Pages

Thursday, March 21, 2013

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မိတ္ထီလာမြို့ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်ပြီး ယနေ့ည ၁၁ နာရီဝန်းကျင်ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မိတ္ထီလာမြို့ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲဇာနည် facebook စာမျက်နှာမှတစ်ဆင့် ယနေ့ည ၁၁ နာရီဝန်းကျင်တွင် ထပ်မံ၍ သတင်းထုတ်ပြန်ခဲ့ရာ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။၁၇၅၅ အချိန်တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ပါ ၆ ဦး(သံဃာ ၁ ပါး၊ ဗမာ ကျား ၁ ဦး၊ မွတ်ဆလင်ကျား ၄ ဦး)တို့ မိတ်္ထီလာဆေးရုံသို့ ရောက်ရှိဆေးကုသမှုခံယူလျက်ရှိပြီး သံဃာ ၁ ပါးမှာ မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်- (က) သံဃာ ၁ ပါး(ဘွဲ့အမည်စိစစ်ဆဲ)၊ မီးလောင်ဒဏ်ရာ။
(ခ ) မောင်မောင်သိန်း(၂၂)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးလှထွန်း၊ ၀မ်းတော်ပြည့်တိုးချဲ့ရပ်၊ မိတ်္ထီလာမြို့ နေသူ၏ ဦးခေါင်းဝဲဘက်ဂျိုစောင်း၊ ယာလက်မောင်းပေါက်ပြဲပြတ်ရှ၊ ယာခြေမပေါက်ပြဲ၊ ဦးခေါင်းထိပ်ယာဂျိုစောင်းပေါက်ပြဲ၊ ၀ဲဒူးပွန်းပဲ့ဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။
(ဂ ) ကိုမင်း(၁၈)နှစ်၊ မွတ်ဆလင်၊ (ဘ)ဦးတင်ရွှေ၊ ရွှေမန်းသာရပ်၊ အောင်လံမြို့နေသူ၏ ၀ဲလက် ဖမိုးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)
(ဃ) ခင်မောင်လွင်(၅၀)နှစ်၊ မွတ်ဆလင်၊ (ဘ)ဦးသန်းဆွေ၊ သာယာကုန်း(၁)ရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူ၏ ၀ဲဂျိုစောင်း/၀ဲနားရွက်/၀ဲနားထင်ပေါက်ပြဲ၊ ၀ဲလက်ဖျံဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။
(င) ကိုဇော်(၂၃)နှစ်၊ မွတ်ဆလင်၊ (ဘ)ဦးသန်းထွန်း၊ အောင်ဇေယျာရပ်ကွက်၊ မိတ်္ထီလာမြို့နေသူ၏ ယာပါးပေါက်ပြဲ၊ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)။
(စ ) သန်းမြင့်နိုင်(၂၆)နှစ်၊ မွတ်ဆလင်၊ (ဘ)ဦးမောင်မောင်မြင့်၊ သီရိမင်္ဂလာရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူတွင် မီးလောင်ဒဏ်ရာ။
၂၀၅၅ အချိန်တွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသော သံဃာနှင့် သန်းမြင့်နိုင်တို့သည် မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
၂၁၄၅ အချိန်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
  
Eleven Media GroupRangonnewsdaily
RND:  :20.3.2013
 

0 comments:

Post a Comment