Pages

Wednesday, March 20, 2013

မိတ္ထီလာမြို့ မင်္ဂလာဇေယျုံရပ်ကွက်ရှိ ဗလီနှင့်ကျောင်းအား အကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီး ( ည ၁၁း၁၅) နောက်ဆုံးရသတင်း

မိတ္ထီလာမြို့ မင်္ဂလာဇေယျုံရပ်ကွက်ရှိ ဗလီနှင့်ကျောင်းအား အစွန်းရောက် ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီးမှုကြောင့် ရှဟီးဒ်ဖြစ် ပြာကျသွားခဲ့ပြီလို့ သတင်းကြားသိရပါတယ်။ `အင်နာလစ်လားဟိ ၀အင်းနာ အိလိုင်းဟိ ရားဂျေးအူးန်´မိတ္ထီလာမြို့ရှိ ငြိမ်းချမ်းရေးဗလီဘက်ကို အစွန်းရောက် ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများ လာတော့မယ်လို့ သတင်းတွေ ထွက်လာတာကြောင့် အမျိုးသားတစ်ဦးနဲ့အတူ အမျိုးသမီး(၆)ဦးတို့ဟာ ကားဖြင့် ချည်စက်ဘက်ကို ထွက်ပြေးတိမ်းရှောင်းကြစဉ် တောမရွာမှ ရွာသားများ အုပ်စုလိုက် ထွက်လာပြီး ကားနောက်သို့ တုတ်၊ ဓားများဖြင့် ပြေးလိုက်ကြတယ်လို့ သတင်းရရှိပါတယ်။
ဒီဖြစ်ရပ်ကြောင့် မွတ်စလင်မ်များဟာ မြို့အတွင်း ပိတ်မိနေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ပြင်ပမှ မိတ္ထီလာမြို့သို့ တယ်လီဖုန်းများ ဆက်သွယ်၍ မရတော့အောင် ဖြတ်တောက်ထားတယ်လို့ ယူဆရတာကြောင့် စနစ်တကျ အကွက်ချ၍ ကြိုတင်စီစဉ်ထားကြောင်း ပေါ်လွင်နေပါတယ်။

မိတ္ထီလာမြို့သည် စစ်တပ်ပေါင်းစုံဖြင့် ၀န်းရံတည်ဆောက်ထားသော မြန်မာနိုင်ငံရဲ့ အကြီးဆုံးတပ်မြို့တစ်မြို့ဖြစ်နေသော်လည်း ယခုဖြစ်စဉ်များတွင် မြို့နီးစပ်ချုပ်မှ အကြမ်းဖက်သမား ဘုန်းကြီးများအား ၀င်ရောက်ခွင့် အကြမ်းဖက် လုယူခွင့်ပြုထား၍ တစ်ဖက်တွင် ကူညီရန် လာရောက်သူများအား ပိတ်စို့ထားခြင်းများဟာ ထူးခြားနေပါတယ်။

ဗလီနှင့်အိမ်များအား ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်ကာလမှာပင် မီးရှို့ဖျက်ဆီးနေသည့် လုပ်ရပ်မှာ စဉ်းစားတွေးတောစရာ ဖြစ်နေပါတယ်။ မီးတင်ရှို့၍ လောင်ကျွမ်းနေသည့် မီးတောက်များအား မီးသတ်ဌာနမှ ညမထွက်ရ အမိန့်အကြောင်းပြ၍ ငြိမ်းသတ်မှု မရှိတော့ဘဲ ထားခဲ့ခြင်းကြောင့် မနက်ခင်းအချိန်တွင် ပျာဖြစ်ပြီးသားအခြေအနေသို့ ရောက်ရှိစေရန်အတွက် စနစ်တကျဖြင့် လုပ်ဆောင်ထားသလို ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ကြားက အစွန်းရောက် ဗုဒ္ဓဘာသာဝင် ရခိုင်အကြမ်းဖက်သမားများဟာ ၀င်ရောက် အကြမ်းဖက် မီးရှို့တဲ့အခါ အိမ်တွင်းမှာ ပုန်းအောင်းမနေနိုင်တော့လို့ လမ်းပေါ်ထွက်ပြေးသူတွေကို တာဝန်ကျ စစ်တပ်နဲ့ရဲလုံခြုံရေးအဖွဲ့တွေက ညထွက်လို့ဆိုပြီး ပစ်သတ်သလိုမျိုး အခုလည်း လုပ်ကြအုံးမှာလားလို့ စဉ်းစားစရာဖြစ်နေပါတယ်။
မင်္ဂလာဇေယျုံကျောင်းရှိတဲ့နေရာဟာ မြို့ရဲ့ ချိုင့်ဝှမ်းရပ်ကွက်ဖြစ်ပြီး တစ်ဖက်တစ်ချက်မှာ မိတ္ထီလာကန်ကြီးရှိပါတယ်။

ကျောင်းမှာ ဟိုတုန်းက မိဘမဲ့ကလေးသူငယ်များ အယောက် ၇၀ လောက် မှီခို နေထိုင်ကြပါတယ်။ အခုတော့ ကလေးသူငယ်များကို တောင်ကြီးသို့ ပြောင်းရွှေ့ပေးပြီး အဇီဇီယာ အစ္စလာမ့် ပညာရေးကျောင်းကြီးရဲ့ ဒေါင်ရာ ဟဒီးဆ်တန်းရောက် ကျောင်းသားများအတွက် ဘော်ဒါဆောင်အဖြစ် အသုံးပြုထားပါတယ်။ 


ဟိုးယခင် မြို့လုံးကျွတ် မီးလောင်တုန်းက ပျက်ဆီးသွားခဲ့လို့ ပြင်ဆင်တည်ဆောက်ထားရာမှာ အုပ်ညှပ်သစ်သားနဲ့ ကြီးမားတဲ့ အဆောက်အဦးကြီးတစ်ခုဖြစ်ပါတယ်။

အဇီဇီယာကျောင်းဆိုတာကတော့ မြန်မာမွတ်စလင်မ်တို့ရဲ့ သမိုင်းဝင် ထူးခြားတဲ့ ဂျာနယ်လစ်ကြီးတစ်ယောက်ဖြစ်တဲ့ `မောင်ဝ်လာနာ နူးရ် (ကမ္ဘာ့အလင်း) သန္ဓေတည် ပျိုးထောင်ခဲ့ရာ နေရာပါ။ နောက်ပိုင်း နွမ်းပါးနေလို့ နိုင်ငံကျော် သူဌေးကြီး ကန်ထရိုက်တာ ဦးရွှေဖီ လှူဒါန်းပြင်ဆင်ပေးခဲ့ပါတယ်။

ကေတီဇတ်ဦး, Rangonnewsdaily
RND:  :20.3.2013
 

0 comments:

Post a Comment