Pages

Sunday, June 16, 2013

သင်္ဃန်းကျွန်း မြို့နယ်ရှိ မိကျောင်းကန် အပိုင်း (၁)နှင့် (၂)တွင်ရှိသောမိသားစု ၂၀၀ ကျော် လမ်းဘေးတွင် နေထိုင်ရပြီး ကျောင်းသားများ ကျောင်းတက်ရန် အခက်ကြုံ

Sunday, June 16 , 2013

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ တပ်မတော်က သိမ်းထားသည့် မိကျောင်းကန် အပိုင်း (၁)နှင့် (၂)တွင်ရှိသော အိမ်ခြေ ၂၀၀ ကျော်အား တပ်မြို့တော် စည်ပင်သာယာရေး အဖွဲ့မှ အင်အားသုံးဖယ်ရှား ခဲ့မှုကြောင့် မိသားစု ၂၀၀ ကျော်မှာ ပြည်သာယာ လမ်းဘေးတွင် အဖိဆွဲကာ ဖြစ်သလို နေနေရပြီး ကျောင်းသားများမှာ ကျောင်းနားရမည့် အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း အိမ်ဖျက်ဆီး ခံရသည့် ကျောင်းသားမိဘများက ဇွန် ၁၅ ရက်နေ့တွင် ပြောသည်။ "အခုလိုဖြစ်တော့ ကလေးတွေ ကျောင်းနားထားရတယ်။ ထမင်းချိုင့်လည်း ထည့်ပေးဖို့ အဆင်မပြေဘူး။ အထုပ်တွေလဲ ဟိုရွှေ့ဒီရွှေ့ဆိုတော့ ပစ္စည်းတွေက ဘယ်ရောက်နေလဲ မသိဘူး။ ဒီနေ့နဲ့ဆို ကလေးတွေ ကျောင်းမသွားရတာ သုံးရက်ရှိပြီ။ ဒီအတိုင်းဆို ကလေးတွေကို ကျောင်းနားခိုင်းရတော့မယ်၊ နေဖို့တောင် ဘယ်မှာနေရမှန်း မသိသေးတာ၊ ပြောင်းရမယ်ဆိုရင် ကလေးတွေကို ကျောင်းထွက်ခိုင်းရတော့မှာပဲ။ ကျောင်းစာအုပ်တွေလည်း ရေစိုကုန်လို့ ပြဲကုန်ပြီ။ ဒီမှာက ကျောင်းသားဦးရေ ၁၀၆ လောက် ရှိတယ်" ဟု မမို့မို့က ပြောပြပါသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မိကျောင်းကန် အပိုင်း (၁)၊ (၂)ရှိ အိမ်ခြေ ၂၀၀ ကျော်အား တပ်မြို့တော် စည်ပင်သာယာရေး အဖွဲ့မှ အင်အားသုံး ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်းအားသုံး ဖယ်ရှားခဲ့ပြီး နောက်ပိုင်းတွင် အိမ်ခြေ ၂၀၀ ကျော်ရှိ လူဦးရေ ၇၀၀ ကျော်မှာ မိကျောင်းကန် အပိုင်း (၁)နှင့် (၂)ကြားရှိ ပြည်သာယာလမ်းဘေးတွင် တာလပတ်များမိုးကာ ယာယီတဲများဖြင့် နေထိုင်လျက်ရှိကြောင်း သိရသည်။

"ဖြစ်သလိုပဲ စားသောက်နေရတယ်။ နေရတာကလည်း မိုးရွာတာနဲ့ ရေကြီးတော့တာပဲ။ သက်ကြီးရွယ်အိုေ
တွနဲ့ ကလေးတွေ အများကြီး ဒုက္ခရောက်နေ ပါတယ်" ဟု မိကျောင်းကန် အပိုင်း(၁)တွင် နေထိုင်ခဲ့သူ ကိုဖိုးထူးက ဇွန် ၁၅ ရက်နေ့ နေ့လည်ပိုင်းက ပြောပြသည်။

EMG , RangonNewsDaily
kolatt(PBDN): 16.6.2013

0 comments:

Post a Comment