Pages

Saturday, February 2, 2013

တောင်အာဖရိကတွင် ရထားတိုက်မိမှုကြောင့် လူပေါင်း (၁၅၀)ကျော် ဒဏ်ရာရ


တောင်အာဖရိက နိုင်ငံတွင် မီးရထားနှစ်စင်း တိုက်မိမှုကြောင့် လူပေါင်း (၁၅၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ ခရီးသည်တင် ရထားနှစ်စင်းသည် ကျောင်းသူကျောင်းသား အများစုကို တင်ဆောင်လာရင်း ပရီတိုရီယာမြို့ အနီးတွင် တိုက်မိကြခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် လူပေါင်း (၁၅၀)ကျော်ကို ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ ယခုရထားတိုက်မှု ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အချက်ပေးမီးအတွက် အသုံးပြုထားသည့် ကေဘယ်လ်ကြိုးများကို သူခိုးများက ခိုးယူသွားခြင်းကြောင့် အချက်ပေးစနစ် ပုံမှန် အလုပ်မလုပ်တော့ဘဲ နားလည်မှု လွဲသွားခြင်းဟု ရဲတပ်ဖွဲ့က သံသယ ရှိနေသည်။

ရဲများက ဝါယာကြိုးများအတွင်းရှိ ကြေးနီချောင်းများကို သူခိုးများက ရောင်းစားလေ့ ရှိသလို အဖျက်သမား တစ်စု၏ လုပ်ရပ်လည်း ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ဆိုသည်။ အာဏာပိုင်များက သောကြာနေ့ နံနက်ပိုင်းက ဖြစ်ပွားသော ရထားတိုက်မှုတွင် မြို့တော်မှ ထွက်ခွာလာသော ရထားက သံလမ်းတစ်ခုတည်းပေါ် ရှိနေပြီး ရပ်ထားသော ရထားကို ဝင်တိုက်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။



ကယ်ဆယ်ရေးဝန်ထမ်းများကလူပေါင်း(၃၅၀)ကို ပြုစုကုသခဲ့ရပြီး(၁၅၀)ဝန်းကျင်ကို ဆေးရုံတင်ခဲ့ရကြောင်း

ဆိုသည်။ "(၂)ယောက်က တော်တော် ဒဏ်ရာပြင်းတယ်။ 

တစ်ယောက်က ရထားမောင်းတဲ့သူပါ"ဟု ဆေးဝန်ထမ်း တစ်ဦးက ဆိုသည်။ အတွင်းလူနာအဖြစ် ကုသခံရ
သူ အရေအတွက်မှာ (၁၉)ဦးရှိပြီး ယင်းတို့အနက် ကလေးငယ်များ ပါမပါ ဆိုသည်ကိုမူ မသိရသေးကြောင်း သတင်းများက ဖော်ပြသွားသည်။

Source: TheJournal

0 comments:

Post a Comment