Pages

Saturday, March 12, 2016

ဟင်္သာတတက္ကသိုလ်အနီး လူသတ်အလောင်းဖျောက်မှုနှင့် ဆက်စပ်၍ ရဲစခန်းက ဖမ်းဆီးစစ်ဆေးနေသူ ကျန်းမာရေးမှူးက တရားရုံး၌ ဖြောင့်ချက်ပေး

ဟင်္သာတမြို့နယ်တရားရုံး၌ ဖြောင့်ချက်ပေးခဲ့သူကို တွေ့ရစဉ်
RangonNewsDaily::March . 12 .2016
ဟင်္သာတတက္ကသိုလ်အနီး လူသတ်အလောင်းဖျောက်မှုနှင့် ဆက်စပ်၍ ရဲစခန်းက ဖမ်းဆီးစစ်ဆေးနေသူ ကျန်းမာရေးမှူးက မတ် ၁၀ ရက်တွင် ဟင်္သာတမြို့နယ် တရားရုံး၌ ဖြောင့်ချက်ပေးခဲ့ကြောင်း သတင်းရသည်။
တရားရုံး၌ ဖြောင့်ချက်ပေးခဲ့သူမှာ စစ်ကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် နေထိုင်သူဦးသန်းဇော် ၃၅ နှစ်ဖြစ်ပြီး ဟင်္သာတမြို့နယ်၊ စစ်ကုန်းကျန်းမာရေးဌာနခွဲ၌ ကျန်းမာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ကြောင်း သိရသည်။
“ဟင်္သာတတက္ကသိုလ် နောက်ကျောမှာ အလောင်းတွေ့ရှိမှုနဲ့ ပတ်သက်ပြီး အဖမ်းခံထားရတဲ့ တရားခံသန်းဇော် ကျန်းမာရေးမှူးပေါ့။ သူက ဒီနေ့ ဟင်္သာတမြို့နယ်တရားရုံးမှာ ဖြောင့်ချက်လာပေးသွားပါတယ်”ဟု ဟင်္သာတမြို့နယ် တရားသူကြီးက မတ် ၁၀ ရက် ညနေပိုင်းတွင် အတည်ပြု ပြောကြားသည်။
.
အမှုနှင့် ပတ်သက်ပြီး သံသယရှိသဖြင့် အလောင်းတွေ့ပြီး ၅ ရက်အကြာတွင် ကျန်းမာရေးမှူး ဦးသန်းဇော်ကို ဟင်္သာတမြို့မရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ပြီး မတ် ၉ ရက်တွင် စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် တရားရုံး၌ ချုပ်မိန့်ရမန်ယူခဲ့ပြီးနောက် စွပ်စွဲခံရသူက မတ် ၁၀ ရက်တွင် တရားရုံး၌ ဖြောင့်ချက်ပေးခဲ့ခြင်းဖြစ်သည်။
“ဒီအမှုဖြစ်စဉ်မှာ တခြားသူလည်း ပါဝင်ပတ်သက်မှု ရှိတယ်လို့ ဦးသန်းဇော်က ထွက်ဆိုထားတဲ့အတွက် အဲဒီလူကို ဆက်လက် စုံစမ်းနေပါတယ်” ဟုရဲအရာရှိတစ်ဦးက ပြောကြားသည်။
.
ဟင်္သာတတက္ကသိုလ်အနီး မြို့ရှောင်လမ်း (ချစ်သူလမ်းကြား)၊ လယ်ကွင်းစပ်၌ မသင်္ကာဖွယ်ရာ အနေအထားတွေ့ရှိရာမှ မတ် ၃ ရက် တွင် လယ်ပိုင်ရှင်၏ အကြောင်းကြား ဆက်သွယ်ခဲ့မှုအရ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက တူးဖော်ခဲ့ရာ အရိုးကျခါစ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလောင်းကို တူးဖော်ခဲ့စဉ်က သေဆုံးသူ၏ ပါးစပ်ကို တိပ်အ၀ါဖြင့် ပိတ်ထားကာ ဘယ်ဘက်တစ်စောင်းအနေအထားဖြင့် မြှုပ်နှံထားသည်ကို တွေ့ရှိရပြီး အရိုးကျခါစအနေအထားဖြစ်နေသဖြင့် သေဆုံးသူကို ချက်ချင်း မခန့်မှန်းနိုင်ဘဲ စုံစမ်းစစ်ဆေးပြီးမှသာ မရမ်းလေးကျေးရွာ မူလတန်းကျောင်းမှ မူလတန်းပြ ဆရာဦးအေးနိုင် ၃၄ နှစ်၏ ရုပ်အလောင်းဖြစ်ကြောင်း မတ် ၇ ရက်တွင်မှ ရဲတပ်ဖွဲ့က တရားဝင်အတည်ပြုခဲ့ကြောင်း သိရသည်။
.
သေဆုံးသူပျောက်သွားသည့်ရက်နှင့် အလောင်းတွေ့သည့် ရက်မှာ ၁၂ ရက်သာ ကွာခြားသော်လည်း အလောင်းတူးဖော်တွေ့ရှိချိန်၌ အရိုးကျခါစ အနေအထား ရှိနေသဖြင့် ဓာတုနည်းပညာတစ်ခုခုဖြင့် လုပ်ဆောင်ထားသည်ဟု ယူဆထားသဖြင့် အလောင်းပေါ်တွင် ဖုံးထားသည့်မြေကို ဓာတုဗေဒ ပေးပို့စစ်ဆေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတို့က ထုတ်ဖော်ပြောကြားထားသည်။
အောင်ကျော်မျိုး (ဟင်္သာတ) /EMG 

KOLATT(PBDN)

RangonNewsDaily






0 comments:

Post a Comment