Pages

Saturday, February 2, 2013

မက္ကစီကို ရေနံကုမ္ပဏီရုံးချုပ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ(၂၅)ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရ

မက္ကစီကို ရေနံကုမ္ပဏီရုံးချုပ်တွင် ပေါက်ကွဲမှုဖြစ်ပွား

မက္ကစီကို နိုင်ငံတွင် အစိုးရပိုင် ရေနံကုမ္ပဏီ တစ်ခု၌ ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပွားရာ အနည်းဆုံး လူ(၂၅)ဦး
မျှ အသေအပျောက် ရှိခဲ့ကြောင်း သိရှိရသည်။ ပြည်ထဲရေး ဝန်ကြီးဌာနက Pemex ကုမ္ပဏီ၏ မက္ကစီကိုစီးတီး
ရှိ ရုံးချုပ်၌ ဖြစ်ပွားသော ပေါက်ကွဲမှုအတွင်းအနည်းဆုံးလူ(၁၀၀)မျှလည်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း
 ဖော်ပြခဲ့သည်။
ထို့အပြင် (၅၄)ထပ် အမြင့်ရှိ အဆောက်အအုံတွင် ဖြစ်ပွားသော ပေါက်ကွဲမှုနှင့်အတူ အတွင်း၌ လူအရေအ
တွက် မည်မျှ ဆက်လက် ပိတ်မိနေဆဲ ဖြစ်သည်ကို တိတိကျကျ မသိရှိရသေးဟုလည်း ဆိုသည်။

Pemex၏ ဌာနချုပ် အဆောက်အအုံအတွင်း အသက်ရှင် ကျန်ရစ်သူများကို ဆက်လက် ရှာဖွေနေဆဲဟု ကယ်
ဆယ်ရေး တပ်ဖွဲ့များက ပြောကြားခဲ့သည်။ ကြာသပတေးနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်
သက်ပြီး အဓိက အကြောင်းရင်းကိုလည်း မသိရှိရသေးဟု Pemexက ဆိုသည်။

ရုပ်မြင်သံကြား ဌာနများက အဆောက်အအုံ အနီးအနားရှိ လမ်းများပေါ်တွင် ပျံ့ကျဲနေသည့် အစအနများကို ရိုက်ကူး ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်၊ စက်တင်ဘာလကလည်း မက္ကစီကို မြောက်ပိုင်းရှိPemexပိုင်ဓာတ်ငွေ့စက်ရုံ တစ်ခုတွင် ပေါက်
ကွဲမှုတစ်ခု ဖြစ်ပွားရာ လူပေါင်း(၃၀) သေဆုံးခဲ့ဖူးသေးသည်။

ယခုတစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ပွားရာ အဆောက်အအုံသည်မက္ကစီကိုစီးတီး၏ ကုန်သွယ်မှု စည်ကားရှုပ်ထွေး
ရာ နေရာတွင် တည်ရှိနေကြောင်း သိရှိရသည်။

Source: BBC

0 comments:

Post a Comment