Pages

Saturday, June 8, 2013

ဥက္ကဌရာထူး လုယူခြင်း မဟုတ်ကြောင်း လူမင်း တရားဝင်ဖြေရှင်း

ဥက္ကဌရာထူး လုယူခြင်း မဟုတ်ကြောင်း လူမင်း တရားဝင်ဖြေရှင်း 

ဇွန် ၈ ရက်၊ ၂၀၁၃ ခုနှစ်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် တာဝန်လွှဲပြောင်းယူသည့် လူမင်းသည် အဆိုပါနေရာအား လုယူခြင်း မဟုတ်ဘဲ ဥက္ကဌ (ဟောင်း)ဦးဇင်ဝိုင်းအနေဖြင့် ကျန်းမာရေးအခြေအနေအရ ရာထူးမှ နုတ်ထွက်ခြင်း ကြောင့်သာ တာဝန်ထမ်းဆောင်ရခြင်းဖြစ်သည်ဟု ရုပ်ရှင်အစည်းအရုံးက သိရှိရသည်။

 ဦးဇင်ဝိုင်း ကျန်းမာရေးအရ ဥက္ကဌရာထူးမှ နုတ်ထွက်သွားခြင်းနှင့် ပတ်သက် ၍ လူအများကြားတွင် လူမင်းသည် နေရာလုသည်ဟု ဆိုကာ  ကောလ ဟာလများ ထွက်ပေါ်ခဲ့ခြင်းကို လူမင်းက ပြန်လည် ရှင်းလင်း ပြော ဆိုခြင်း ဖြစ်သည်။ 

“တကယ်တော့ကျွန်တော်နေရာယူတာမဟုတ်ပါဘူး၊အခြေအနေတွေအရတာဝန်တွေကိုလွှဲပြီး ယူလိုက်ရတာပါ။ကျွန်တော့် ရူတင်တွေကြားထဲကနေ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျွန်တော့် အချိန်တစ်ချို့ထဲကနေ ထုတ်ပြီးကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လုပ်ဆောင်သွားမှာပါ”ဟု ရုပ်ရှင် သရုပ်ဆောင် လူမင်းက ပြောသည်။

ဦးဇင်ဝိုင်းသည် ရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် (၁)နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့သော်လည်း ကျန်းမာရေးအခြေအနေအ ရ နုတ်ထွက် လိုက်ခြင်းကို ရုပ်ရှင်အစည်းအရုံးက ခွင့်ပြုကြောင်း မီဒီယာများသို့ ဇွန်လ(၇)ရက်နေ့တွင် တရားဝင်ပြောကြားသည်။ 

ဦးဇင်ဝိုင်း အနေဖြင့် ကျန်းမာရေးကြောင့်သာ တာဝန်ဆက်လက် မထမ်းဆောင်နိုင်တော့ကြောင်း နှင့် တာဝန်မကျေပွန်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ၄င်း၏ နုတ်ထွက်စာတွင် ပါရှိသည်။

“သူကျွန်တော့်ကိုပြောပါတယ်။ သူဒီလောက ကနေလုံးဝ ထွက်သွားတာ မဟုတ်ပါဘူး။ ကျန်းမာရေး ပြန်ကောင်းလာပြီဆိုရင်တော့ တတ်နိုင် သလောက် ကူညီသွားမှာပါ။ တကယ့်အဖြစ်အပျက် နဲ့ ကောလဟာ လနဲ့မတူပါဘူး”ဟု ပန်းချီစိုးမိုးက ပြောသည်။

ဦးဇင်ဝိုင်းသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ တာဝန်ယူခဲ့ပြီး (၁) နှစ် ကျော် ရှိချိန်တွင် ကျန်းမာရေးအ ရ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် နာယကများ၏ ဆုံးဖြတ်ချက် အရ သရုပ်ဆောင် ဦးလူမင်းက တာဝန်လွှဲပြောင်းယူ ကာ ဆောင်ရွက်သွား မည့် အကြောင်းကို ပြည်တွင်း၊ပြည်ပ မီဒီယာများကို တရားဝင်ပြော ကြားသည်။

မြန်မာ့ရုပ်ရှင်လောက၏ အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှပင် အစည်း အရုံး၏ ရှေ့ဆက်မည့် လုပ်ငန်း စဉ်များတွင် ပါဝင်သည့် ရုပ်ရုင်နှင့် ဗွီဒီယို တိုးတက်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ကြောင်း လည်း သိရှိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ယခင်က ဒုဥက္ကဌ(၁)သရုပ်ဆောင် လူမင်း၊ ဒုဥက္ကဌ(၂)ဒါရိုက်တာ ညီညီထွန်းလွင်တို့မှ တာဝန်ယူခဲ့ပြီး ဇွန်လ ၇ ရက်နေ့မှစ ၍ လူမင်းမှ ဥက္ကဌအဖြစ်(၂)နှစ်ခန့် ဆောင်ရွက်မည် ဖြစ်သည်။

ဇော်မျိုးဦး(မြစ်မခ) /မြန်မာခရိုနီကယ်

ဇွန် ၈ ရက်၊ ၂၀၁၃ ခုနှစ်
ရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ်တာဝန်လွှဲပြောင်းယူသည့်လူမင်းသည်အဆိုပါနေရာအား လုယူခြင်း မဟုတ်
ဘဲ ဥက္ကဌ (ဟောင်း)ဦးဇင်ဝိုင်းအနေဖြင့် ကျန်းမာရေးအခြေအနေအရ ရာထူးမှ နုတ်ထွက်ခြင်း ကြောင့်သာ တာဝန်ထမ်းဆောင်ရခြင်းဖြစ်သည်ဟု ရုပ်ရှင်အစည်းအရုံးက သိရှိရသည်။
ဦးဇင်ဝိုင်း ကျန်းမာရေးအရ ဥက္ကဌရာထူးမှ နုတ်ထွက်သွားခြင်းနှင့် ပတ်သက် ၍ လူအများကြားတွင် လူမင်း
သည် နေရာလုသည်ဟု ဆိုကာ ကောလ ဟာလများ ထွက်ပေါ်ခဲ့ခြင်းကို လူမင်းက ပြန်လည် ရှင်းလင်း ပြော ဆိုခြင်း ဖြစ်သည်။

“တကယ်တော့ကျွန်တော်နေရာယူတာမဟုတ်ပါဘူး၊အခြေအနေတွေအရတာဝန်တွေကိုလွှဲပြီး ယူလိုက်ရ

တာပါ။ကျွန်တော့် ရူတင်တွေကြားထဲကနေ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျွန်တော့် အချိန်တစ်ချို့ထဲ
ကနေ ထုတ်ပြီးကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လုပ်ဆောင်သွားမှာပါ”ဟု ရုပ်ရှင် သရုပ်ဆောင် လူမင်းက ပြော
သည်။

ဦးဇင်ဝိုင်းသည် ရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် (၁)နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့သော်လည်း ကျန်းမာ

ရေးအခြေအနေအ ရ နုတ်ထွက်လိုက်ခြင်းကိုရုပ်ရှင်အစည်းအရုံးက ခွင့်ပြုကြောင်း မီဒီယာများသို့ ဇွန်လ(၇)
ရက်နေ့တွင် တရားဝင်ပြောကြားသည်။

ဦးဇင်ဝိုင်း အနေဖြင့် ကျန်းမာရေးကြောင့်သာ တာဝန်ဆက်လက် မထမ်းဆောင်နိုင်တော့ကြောင်း နှင့် တာ

ဝန်မကျေပွန်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ၄င်း၏ နုတ်ထွက်စာတွင် ပါရှိသည်။

“သူကျွန်တော့်ကိုပြောပါတယ်။သူဒီလောကကနေလုံးဝထွက်သွားတာမဟုတ်ပါဘူး။ကျန်းမာရေး ပြန်ကောင်း

လာပြီဆိုရင်တော့ တတ်နိုင် သလောက် ကူညီသွားမှာပါ။ တကယ့်အဖြစ်အပျက် နဲ့ ကောလဟာ လနဲ့မတူပါ
ဘူး”ဟု ပန်းချီစိုးမိုးက ပြောသည်။

ဦးဇင်ဝိုင်းသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ တာဝန်ယူခဲ့ပြီး (၁)

 နှစ် ကျော် ရှိချိန်တွင် ကျန်းမာရေးအ ရ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် နာယကများ၏ ဆုံးဖြတ်ချက် အရ သရုပ်ဆောင် ဦးလူမင်းက တာဝန်လွှဲပြောင်းယူ ကာ ဆောင်ရွက်သွား မည့်အကြောင်းကို ပြည်တွင်း၊ပြည်ပမီဒီယာများကိုတရားဝင်ပြော

 ကြားသည်။

မြန်မာ့ရုပ်ရှင်လောက၏ အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှပင် အစည်း အရုံး၏ ရှေ့ဆက်မည့် လုပ်ငန်း စဉ်များတွင်ပါဝင်သည့် ရုပ်ရုင်နှင့် ဗွီဒီယို တိုးတက်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်

ကြောင်း လည်း သိရှိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ယခင်က ဒုဥက္ကဌ(၁)သရုပ်ဆောင် လူမင်း၊ ဒုဥက္ကဌ(၂)ဒါရိုက်တာ ညီ

ညီထွန်းလွင်တို့မှ တာဝန်ယူခဲ့ပြီး ဇွန်လ ၇ ရက်နေ့မှစ ၍ လူမင်းမှ ဥက္ကဌအဖြစ်(၂)နှစ်ခန့် ဆောင်ရွက်မည်
 ဖြစ်သည်။

ဇော်မျိုးဦး(မြစ်မခ) /မြန်မာခရိုနီကယ်

Rangonnewsdaily
RND:  :8.6.2013

 

0 comments:

Post a Comment