Pages

Saturday, February 2, 2013

ခွဲစိတ်ကုသမှုကအ၀လွန်ခြင်းအပေါ် ထိရောက်မှုရှိသလား

ခွဲစိတ်ကုသမှုကအ၀လွန်ခြင်းအပေါ် ထိရောက်မှုရှိသလား

အ၀လွန်သူရာပေါင်းများစွာသည်ခွဲ စိတ်မှုပြုအပြီး ဆယ်စုနှစ်များအကြာအထိ ပျမ်းမျှ၂၆ကီလိုဂရမ်ခန့်ထိ လျော့ကျမှုကို ထိန်းသိမ်းထားနိုင်ကြောင်းက သြစတေးလျနိုင်ငံမှ ပြုလုပ်သောသုတေသနတစ်ရပ်တွင် ဖော်ပြထားသည်။
သြစတေးလျနိုင်ငံ၊ မယ်ဘုန်းမြို့မှ Monash University မှ ပါမောက္ခ Dr. Paul Brien နှင့်အဖွဲ့သည်အစာ အိမ်ခွဲစိတ်မှုတစ်ရပ်ဖြစ်သော Gastric banding ကိုခံယူထားသူ ၃၂၂၇ဦးကို ၁၉၉၄ခုနှစ်မှ စတင်လေ့လာခဲ့ခြင်း ဖြစ်ပြီး ၂၀၁၁ခုနှစ်အထိ လေ့လာမှုပြုလုပ်ခဲ့သည်။ ယခုသုတေသနတွင် ပါဝင်သောအ၀လွန်သူများသည် အသက်၄၇နှစ် ပျမ်းမျှရှိသူတစ် ဦးဖြစ်ပြီး၇၈%မှာအမျိုးသမီးများဖြစ်သည်။
ပါဝင်သူ၃၂၂၇ဦးအနက်၇၁၄ဦးသည် လွန်ခဲ့သော၁၀နှစ်ခန့်က ခွဲစိတ်ကုသမှုခံယူခဲ့ကြပြီး ခွဲစိတ်ပြီးချိန်မှ စတင်၍ ကျဆင်းခဲ့သောပျမ်းမျှ ကိုယ်အလေးချိန်၂၆ကီလိုဂရမ်ကျဆင်းမှုကို ၁၀နှစ်ကြာသည်အထိ ထိန်းသိမ်းထားနိုင်သည်ဟု တွေ့ရှိခဲ့ကြသည်။
ခွဲစိတ်မှုခံယူပြီးနောက်ခွဲစိတ်မှုကြောင့်သော်လည်းကောင်း၊ အ၀လွန်မှုကြောင့်လည်းကောင်းသေဆုံးမှု တစ်စုံတစ်ရာမရှိကြောင်းကို ယခုသုတေသနတွင်ဖော်ပြထားသည်။
အစာအိမ်ခွဲစိတ်မှုတစ်ရပ်ဖြစ်သော Gastric banding သည်ခွဲစိတ်မှု၏သဘောသဘာဝဖြစ်သော အန္တရာယ်များကိုကြုံတွေ့ရနိုင်သည့် အားနည်းချက်ရှိသော်ငြား အချိန်ပေးပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အစားအစာကိုမျှတအောင်စားခြင်းများထက်စာလျှင် အနောက်နိုင်ငံများတွင်ပို၍ ရွေးချယ်နေကြသည်ဟု ယခုသုတေသနစာတမ်းတွင် တင်ပြထားသည်။

သန့်စင်
Ref: ANI
Health Updates Journal
Vol-2,No-5

Credit to : Health Updates Journal
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

အ၀လွန်သူရာပေါင်းများစွာသည်ခွဲ စိတ်မှုပြုအပြီး ဆယ်စုနှစ်များအကြာအထိ ပျမ်းမျှ၂၆ကီလိုဂရမ်ခန့်ထိ
လျာ့ကျမှုကို ထိန်းသိမ်းထားနိုင်ကြောင်းက သြစတေးလျနိုင်ငံမှ ပြုလုပ်သောသုတေသနတစ်ရပ်တွင် ဖော်
ပြထားသည်။သြစတေးလျနိုင်ငံ၊ မယ်ဘုန်းမြို့မှ Monash University မှ ပါမောက္ခ Dr. Paul Brien နှင့်အဖွဲ့
သည်အစာ အိမ်ခွဲစိတ်မှုတစ်ရပ်ဖြစ်သော Gastric banding ကိုခံယူထားသူ ၃၂၂၇ဦးကို ၁၉၉၄ခုနှစ်မှ စတင်
လေ့လာခဲ့ခြင်း ဖြစ်ပြီး ၂၀၁၁ခုနှစ်အထိ လေ့လာမှုပြုလုပ်ခဲ့သည်။
ယခုသုတေသနတွင် ပါဝင်သောအ၀လွန်သူများသည် အသက်၄၇နှစ် ပျမ်းမျှရှိသူတစ်ဦးဖြစ်ပြီး၇၈%မှာအ
မျိုးသမီးများဖြစ်သည်။

ပါဝင်သူ၃၂၂၇ဦးအနက်၇၁၄ဦးသည် လွန်ခဲ့သော၁၀နှစ်ခန့်က ခွဲစိတ်ကုသမှုခံယူခဲ့ကြပြီး ခွဲစိတ်ပြီးချိန်မှ စ

တင်၍ ကျဆင်းခဲ့သောပျမ်းမျှ ကိုယ်အလေးချိန်၂၆ကီလိုဂရမ်ကျဆင်းမှုကို ၁၀နှစ်ကြာသည်အထိ ထိန်းသိမ်း
ထားနိုင်သည်ဟု တွေ့ရှိခဲ့ကြသည်။

ခွဲစိတ်မှုခံယူပြီးနောက်ခွဲစိတ်မှုကြောင့်သော်လည်းကောင်း၊ အ၀လွန်မှုကြောင့်လည်းကောင်းသေဆုံးမှု တစ်

စုံတစ်ရာမရှိကြောင်းကို ယခုသုတေသနတွင်ဖော်ပြထားသည်။

အစာအိမ်ခွဲစိတ်မှုတစ်ရပ်ဖြစ်သော Gastric banding သည်ခွဲစိတ်မှု၏သဘောသဘာဝဖြစ်သော အန္တရာယ်

များကိုကြုံတွေ့ရနိုင်သည့် အားနည်းချက်ရှိသော်ငြား အချိန်ပေးပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အစားအစာကို
မျှတအောင်စားခြင်းများထက်စာလျှင် အနောက်နိုင်ငံများတွင်ပို၍ ရွေးချယ်နေကြသည်ဟု ယခုသုတေသန
စာတမ်းတွင် တင်ပြထားသည်။

သန့်စင်
Ref: ANI
Health Updates Journal

0 comments:

Post a Comment