Pages

Saturday, March 12, 2016

တက္ကသိုလ်ဝင်စာမေးပွဲအင်္ဂလိပ်စာဘာသာဖြေဆိုရန် ကျောင်းသား/သူ ရှစ်ရာကျော် ထပ်မံပျက်ကွက်


RangonNewsDaily::March . 12 .2016
ဒီနေ့ မတ်လ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ 
အင်္ဂလိပ်စာဘာသာကို လာရောက်မဖြေဆိုတဲ့ ကျောင်းသား/သူ၈၈၄ ဦး ရှိခဲ့တယ်လို့ 
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက Popular News ကိုပြောပါတယ်။
မနေ့က မတ်လ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာစာဘာသာမှာလည်း 
ကျောင်းသား/သူ စုစုပေါင်း ၃၅၄၃၀ ဦးဟာ ဖြေဆိုဖို့ပျက်ကွက်ခဲ့တာကြောင့် ဒီကနေ့ အင်္ဂလိပ်စာလာမဖြေတဲ့၈၈၄ ဦး ကိုပါထပ်ပေါင်းရင်၂ရက်အတွင်းစာမေးပွဲလာဖြေဖို့ပျက်ကွက်ခဲ့တဲ့ ဦးရေစုစုပေါင်းဟာ၃၆၃၁၄ ဦးအထိ ရှိသွားခဲ့ပါတယ်။
.
မြန်မာနိုင်ငံဒေသအသီးသီးမှာရှိတဲ့ စာစစ်ဌာနပေါင်း ၁၄၇၀ ဌာနမှာ မနေ့က ပြုလုပ်ခဲ့တဲ့ မြန်မာစာဘာသာကို လာရောက်ဖြေဆိုတဲ့ ကျောင်းသား/သူတွေရဲ့ အရေအတွက်ကို ရာခိုင်နှုန်းအရ တွက်ချက်လိုက်ရင် ၉၄ ဒသမ ၇၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ အင်္ဂလိပ်စာဘာသာကို ကျောင်းသား/သူ စုစုပေါင်း ၆၃၅၂၆၀ ဦးသာ လာရောက်ဖြေဆိုကြတဲ့အတွက် ရာခိုင်နှုန်းအရတွက်ချက်လိုက်ရင်တော့ ၉၄ ဒသမ ၅၉ ရာခိုင်နှုန်းပဲ ရှိတော့ကြောင်း သိရပါတယ်။
Popular News , RangonNewsDaily


0 comments:

Post a Comment