Pages

Thursday, August 8, 2013

Breaking News: Weather Update:: MANGKHUT လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် မြန်မာ-လာအို နယ်စပ်အနီးထိအောင်ရောက်လာ ဘွယ်ရှိ

Breaking News: Weather Update::

MANGKHUT လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် မြန်မာ-လာအို နယ်စပ်အနီးထိအောင်ရောက်လာ
ဘွယ်ရှိ

Kolatt(PBDN) :: Aug 8, 2013

မုန်တိုင်း MANGKHUT(10W) သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဆင့်မှ လေဖိအားနည်းရပ်ဝန်းအဆင့်သို့
လျော့ကျသွားပြီဖြစ်ပြီး အနောက်-အနောက်မြောက်ဘက်(Heading 280˚) ဖြင့် လာအိုနိုင်ငံ မြောက်ပိုင်းအား ဖြတ်ကျော်ရွေ့လျားလျှက်ရှိပါသည်။

သြဂုတ်လ ၈ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင် လာအိုနိုင်ငံ မြောက်ပိုင်းမှတစ်ဆင့် မြန်မာ-လာအို နယ်စပ် မိုင်းယောင်းမြို့ အရှေ့ဘက် ၇၅ မိုင်ခန့်သို့ လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် ဆက်လက်ရွေ့လျားလာမည် ဖြစ်သဖြင့် ယနေ့ ညနေပိုင်း၌ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင် မိုးသည်းထန်မည့် အခြေအနေများ ဖြစ်ပေါ်နိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံ ၇ နာရီအချိန် ထုတ်ပြန်ချက်အား အောက်တွင် ကောက်နှုတ်တင်ပြထားပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာအနှံအပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်၊ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

10W MANGKHUT
08 Aug 2013 0000Z
Location: 20.1 104.2
Winds: 25 knots
Central Pressure: 1004 hPa

MMweather

RangonNewsDaily:: Aug 8, 2013

မုန်တိုင်း MANGKHUT(10W) သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဆင့်မှ လေ
ဖိအားနည်းရပ်ဝန်းအဆင့်သို့လျော့ကျသွားပြီဖြစ်ပြီး အနောက်-အနောက်မြောက်ဘက်(Heading 280˚) ဖြင့် လာအိုနိုင်ငံ မြောက်ပိုင်းအား ဖြတ်ကျော်ရွေ့လျားလျှက်ရှိပါသည် သြဂုတ်လ ၈ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင် လာအိုနိုင်ငံ မြောက်ပိုင်းမှတစ်ဆင့် မြန်မာ-
လာအို နယ်စပ် မိုင်းယောင်းမြို့ အရှေ့ဘက် ၇၅ မိုင်ခန့်သို့ လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် ဆက်လက်
ရွေ့လျားလာမည် ဖြစ်သဖြင့် ယနေ့ ညနေပိုင်း၌ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင် မိုးသည်းထန်မည့် အခြေအနေများ ဖြစ်ပေါ်နိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံ ၇ နာရီအချိန် ထုတ်ပြန်ချက်အား
 အောက်တွင် ကောက်နှုတ်တင်ပြထားပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာအနှံအပြား၊ စစ်ကိုင်း
တိုင်းဒေ
သကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေ
သကြီး၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်
ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီး
နိုင်ပါသည်၊ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

10W MANGKHUT
08 Aug 2013 0000Z
Location: 20.1 104.2
Winds: 25 knots
Central Pressure: 1004 hPa

MMweather , RangonNewsDaily
kolatt (Pabedan): 8.8.2013

0 comments:

Post a Comment