Pages

Tuesday, July 3, 2012

ဘင်္ဂလားဒေရှ် အကျဉ်းသား ၃၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေး



ဇူလိုင်လ ၃ ရက်နေ့ တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပြည်နှင်ဒဏ် ပေးခဲ့သော နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦးမှာ ဘင်္ဂလားဒေရှ့် နိုင်ငံသား များဖြစ်ကြောင်း သိရှိရသည်။

" နိုင်ငံခြားသား အကျဉ်းသားတွေဟာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို  လိုက်နာခဲ့တဲ့အတွက် အခုလိုလွှတ်ပေး ရခြင်း ဖြစ်ပါတယ် ၊ လွှတ်ပေးလိုက်တဲ့ နိုင်ငံခြားသား အကျဉ်းသားအားလုံးက ဘင်္ဂလားဒေရှ့်နိုင်ငံ ကဖြစ်ပါတယ် " ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင် နိုင်ခွင့်ရှိစေ ရေးအတွက်လည်းကောင်း၊

 လူသားချင်း စာနာထောက်ထားမှုကို အလေး ပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲ စေရန်အတွက် လည်းကောင်း။

ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က) နှင့်အညီ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ နိုင်ငံသား အကျဉ်းသူ ကိုးဦး စုစုပေါင်း ၄၆ ဦး နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး တို့ကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး စုစုပေါင်း ၈၀ ဦးတို့အား ယင်းကဲ့သို့ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအကျဉ်းသားများအား  ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) အရ မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ပထမဝါဆို လပြည့်နေ့(ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသား များအား ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း သိရှိရသည်။

"ဒီနေ့ လွှတ်ပေးလိုက်တဲ့ အထဲမှာ ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေ ပါတယ်ဆိုတော့ ဒါဟာ နိုင်ငံတော် သမ္မတ ရဲ့ ဘင်္ဂလားဒေရှ့်  ခရီးစဉ်နဲ့ သက်ဆိုင်တယ်လို့ မြင်ပါတယ် နိုင်ငံတော် သမ္မတ အနေနဲ့ ဘင်္ဂလားဒေရှ့်  နိုင်ငံနဲ့ နှစ်နိုင်ငံဆက်ဆံရမယ့် အပိုင်းတွေမှာ အရေးကြီးတဲ့ လုပ်ငန်းတွေ ရှိတယ်လို့မြင်ပါတယ် ဥပမာ- ရခိုင်က နယ်စပ်ဖြတ်ကျော် ဘင်္ဂါလီအရေး ကိစ္စက တစ်စိတ်တစ်ဒေသပါဝင်မယ်လို့ ထင်ပါတယ် ၊ သမ္မတဦးသိန်းစိန်က ဒီဇူလိုင် တတိယပတ်မှာ ဘင်္ဂလားဒေရှ့် ခရီးစဉ်ကို မွတ်စလင်ဘာသာဝင်တွေရဲ့ ဥပုသ်ကာလပြီးမှ သွားဖို့စီစဉ်ထားတယ်လို့ သိရတယ် " ဟု မြန်မာနိုင်ငံရေးလေ့လာသူ တစ်ဦးကပြောသည်။

စောမြင့်သန်း(ပေါက်တော)  ။Yangon Media

0 comments:

Post a Comment