းအမှုနှင့် ပတ်သက်၍ တရားစွဲဆိုခံGTC ကျောင်းသား ကိုသန့်ဇင်ဖြိုး ကိုလည်း စက်တင် ဘာလ ၅ ရက်နေ့တွင် တရားရှင် လွှတ်ပေးခဲ့ကြောင်း သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။

အဆိုပါထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ်ချမှတ်ခံရသူ ကျောင်းသား သုံးဦးမှာ သံတွဲမြို့ ဗောဓိကုန်း ရပ်ကွက်(ဘ) ဦးဘသိန်း၏သား ညီမင်းခန့် ၂၀နှစ် မြန်မာစာ (ပထမ နှစ်)၊ သရက်ကုန်းရပ်ကွက်(ဘ) ဦးအောင်ထွန်းကြည်၏ သား နိုင်ရဲဦး သမိုင်း (ပထမနှစ်)၊ ကြေး နန်းရုံးရပ်ကွက် (ဘ) ဦးမင်းဇော်၏ သား ခိုင်ဇော်ဆန်း (၁၀) တန်း ကျောင်းသားများဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။

ရခိုင်ပြည်နယ် ဆူပူ အကြမ်း ဖက်မှုနှင့် ပတ်သက်၍ ပြစ်မှုကျူး လွန် ထင်ရှားသူ UN နှင့် INGO ဝန်ထမ်းသုံးဦးကို ဩဂုတ်လ ၂၉ ရက်နေ့တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။

မင်းအောင်ခိုင်
VENUS NEWS JOURNAL

0 comments:

Post a Comment