Pages

Friday, March 11, 2016

ဒုတိယသမ္မတလောင်းတွေကို အရည်အချင်းရှိလို့ရွေးလိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည်ဆို


RangonNewsDaily::March . 10 .2016
အစိုးရအဖွဲ့မှာတာဝန်မြင့်မြင့်ထမ်းဆောင်ခြင်းမရှိတဲ့ တိုင်းရင်းသားများကိုသာ နိုင်ငံတော်ဒုတိယသမ္မတလောင်းများအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
"အရည်အချင်းရှိတဲ့တိုင်းရင်းသားတွေဖြစ်ရမယ် ကရင်ဟုတ်လို့ ကချင်ဟုတ်လို့ရွေးလိုက်တာမဟုတ်ဘူး ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေရှိလို့ရွေးလိုက်တာ နံပါတ်တစ်အချက်အနေနဲ့ အဖွဲ့အစည်းအပေါ်သစ္စာရှိရမယ် နံပါတ်နှစ် စည်းမျည်းစည်းကမ်းတွေလိုက် နာရမယ် နံပါတ်သုံးအချက်အနေနဲ့ နိုင်ငံတကာအနေနဲ့ သမ္မတလောင်းအရည်အချင်းအပေါ်မှာ ပြောစရာမရှိအောင်ဖြစ်ရမယ်"လို့၎င်းကဆိုပါတယ်။
.
အဲဒီလိုရွေးချယ်လိုက်တဲ့အပေါ်မှာလည်း ပြည်သူတွေအနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ကြောင်း ၄င်းကထပ်မံဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်ရှိစည်ပင်ရိပ်သာအတွင်း ဒီနေ့ပြုလုပ်တဲ့တွေ့ဆုံပွဲမှာ အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်ပါတယ်။
Popular News ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment