Pages

Friday, March 11, 2016

ထိုင်းနိုင်ငံ တာ့ခရိုင်အတွင်းရှိရွှေ့ပြောင်းမြန်မာကျောင်းသူကျောင်းသား ၁၀၆ ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို


RangonNewsDaily::March . 9 .2016
ထိုင်းနိုင်ငံ တာ့ခရိုင်အတွင်းရှိ ရွှေ့ပြောင်းမြန်မာကျောင်းတွေက ကျောင်းသူ ကျောင်းသား ၁၀၆ ဦးဟာ ကရင်ပြည်နယ် မြ၀တီမြို့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သွားရောက်ဖြေဆိုနေပါတယ်။
နိုင်ငံတ၀ှမ်း ဒီကနေ့စတင်ကျင်းပနေတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့ မြန်မာနယ်စပ်တာ့ခရိုင် မဲဆောက်မြို့မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာကျောင်း ၃ ကျောင်းက ကျောင်းသူကျောင်းသား ၁၀၆ ဦး ၀င်ရောက်ဖြေဆိုနေတာလို့ ရွှေ့ပြောင်းမြန်မာကျောင်းတခုဖြစ်တဲ့ ဆာသူးလေကျောင်းက ကျောင်းအုပ်ဆရာမကြီး နော်ဆာအယ်က ပြောပါတယ်။





“ကျောင်းသူကျောင်းသားက ၁၀၆ ယောက်။ သွေးသစ်ကျောင်း၊ ဆာသူးလေးကျောင်းနဲ့ ပြည်တွင်းထဲမှာရှိတဲ့ ကပေါ်ထော်ကျောင်းက ကျောင်းသူကျောင်းသား တွေဖြစ်တယ်။ သူတို့က စာစစ်ဌာန အ.ထ.က (၁) မြ၀တီမှာဖြေတယ်။ သွေးသစ်ကျောင်းကတော့ အ.မ.က – ၁ မှာ သွားတည်းတယ်။ ဆာသူးလေနဲ့ ကပေါ်ထော် ကျောင်းကတော့ မဟာစည်ကျောင်းတိုက်မှာ သွားတည်းတယ်။”
ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းမြန်မာကျောင်းသူကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ – ၂၀၀၃ ပညာသင်နှစ်ကစပြီး မြန်မာနိုင်ငံတွင်းမှာ စာမေးပွဲ ဖြေဆိုခွင့် ရရှိထားတာ ဖြစ်ပြီး ခု စတုတ္ထအကြိမ်မြောက် ဖြေဆိုခွင့်ရတာပါ။
.
ပြီးခဲ့တဲ့နှစ်က ရွှေ့ပြောင်းမြန်မာကျောင်းက ကျောင်းသူနဲ့ ကျောင်းသား ၁၆၅ ယောက် ၀င်ရောက် ဖြေဆိုခဲ့ပြီး အဲဒီထဲက ၂၇.၅ ရာခိုင်နှုန်း စာမေးပွဲအောင်မြင်ခဲ့တယ်လို့ ဆရာမ နော်ဆာအယ်က ပြောပါတယ်။
အခုနှစ် တနိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသားကျောင်း သူဦးရေ ၇ သိန်းနီးပါး ရှိပြီ မတ်လ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့ တရက်တဘာသာ ဖြေဆိုမှာဖြစ်ပါတယ်။
DVB , 
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment