Pages

Sunday, June 16, 2013

ပစ္စည်းအားလုံးကို ကွန်ပျူတာ ချိတ်ဆက် အသက်သွင်းနိုင်သော ဆားကစ် MIT ကျောင်းသား တီထွင်

Saturday, 15 June 2013

အမေရိကန် နိုင်ငံ MIT သုတေသန တက္ကသိုလ်က Ph.D ကျောင်းသား Jay Silver က တီထွင်လိုက်တာ ဖြစ်
ပါတယ်။
တကယ်ပေါက်ပေါက်ရှာရှာပါပဲ။သူတီထွင်တဲ့ ဆားကစ်ကြောင့်ငှက်ပျော်သီးနဲ့ လှေကားများ များက Piano
 ဖြစ်သွားရပါတယ်။ ရေဇလုံက ကစရာခြေနင်း Pad ဖြစ်သွားရပါတယ်။ စာရွက် ဂိမ်းခလုပ် ဖြစ်သွားပါတယ်။ အစရှိသဖြင့် သက်ရှိ၊ သက်မဲ့အရာအားလုံးကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဥပမာ- စန္တယားတီးတဲ့ ဂိမ်းတစ်ခုကို အင်တာနက်မှာ ရှာပြီး ကိုယ်တိုင်တီး မယ်ဆိုရင် USB နဲ့ ယင်းဆားကစ်

ကို ချိတ်ဆက်ရပါမယ်။ ပြီးရင် ကိုယ် အသုံးပြုချင်တဲ့ပစ္စည်းများကိုအသုံးပြုနိုင် ချိတ်ဆက်နိုင်ပါတယ်။ ဒီအ
တွက် ဆားကစ်မှာ ကြိုးသလို ဖြည့်ဆွက်နိုင်ပါတယ်။ ငှက်ပျောသီး ငါးလုံးနဲ့ တီးမယ်ဆိုရင်လည်း ဆားကစ်က ထွက်တဲ့ ကြိုးနဲ့ ငှက်ပျောသီး ငါးလုံးပေါ် ညှပ်ထားရုံပဲ ဖြစ်ပါတယ်။

စန္တယားကို လှေကား အထစ်လေးတွေနဲ့ တီးချင်ရင် လှေကား အထစ်တွေဆီ ကြိုးတပ်ရုံပဲ ဖြစ်ပါတယ်။ လှေ

ကား တစ်ထစ်ပြီး တစ်ထစ် တက်လိုက်ဆင်းလိုက်လုပ်တိုင်း အသံထွက်နေမှာ ဖြစ်ပါတယ်။

အဓိက အသုံးပြုတဲ့ နည်းပညာ Concept ကတော့ လူမှာ ရှိနေတဲ့ လျှပ်စစ်ဓာတ်နဲ့ အရာဝတ္တုတစ်ခုခုကို ထိ

တွေ့တဲ့ ယင်းအရာဝတ္ထုကပြန်လည်တန်ပြန် တုန့်ပြန်မှုပေးတဲ့သဘောတရား ဖြစ်ပါတယ်။ယင်းSensitive ဖြစ်
မှု ကို အထင်ရှားဆုံးဖြစ်လာအောင် Makey Makeyအမည်ရဆားကစ်ကဖန်တီးပေးတာ ဖြစ်ပါတယ်။ တီထွင်
သူ Jay Sliver ရဲ့  ဖန်တီးချက်ကို အား လုံး အံ့သြမင်သက် ခဲ့ရပါတယ်။ ဘာ ဆော့ဖ်ဝဲမှ မလိုပါဘူး။ ဘာ Application မှ Install လုပ်စရာ မလိုပါဘူး။တကယ်ခပ်ရှင်းရှင်းဆားကစ်တစ်ခုမျှ သာ ဖြစ်ပါတယ်။ ဒါကြောင့် 
လူတိုင်း ဖန်တီးနိုင်ပါတယ်လို့တောင် Sliver ကဆိုထားပါတယ်။

http://makeymakey.com/ ဒီဝဘ်ဆိုဒ်မှာ သူအသေး စိတ်ရှင်းလင်း ပြ သထားပါတယ်။ ဝင်ရောက်လေ့လာနိုင်

ပါတယ်။

Makey Makey (Make everything a key)အမည်ရဆားကစ်ကဘယ်လိုအလုပ်လုပ်ဆိုတာ စမ်းသပ်ပြသထား

တဲ့ အောက်ပါ ဗီဒီယိုမှာလေ့လာကြည့် ရှုနိုင်ပါတယ်။
--
http://youtu.be/_DWQ6ce2Ags



YoYarLay , RangonNewsDaily
kolatt(PBDN): 16.6.2013

0 comments:

Post a Comment