Pages

Sunday, September 14, 2014

ဂျပန်သို့ တရားဝင် သွားရောက် အလုပ်လုပ်သော မြန်မာလုပ်သား ၃၅ ရာခိုင်နှုန်းခန့် ထွက်ပြေးနေ

RangonNewsDaily:: September . 14 .2014
ဂျပန်နိုင်ငံရောက် တရားဝင် မြန်မာအလုပ်သမား ၃၅ ရာခိုင်နှုန်းခန့်မှာ လုပ်ငန်းခွင် အတွင်းမှ ထွက်ပြေးနေကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအ သင်းချုပ် အထွေထွေအတွင်းရေး မှူး ဦးကျော်ထင်ကျော်က ပြော သည်။
၂၀၁၃ ခုနှစ်မှစ၍ ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်ခွင့် ပြန်လည်ရရှိခဲ့ပြီးနောက် ယခု အခါ နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုး၍ လုပ်သားစေ လွှတ်လျက်ရှိသည်။ သို့သော် စေ လွှတ်ခဲ့သည့် လုပ်သားများအနက် ၃၅ ရာခိုင်နှုန်းမှာ လုပ်ငန်းခွင်မှ ထွက်ပြေးပြီး တရားမဝင် အဖြစ် နေထိုင်ခဲ့ကြောင်း သတင်းရရှိ သည်။

‘‘ဂျပန်အစိုးရက နိုင်ငံရေး ခိုလှုံခွင့်ပေးထားတော့ သံရုံးရှေ့ မှာ ဆန္ဒပြတာနဲ့ နေခွင့်ပေးထား တော့ ဟိုမှာရာသက်ပန်နေထိုင် လို့ရတယ်လေ။ ဒီတော့ အလုပ် ခေါ်စာပိုင်းမထိခိုက်အောင် ဝန် ကြီးဌာနနဲ့ညှိမယ်’’ဟု အထွေထွေ အတွင်းရေးမှူး ဦးကျော်ထင် ကျော်က ပြောသည်။

ထို့ကြောင့် ဂျပန်မှအလုပ် သမားခေါ်ယူမှုအပေါ် ထပ်မံထိ ခိုက်မည်စိုးသောကြောင့် အေဂျင် စီအသင်းချုပ်က အလုပ်သမားဝန် ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေး အဖြေရှာမည်ဖြစ်သည်။ ဆွေးနွေး မှုတွင် ဂျပန်နိုင်ငံသို့ သွားမည့် လုပ်သားများအနေဖြင့် ပိုင်ဆိုင်မှု စာချုပ်ချုပ်ဆိုပြီးမှစေလွှတ်ရန် အချက်ကို ထည့်သွင်းဆွေးနွေးမည်ဟု ဆိုသည်။ သို့သော် ဂျပန်နိုင်ငံနှင့် လက်မှတ်ရေးထိုးထားသော MOU စာချုပ်တွင် အလုပ်သမား ထံ ငွေကြေးချည်နှောင်ခြင်းမပြု လုပ်ရန် အချက်ပါဝင်သည်။

‘‘ဂျပန်က ဗမာတွေလုပ်သား ခေါ်ယူမယ့်အပိုင်းမှာ ထိခိုက်နိုင် တယ်။ အဲဒီလို တရားမဝင်ထွက် ပြေးတဲ့သူတွေကို ဂျပန်အစိုးရက ရာခိုင်နှုန်းသတ်မှတ်ချက်တွေရှိ တယ်။ နောက် အဲဒီကုမ္ပဏီကို လည်း ဂျပန်လဝကက အမည် မည်းစာရင်းအသွင်းခံရတယ်။ အလုပ်ရှင်အတွက်လည်း ထိခိုက် တယ်’’ဟု Panda Power ပြည်ပ အလုပ်အကိုင် အေဂျင်စီ မန်နေ ဂျင်းဒါရိုက်တာ ဦးတင်မြင့်က ပြောသည်။

ဂျပန်နိုင်ငံသို့ ယခင်သွား ရောက်လုပ်ကိုင်သော မြန်မာ အလုပ်သမားအများစုသည် လုပ် ငန်းခွင်မှ ထွက်ပြေးတိမ်းရှောင် ကာ လုပ်ခလစာ ပိုမိုရရှိသည့် အလုပ်နေရာသို့ ပြောင်းရွှေ့လုပ် ကိုင်ခြင်း၊ အချို့မှာ နိုင်ငံရေးခိုလှုံ ခွင့်လျှောက်ထားခြင်း စသည်တို့ ကြောင့် ယခင်အစိုးရလက်ထက် တွင် လုပ်သားစေလွှတ်မှု ရပ် ဆိုင်းခံခဲ့ရသည်။

အစိုးရသစ်လက်ထက်တွင် ၂၀၁၃ ခုနှစ် မေလ ၂၀ ရက်၌ ဂျပန်နိုင်ငံသို့ လုပ်သားထပ်မံစေ လွှတ်ခွင့်ပြုရန် ဂျပန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေ့ကျင့်ပူး ပေါင်းဆောင်ရွက်ရေး အဖွဲ့ (JITCO)နှင့် နားလည်မှုသဘော တူစာချုပ် (MOU)ကို မြန်မာအစိုး ရက ဂျပန်နိုင်ငံသို့ သွားရောက် ကာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ် သည်။

ထိုသို့လက်မှတ်ရေးထိုးရာ တွင် ဂျပန်ဘက်က မြန်မာအလုပ် သမားများထွက်ပြေးခြင်းမပြုရန် မြန်မာအစိုးရကို တာဝန်ယူခိုင်း ထားသည်။

ထို့ကြောင့် အစိုးရက ထွက်ပြေးလုပ်သားများအရေးကို ကိုင်တွယ်ဖြေရှင်းရန် အေဂျင်စီအသင်းချုပ်အား ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ဂျပန်နိုင်ငံတွင် တရားဝင် မြန်မာလုပ်သားတစ်ဦးလျှင် မြန်မာငွေကျပ် ၁၀ သိန်းနှင့် အထက်ရရှိသည်။ ဂျပန်နိုင်ငံသို့ တစ်နှစ်ကျော်အတွင်း မြန်မာလုပ်သား ၇၀၀ ကျော်စေလွှတ်ပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သတင်းရရှိသည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment