Pages

Friday, March 11, 2016

မြေနီကုန်း City Mart မြေညီထပ်၌ ဖွင့်ထားသည့် ဆိုင်တစ်ဆိုင်တွင် ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားပြီး ဆိုင်အလုပ်သမားလေးဦး ဒဏ်ရာရရှိ


RangonNewsDaily::March . 10 .2016
မြေနီကုန်း၊ စမ်ချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ ပြည်လမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ City Mart အတွင်း မြေညီထပ်၌ ဖွင့်ထားသည့် Happy cafe & Noodle ဆိုင်တွင် မတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီ ကျော်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။




“ဖြစ်တာက နံနက် ၉ နာရီကျော်လောက်မှာ ဖြစ်တာပါ၊ City Mart အောက်မှာဖွင့်ထားတဲ့ ကော်ဖီဆိုင်မှာပါ၊ ဂတ်စ်အိုးလှဲနေရင်း ခေါင်းပြုတ်ထွက်ပြီး မီးနဲ့ထိပီး ထပေါက်တာပါ၊ မီးလောင်မှုတော့ မဖြစ်သွားပါဘူး၊ ဂတ်စ်အိုးတွေ အသုံးပြုမယ်ဆိုရင်တော့ သေသေချာချာ ဂရုစိုက်ပြီး သုံးဖို့လိုပါတယ်၊ ပေါ့ဆလို့ မရပါဘူး ” ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိတစ်ဦး ကပြောသည်။
EMG::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment