Pages

Saturday, February 2, 2013

မော်လမြိုင်-ရန်ကုန် ကျည်ဆန် ရထားလမ်း ဖောက်လုပ်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ ကုမ္ပဏီ တွေ့ဆုံ

မွန်ပြည်နယ် အစိုးရ အဖွဲ့ ရုံးခန်းမ၌ ဇန်နဝါရီ ၂၉ရက် မွန်းလွဲ ၂ နာရီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ထိုင်းနိုင်ငံ AmmitaCo မှ Mr.Aukklik ဦးဆောင်သော ထိုင်း လုပ်ငန်းရှင် များနှင့် မော်လမြိုင်-ရန်ကုန် ကျည်ဆန်ရထား လမ်းဖောက်လုပ်ရေး ကိစ္စနှင့် ပတ်သက်၍ လက်ခံတွေ့ဆုံခဲ့ရာ တွေ့ဆုံပွဲသို့ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် မြန်မာ့ မီးရထားမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။ တွေ့ဆုံရာတွင် ထိုင်းကုမ္ပဏီ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် ဦးအောင်ကျော်သန်းက ရန်ကုန်-မန္တလေးနှင့် မော်လမြိုင်တွင် ကျည်ဆန် ရထားလမ်း ဖောက်လုပ်ရန် ပြည်ထောင်စု ဝန်ကြီးထံ တင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော် သမ္မတထံ တင်ပြပြီးနောက်
မော်လမြိုင်- ရန်ကုန် ကျည်ဆန်ရထားလမ်း ဖောက်လုပ်ရန် ပြောကြားသဖြင့် လာရောက် တွေ့ဆုံခြင်း ဖြစ်ပြီး ရထားမှာ ဘီးမပါဘဲ မဂ္ဂနစ်နှင့် လျှပ်စစ်နှစ်မျိုး ပေါင်းပြီး ဂျာမနီ နည်းပညာဖြင့် ဆောင်ရွက်မည် ဖြစ်သည်။

အဆိုပါ ရထားသည် တစ်နာရီကီ လိုမီတာ ၅၈ဝ နှုန်းဖြစ်၍ ရန်ကုန်-မော်လမြိုင် တစ်နာရီ မကြာနိုင်ကြောင်း၊ လမ်းခရီး အတွက် တစ်ဦးလျှင် ငွေကျပ် ၆ဝဝဝသာ ကျသင့်ကြောင်း၊ ရထားလမ်း အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၅ ဘီလီယံ ကုန်ကျမည် ဖြစ်ကြောင်း၊ အကျိုးအမြတ် ရရှိငွေ များကို မြန်မာနိုင်ငံ အတွက် အချိုးကျ ခွဲဝေပေးမည် ဖြစ်ကြောင်းနှင့် BOT စနစ်ဖြင့် လုပ်ကိုင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်က အဆိုပါ စီမံကိန်းမှာ ခရီးသွား လာမှု အဆင်ပြေရေး ဖြစ်သည့် အတွက် ကြိုဆိုပါကြောင်း၊ မိမိတို့ အစိုးရ အဖွဲ့က လိုအပ်သည် များကို ကူညီ ပံ့ပိုးပေးမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားကြောင်း သတင်း ရရှိသည်။

  မြ၀တီ

0 comments:

Post a Comment