Pages

Thursday, March 21, 2013

မိတ္ထီလာသို့ ၈၈မျိုးဆက်မှ ကိုမင်းကိုနိုင်ဦးဆောင်သောအဖွဲ့ ညတွင်းချင်းထွက်ခွာ

မိတ္ထီလာတွင် ဖြစ်ပွားသော ဖြစ်ရပ်များကို အမြန်ဆုံးထိန်းသိမ်းနိုင်ရန်အတွက် ၈၈မျိုးဆက်မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး(စမ်းချောင်း)၊ မနီလာသိန်းတို့ အပါအ၀င်အဖွဲ့များ ၊ သတင်းမီဒီယာများသည် ယနေ့ည ၁၁နာရီခန့်တွင် သင်္ဃန်းကျွန်းရှိ ၈၈မျိုးဆက်ရုံးမှ မိတ္ထီလာမြို့သို့ ထွက်ခွာသွားပြီဖြစ်ပါသည်။မထွက်ခွာမီ ည ၁၀ နာရီခန့်တွင် အဆိုပါရုံး၌ အရေးပေါ်သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်က“ဖြစ်စဉ်မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဟာ ရပ်ရုံရပ်နေပြီးတော့ လူတွေက သူတို့ကြားထဲကနေ တိုးထွက်တာတွေတောင် ရှိတယ်လို့ သိရပါတယ်။ ဒါဟာ ခုဏက အကြမ်းဖက်မှု လုပ်တဲ့သူတွေကို ခွင့်ပြုလိုက်တဲ့သဘောပဲ ဖြစ်တယ်။ ဒါဟာငြိမ်းချမ်းစွာ ၊အေးချမ်းစွာ ဆန္နထုတ်ဖော်နေတာမဟုတ်ပါဘူး။အဲဒါကြောင့် အကြမ်းဖက်မဲ့အုပ်စုတွေကိုတော့ တားရပါလိမ့်မယ်။တကယ် အသက်အိုးအိမ်၊စည်းစိမ်ကို ထိခိုက်လာနိုင်မယ့် ကိစ္စတွေကိုတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိန်းရပါလိမ့်မယ်။ 
တာဝန်ယူရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဒီဖြစ်ရပ်မှာ သံသယ ဖြစ်စရာရှိတယ်။ ပြည်သူတစ်ယောက်အနေနဲ့ စိုးရိမ်တယ်။” ဟုပြောကြားသွားခဲ့ပါသည်။ ထို့အပြင်ကိုမင်းကိုနိုင်က စစ်အုပ်ချုပ်ရေးကို မဖိတ်ခေါ်မိရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။

The Street View
Rangonnewsdaily
RND:  :20.3.2013

0 comments:

Post a Comment