Pages

Saturday, February 2, 2013

"ထောင်တွင်းအလုပ် ဆန့်ကျင်ရေးတိုက်ပွဲ အထိမ်းအမှတ် အခမ်းအနားကျင်းပ"

လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ် သာယာဝတီ အကျဉ်းထောင်အတွင်းမှာ အကျဉ်းချခံခဲ့ရတဲ့ ကျောင်းသား လူငယ်တွေ ကျင်းပတဲ့ သာယာဝတီ အကျဉ်းထောင် Anti Labour ခေါ် အလုပ်ဆန့်ကျင်ရေး တိုက်ပွဲအထိမ်းအမှတ်အခမ်းအနားကိုရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းပေါ်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ 

၁၉၈၉ခုနှစ်သာယာဝတီအကျဉ်းထောင်အတွင်းမှာအကျဉ်းချခံခဲ့ရတဲ့            ကျောင်းသား လူငယ်တွေ အလုပ်ဆန့်ကျင်ရေး တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းပေါ်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ကျင်းပစဉ်၁၉၉၅ ခုနှစ်က သာယာဝတီ အကျဉ်းထောင်မှာ နေခဲ့ရဖူးတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ကိုမာကီးက ဒီကနေ့ အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အခမ်းအနားမှာ အခုလို ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့တွေက သူတစ်ပါးကို ရန်ပြုခဲ့ကြသူတွေမဟုတ်ကြပါဘူး၊ စာရွက်ဝေတယ်၊ဒို့အရေးအော်တယ်အားလုံးငြိမ်းငြိမ်းချမ်းချမ်းလုပ်ခဲ့ကြတာ၊ ထောင်ထဲရောက်တယ် ထောင်ရဲ့စည်းကမ်းမှန်သမျှ ချိုးဖောက်ရမယ်လို့ ကျွန်တော်တို့ သဘောမထားပါဘူး၊ ထောင်ရဲ့အလုပ်ကိုလည်း ကျွန်တော်တို့ မကြောက်ပါဘူး၊ဦးချိုးတဲ့အနေနဲ့မင်းတို့ဟာ နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူး၊ မင်းတို့ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချမှတ်လိုက်တာ ဆိုပြီး မတရားတဲ့ အမိန့်အာဏာတွေနဲ့ စေခိုင်းခဲ့တာပါ၊ ကျွန်တော်တို့ကိုအဲ့လို လုပ်တဲ့သူတွေကို ပြစ်ဒဏ်ပေးဖို့ရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး၊ အဲလိုတွေဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းမှတ်တမ်းတင်စေချင်တဲ့ အတွက်လုပ်တာလို့ပြောပါတယ်။"

ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေကို သာယာဝတီ အကျဉ်းထောင်အတွင်းမှာ အခြားရာဇဝတ် အကျဉ်းသားတွေနဲ့ တန်းတူအလုပ်စေခိုင်းတာတွေရှိခဲ့တဲ့အပြင် ကျောင်းသားအကျဉ်းသားတွေကိုလူမဆန်တဲ့ညှင်းပန်းနှိပ်စက်မှုတွေကိုသမိုင်းမှတ်တမ်းတစ်ခုအနေနဲ့           ဖော်ပြပေးစေလိုတဲ့အတွက် အခုလို ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းက ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကိုသာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက်       ထောင်တွင်းမှာ အလုပ်ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို ၁၉၈၉ ခုနှစ် သာယာဝတီအကျဉ်းထောင်အတွင်းက Anti Labour ခေါ်အလုပ်ဆန့်ကျင်ရေးတိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားဟောင်း
တွေသံဃာတော်တွေအပြင်တိုက်ပွဲဝင်ရင်း သေဆုံးသွားကြတဲ့ ကျောင်းသား တွေရဲ့ မိသားစုဝင်တွေ အပါအဝင် လူဦးရေ (၃၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။

‎လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ် သာယာဝတီ အကျဉ်းထောင်အတွင်းမှာ အကျဉ်းချခံခဲ့ရတဲ့ ကျောင်းသား လူငယ်တွေ ကျင်းပတဲ့ သာယာဝတီ အကျဉ်းထောင် Anti Labour ခေါ် အလုပ်ဆန့်ကျင်ရေး တိုက်ပွဲအထိမ်းအမှတ်အခမ်းအနားကိုရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းပေါ်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
၁၉၈၉ခုနှစ်သာယာဝတီအကျဉ်းထောင်အတွင်းမှာအကျဉ်းချခံခဲ့ရတဲ့ ကျောင်းသား လူငယ်တွေ အလုပ်ဆန့်ကျင်ရေး တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းပေါ်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ကျင်းပစဉ်၁၉၉၅ ခုနှစ်က သာယာဝတီ အကျဉ်းထောင်မှာ နေခဲ့ရဖူးတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ကိုမာကီးက ဒီကနေ့ အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အခမ်းအနားမှာ အခုလို ပြောကြားခဲ့ပါတယ်။
၁၉၈၉ ခုနှစ်၊ သာယာဝတီ အကျဉ်းထောင် Anti Labour တိုက်ပွဲအထိမ်းအမှတ် အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်ရာ ကျင်းပစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ) ၈၈ မျိုးဆက်ကျောင်းသားများနှင့် ရွှေတွံတေး ဆရာတော် ဦးဝါယမ၊ ဦးပဏ္ဍိတ (မှော်ဘီမြင့်စိုး) နှင့် ကျဆုံးခဲ့ကြသော အကျဉ်းသားများ၏ မိသားစုဝင်များ တက်ရောက်ကြသည်။
(ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ) ၈၈ မျိုးဆက်ကျောင်းသားများနှင့် ရွှေတွံတေး ဆရာတော် ဦးဝါယမ၊ ဦးပဏ္ဍိတ (မှော်ဘီမြင့်စိုး) နှင့် ကျဆုံးခဲ့ကြသော အကျဉ်းသားများ၏ မိသားစုဝင်များတတ်ရောက် ကြစဉ်

"ကျွန်တော်တို့တွေက သူတစ်ပါးကို ရန်ပြုခဲ့ကြသူတွေမဟုတ်ကြပါဘူး၊ စာရွက်ဝေတယ်၊ဒို့အရေးအော်တယ်အားလုံးငြိမ်းငြိမ်းချမ်းချမ်းလုပ်ခဲ့ကြတာ၊ ထောင်ထဲရောက်တယ် ထောင်ရဲ့စည်းကမ်းမှန်သမျှ ချိုးဖောက်ရမယ်လို့ ကျွန်တော်တို့ သဘောမထားပါဘူး၊ ထောင်ရဲ့အလုပ်ကိုလည်း ကျွန်တော်တို့ မကြောက်ပါဘူး၊ဦးချိုးတဲ့အနေနဲ့မင်းတို့ဟာ နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူး၊ မင်းတို့ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချမှတ်လိုက်တာ ဆိုပြီး မတရားတဲ့ အမိန့်အာဏာတွေနဲ့ စေခိုင်းခဲ့တာပါ၊ ကျွန်တော်တို့ကိုအဲ့လို လုပ်တဲ့သူတွေကို ပြစ်ဒဏ်ပေးဖို့ရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး၊ အဲလိုတွေဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းမှတ်တမ်းတင်စေချင်တဲ့ အတွက်လုပ်တာလို့ပြောပါတယ်။"

ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေကို သာယာဝတီ အကျဉ်းထောင်အတွင်းမှာ အခြားရာဇဝတ် အကျဉ်းသားတွေနဲ့ တန်းတူအလုပ်စေခိုင်းတာတွေရှိခဲ့တဲ့အပြင် ကျောင်းသားအကျဉ်းသားတွေကိုလူမဆန်တဲ့ညှင်းပန်းနှိပ်စက်မှုတွေကိုသမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ ဖော်ပြပေးစေလိုတဲ့အတွက် အခုလို ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းက ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကိုသာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် ထောင်တွင်းမှာ အလုပ်ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို ၁၉၈၉ ခုနှစ် သာယာဝတီအကျဉ်းထောင်အတွင်းက Anti Labour ခေါ်အလုပ်ဆန့်ကျင်ရေးတိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားဟောင်း
တွေသံဃာတော်တွေအပြင်တိုက်ပွဲဝင်ရင်း သေဆုံးသွားကြတဲ့ ကျောင်းသား တွေရဲ့ မိသားစုဝင်တွေ အပါအဝင် လူဦးရေ (၃၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။

RFA (Burmese)

0 comments:

Post a Comment