Pages

Friday, March 11, 2016

ကလေးမြို့ ရွှေဆိုင် ဓားပြတိုက်ခံရ


RangonNewsDaily::March . 10 .2016
ကလေးမြို့ မြို့မဈေးအနီးရှိ ရွှေဝါလင်းရွှေဆိုင်၌ ယနေ့ (မတ် ၁၀ ရက်) နံနက် ၉ နာရီခန့်က ဓားပြတိုက်ခံရပြီး ရွှေအကျစ် ငါးဆယ်ကျပ်သား (ကာလတန်ဖိုး ကျပ်သိန်း ၄၀၀ ခန့်) ပါသွားကြောင်းသိရသည်။





ဓားပြတိုက်သူမှာ မျက်နှာဖုံးစွပ်ထားသူ တစ်ဦးတည်း ဖြစ်ပြီး ကောင်တာမှ ပစ္စည်းများ ရိုက်ခွဲရယူကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ရာ နတ်ချောင်းရွာ အိုမီဂါ အလှပြင်ဆိုင်အနီးတွင် ဖမ်းမိခဲ့ကြောင်း The Voice သတင်းထောက်က သတင်းပေးပို့သည်။
(ဓာတ်ပုံ - ငြိမ်းသူမင်း၊ Yewin Tun)
The Voice ::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment