Pages

Tuesday, July 3, 2012

ရန်ကုန်နှင့် ဘီလူးချောင်း ဓာတ်အားပေးစက်ရုံ ပြုပြင်ရေး ဂျပန်ကူညီမည်




ရန်ကုန်၌ ဓာတ်အားပေး စက်ရုံ နှစ်ရုံအသစ်တည် ဆောက်ပေးရေးအပြင် ဘီလူး ချောင်းဓာတ်အားပေးစက်ရုံ နှစ် ရုံတို့အား ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းတို့ကို ဂျပန်အစိုး ရမှ ပြုလုပ်ပေးသွားမည်ဟု ကတိပြုပြောကြား
ထားကြောင်း သိရသည်။



ဂျပန်အစိုးရအဖွဲ့နှင့် ဇွန်လ ဒုတိယပတ်အတွင်းကသွားရောက်
တွ့ဆုံခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး
 ဦးဌေးဦးက''ကျွန်တော်နဲ့တွေ့ခဲ့တုန်းက ဂျပန် အစိုးရအဖွဲ့က ဒီအတိုင်းပြောခဲ့တာ ပါ။ ရန်ကုန်မီးအားလုံလောက်
မှု ရှိ ဖို့လည်း ကန်ဒေါ်လာသန်း ၂ဝ ပေးဖို့ကိုလည်း ဂျပန်လွှတ်တော်ထဲ ဆုံးဖြတ်ခဲ့မှုကို ကျွန်တော့်ခရီးစဉ်အ တွင်းမှာပဲ သူတို့ 
ဆာင်ရွက်နိုင်ခဲ့ပါ တယ်။ ဒါကို ကျွန်တော်က မြန်မာ အစိုးရအဖွဲ့ကို ဂျပန်ကပဲ လှမ်းအသိ ပေးခဲ့ရပါတယ်''ဟု ပြောသည်။



၂ဝဝ၉ ခုနှစ်အထိ မြန် မာအစိုးရနှင့် ဂျပန်အစိုးရအကြား ဆက်ဆံမှုမှာ
အေးစက်ခဲ့သော် လည်း ၂ဝ၁ဝ ခုနှစ်မှစ၍ နှစ်နိုင်ငံ 
ဆက်ဆံရေးမှာ တိုးတက်လာခဲ့ သည့်အတွက်ယခုကဲ့သို့ အကူအညီ ပေးရေးတို့ကို ဂျပန်အစိုးရဘက်မှ ဆောင်ရွက်ပေး
ခဲ့ခြင်းဖြစ်ကြောင်း လည်း ဦးဌေးဦးက ပြောသည်။


''မြန်မာဘက်က နိုင်ငံရေး ပြု ပြင်ပြောင်းလဲမှုတွေ ဆက်တိုက်လုပ်နေတာကို သူတို့တွေ တအံ့တ သြဖြစ်နေ
ကြတယ်။ ယုံတောင် မယုံနိုင်ကြဘူး။ ဒီအတွက်လည်း သူတို့ချီးကျူးနေကြပါတယ်။ အခု ပေးမယ့်အကူအညီတွေကို မြန်မာ အစိုးရနဲ့ သူတို့တွေဆက်လုပ်ကြပါ လိမ့်မယ်''ဟု ၄င်းကဆက်လက် ပြောသည်။


ဂျပန်အစိုးရမှ ရန်ကုန်၌ တည် ဆောက်ပေးမည့် ဓာတ်အားပေး စက်နှစ်
လုံးမှာ တစ်လုံးလျှင်မဂ္ဂါဝပ် ၆ဝဝ စီထွက်ရှိ
မည်ဟု သိရပြီး တစ်လုံးကို ရန်ကုန်မြို့အတွက် လိုအပ်နေသော ဓာတ်အားပေးရာ တွင် အသုံးပြုရန်နှင့် တစ်လုံးကို ဖော် ဆောင်မည့် သီလဝါစက်မှုဇုန် အတွက် အသုံးပြုနိုင်ရန်ဖြစ်သည် ဟု ဂျပန်အစိုးရ တာဝန်ရှိသူက ပြောသည်ဟု ဦးဌေးဦးက ပြန် လည်ပြောပြသည်။


ဂျပန်-မြန်မာ ချစ်ကြည်ရေး ဖြင့် ဘီလူးချောင်းဓာတ်အားပေး စက်ရုံနှစ်ရုံတည်ဆောက်ပေးခဲ့မှု 
တွင်လည်း နှစ်ကာလကြာမြင့်နေပြီ ဖြစ်သည့်အတွက် ခေတ်မီအောင်ပြန် လည်ပြုပြင်ပေးရန်နှင့် ထပ်မံလိုအပ် ပါက 
အသစ်တစ်လုံးတည်ဆောက် ပေးရန်လည်း ဂျပန်အစိုးရမှ ဆန္ဒ ရှိနေကြောင်းဦးဌေးဦးက ထပ်မံဆို သည်။
Popular Myanmar News Journal

0 comments:

Post a Comment