Pages

Saturday, March 12, 2016

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ဘန်ထန့်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စိတ်ကြွရူး သွပ်ဆေးပြား များ သယ်ဆောင်လာသော မြန်မာလေးဦးအနက် တစ်ဦးအသေ ၊ သုံးဦးအရှင်ဖမ်းဆီးရမိ


RangonNewsDaily::March . 12 .2016
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်း ခရိုင် မယ်ဆိုင်မြို့ နယ် ၊ ပုံငန်းတိုက် နယ် ဘန်ထန့် ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသော မြန်မာလေး ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား နှစ် သိန်း၊ ၉ မမ ပစ္စတိုတစ်လက်၊ လက် ကိုင်ဖုန်းနှစ်လုံးနှင့် ဆိုင်ကယ်တစ်စီး တို့ သိမ်းဆည်းရမိပြီး တစ်ဦးအသေ၊ သုံးဦးအရှင် ဖမ်းဆီး ခဲ့ကြောင်း မယ် ဆိုင်အွန်လိုင်းသတင်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၀ ရက် ည နေ ၅ နာရီအချိန်က ထိုင်းနိုင်ငံ ချင်း ရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ပုံငန်း တိုက်နယ် ဘန်ထန့်ပူးပေါင်း စစ်ဆေး ရေးဂိတ်တွင် တာဝန်ကျ အမှတ်(၂)လှုပ်ရှားယန္တရားတပ်မှ တာဝန်ကျတပ် ဖွဲ့ဝင်များ၊ မယ်ဆိုင်မြို့နယ်၊ အမှတ် (၁၉၁)ရဲ တပ်ဖွဲ့ဝင်များသည် မယ်ဆိုင် မြို့နယ်ဘက်မှ ချင်းရိုင်းမြို့နယ်ဘက် သို့ထွက်ခွာလာသော ယာဉ်များအား စစ်ဆေးခဲ့ရာ ညနေ ၆ နာရီခန့်တွင် မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးဖြင့် အာခါလူမျိုးနှစ်ဦးနှင့် ကျောပိုးအိတ် ဖြင့် လမ်းလျှောက်လာသည့် အာခါ လူမျိုးနှစ်ဦး၊ စုစုပေါင်း မြန်မာနိုင်ငံ သား လေးဦးတို့အားတွေ့ရှိရ၍ ခေါ် ယူစစ်ဆေးခဲ့ရာ သုံးဦးသာ စစ်ဆေး ခံခဲ့ပြီး ကျန်တစ်ဦးမှာ လမ်း၏ယာ ဘက်ရှိ လိုင်းချီးစိုက်ပျိုးခြံဘက်သို့ ထွက်ပြေးသွားခဲ့သည်။ အဆိုပါထွက် ပြေးသွားသူအား နယ်မြေခံတပ်မှ လိုက်၍ဖမ်းဆီးခဲ့ရာ ထွက်ပြေးသွား သည့်တရားခံမှ အသင့်ယူဆောင်လာ သော ၉ မမပစ္စတိုဖြင့် ခုခံပစ်ခတ် သဖြင့် နယ်မြေခံတပ်မှ ပြန်လည်ပစ် ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိ ခဲ့သည်။

ထို့နောက် ၎င်းတို့အား ဆက် လက်စစ်ဆေးရာ အသေဖမ်းဆီးရမိ သူ မှာ မောင် အားဆီး ၃၅ နှစ်ဖြစ်ပြီး မောင်အားစီ ၄၈ နှစ်၊ မောင်အာဆာ ၄၃ နှစ်၊ မောင်ဖိုင်းလို့ ၃၀ နှစ် မိုင်း ကိုးကျေးရွာ၊ တာချီလိတ်မြို့နယ်နေ ထိုင်သူတို့ကို အရှင်ဖမ်းဆီးခဲ့သည်။ 

၎င်းတို့နှင့်အတူ WY စာတန်းပါ စိတ် ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀၊ ၉ မမပစ္စတိုတစ်လက်၊ လက်ကိုင် ဖုန်းနှစ် လုံး၊ ထိုင်း-98 Honda Wave အပြာ ရောင် ဆိုင်ကယ်တစ်စီး တို့အားဖမ်း ဆီးရမိခဲ့ကြောင်းနှင့် ၎င်းတို့မှ တစ် ဦးလျှင် အခကြေးငွေ ထိုင်းနိုင်ငံ သုံးဘတ်ငွေ ၁၀၀၀ ဖြင့်သယ်လာ ပြီး လာယူမည့်သူ လက်အတွင်း မရောက်ခင် ဖမ်းဆီးရမိကြောင်း မယ်ဆိုင်ရဲစခန်းမှ သိရသည်။
Democracytoday , RangonNewsDaily




0 comments:

Post a Comment