Pages

Saturday, March 12, 2016

ဒလ-ရန်ကုန်ကူးတို့သမ္ဗန်တစ်စင်း ဆီးနှင်းများထူထပ်စွာကျဆင်းမှုကြောင့်တိမ်းမှောက်၊ သက်ကြီးရွယ်အိုနှစ်ဦးပျောက်ဆုံးနေ


RangonNewsDaily::March . 12 .2016
ရန်ကုန်တိုင်းဒေသ ကြီးတောင်ပိုင်းခရိုင် ဒလမြို့နယ်ရှိ ရေ ကန်ဆိပ်မှ စဥ့်အိုးတန်းသမ္ဗန်ဆိပ်သို့ သွားသည့် ခရီးသည်တင် စက်တပ် သမ္ဗန်တစ်စင်း သည် ယနေ့နံနက် ၃ နာရီခွဲခန့်က ရာသီဥတုဆိုးရွားမှုကြောင့် ရေလယ်တွင် တိမ်းမှောက်ခဲ့ရာ ကိုးဦး ကို ပြန်လည်ဆယ်ယူနိုင်ခဲ့သော်လည်း နှစ် ဦးပျောက်ဆုံးလျက်ရှိကြောင်း သိရ သည်။
ဒလဘက်ကမ်းရှိ "ရေကန်" သမ္ဗန် ဆိပ်သည် အသုံးပြုသူနည်းပါးသည့် ဂိတ်တစ်ခုဖြစ်ပြီး အောင်နိုင်လွင်(၄)အမည်ရှိ သမ္ဗန်သည် မေ ၁၀ ရက် နံနက် ၃ နာရီခွဲက ခရီးသည် ၁၁ ဦး နှင့် ရန်ကုန်ဘက်ကမ်းရှိ စဥ့်အိုးတန်း ဆိပ်သို့သွားရာတွင် ဆီးနှင်းများ ထူထပ် စွာကျဆင်း၍ ရာသီဥတုဆိုးရွား ခဲ့ သောကြောင့် ရေလယ်အရောက်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါသမ္ဗန်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် သမ္ဗန်မောင်းကို ဆိပ် ကမ်းရဲစခန်းမှ ဖမ်းဆီးလျက် အမှုဖွင့် စစ်ဆေးနေသည်ဟု သိရသည်။
.
အဆိုဖြစ်စဉ်နှင့်ပတ်သက်၍ ဒီမိုကရေစီတူဒေးသတင်းစာအနေဖြင့် ရေကန် ဆိပ်မှ တာဝန်ရှိသူများကို မေး မြန်းသော်လည်း အစည်းအဝေး သွား နေခြင်းကြောင့် မေးမြန်း၍မရပေ။ လက်ရှိတွင် ပျောက်ဆုံးနေသူ နှစ်ဦးမှာ ဒလမြို့ ဗိုလ်ရန်ပြေရပ်ကွက် နေ ထိုင်သူ အသက် ၆၀ နှစ်အထက်ရှိ အမျိုးသားကြီးတစ်ဦးနှင့် အမျိုးသမီး ကြီးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်သမ္ဗန် ဂိတ် ထိုးရာ 'ရေကန်ဆိပ်'သည် ယနေ့တွင် ခေတ္တ ယာယီပိတ်ထားကြောင်း၊ ယင်း ဆိပ်မှ စက်တပ်ရေယာဉ်ကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိသူများမှာ ခရိုင်ကြီး ကြပ်ရေးအဖွဲ့မှဆင့်ခေါ်သောကြောင့် ဂိတ်တွင်မရှိဟု ဂိတ်စောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြော သည်။
.
၎င်းက "နှင်းဆိုတဲ့အရာမျိုးက ဘယ်လိုကြည့်ကြည့်မြင်ရတာမဟုတ် ဘူး။ မီးနဲ့ ဘယ်လောက်ထိုးကြည့် ကြည့်မြင်ရတာမဟုတ်လို့ နှင်းကျရင်မသွားတာ အကောင်းဆုံးပဲ"ဟု သုံးသပ်ပြောသည်။
ရေကန်သမ္ဗန်ဆိပ်သည် နေ့စဉ် နံနက် ၄ နာရီမှ ည ၈ နာရီအထိဖွင့် ပြီး စုစုပေါင်းသမ္ဗန် ၂၂ စင်းရှိသော် လည်း စီးနင်းသူနည်းပါးကာ တစ်ဦး တည်းတစ်စင်းလုံးငှားသူများသာ အ သွားများကြောင်း အဆိုပါ သမ္ဗန် ဆိပ်အနီးတွင် နေထိုင်သူများထံမှ သိရသည်။
.
ယင်းသမ္ဗန်ဆိပ်အနီးရှိသည့် ဒလကားဂိတ်(တံလျှပ်ဆိပ်)မှဂိတ်မှူး ဦးရဲမြင့်က "ရာသီဥတုဆိုးတဲ့အချိန် ကိုလုံးဝပေးမထွက်ဘူး။ ပိတ်ထား တယ်။ ဟိုဘက်ကမ်းမှာ မီးရောင်မြင် တယ် နှင်းနည်းနည်းကွဲလာပြီဆိုမှ ဒီက ထွက်ခွင့်ပြုတာပေါ့။ အထက်အဖွဲ့ အစည်းအဆင့်ဆင့်ကလည်း ညွှန် ကြားထားတယ်။
.
နှင်းအရမ်းကျရင်မထွက်ရဘူး။ နှင်းသိပ်ကျတာတို့၊ လေတအား တိုက်တာတို့ မထွက်ရဘူး။ ပိတ်ထားတယ်။ အထက်က ညွှန်ကြား တဲ့အတိုင်းနဲ့ ဒီအသင်းရဲ့ စည်းကမ်း ပိုင်းဆိုင်ရာ လိုက်နာမှုရှိရင်တော့ အန္တရာယ်မရှိဘူး"ဟုပြောသည်။
"သမ္ဗန်မှောက်မှုတွေမဖြစ် အောင် ဂိတ်မှူးအနေနဲ့အကြံပြုချင် တာက စည်းကမ်းကိုလိုက်နာမယ်ဆို လို့ရှိရင်တော့ အန္တရာယ်အကင်းရှင်း ဆုံးပေါ့လေ။ မိုးထန်တဲ့အချိန် မထွက် ဖို့၊ နှင်းသိပ်ပိတ်နေတဲ့အချိန်မထွက် ဖို့၊ ရေတအားစီးတဲ့အချိန်မထွက်ဖို့လိုက်နာမှုရှိရင် ဒါဟာ ဘယ်လိုမှ အန္တ ရာယ်မဖြစ်နိုင်ပါဘူး"ဟု သမ္ဗန်ဂိတ် တစ်ခုမှ ဦးရဲမြင့်က အကြံပြုပြောသည်။
Democracytoday , 
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment