Pages

Wednesday, March 20, 2013

တက္ကစီဆိုင်ရာ ကိစ္စရပ်များ မြို့တော်စည်ပင်မှ မထသသို့ မတ် ၃၀ အပြီးလွှဲပေးမည်

တက္ကစီဆိုင်ရာ ကိစ္စရပ်များ မြို့တော်စည်ပင်မှ
မထသသို့ မတ် ၃၀ အပြီးလွှဲပေးမည်
Wednesday, March 20, 2013

မြို့တော်စည်ပင်မှ ကိုင်တွယ်လုပ်ဆောင်နေသော
တက္ကစီဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်၍ မထသ
(ဗဟို)သို့ ၂၀၁၃ခုနှစ် မတ်လ ၃၀ ရက်နေ့တွင်
အပြီးလွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း မထသ
(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က ပြောသည်။

“မှတ်ပုံတင်စနစ်၊ ကောက်ခံနှုန်းထားတွေဟာ ဘာမှ
မပြောင်းလဲပါဘူး။ အကုန်လုံးအရင်ပုံစံအတိုင်းပဲ လုပ်
ဆောင်သွားမှာပါ။ ဒါက ဌာန လွှဲပြောင်းခြင်းသာ
ဖြစ်တယ်။ မြို့တော်စည်ပင်မှာက မှတ်ပုံတင်တာ
တစ်ခုတည်းကိုပဲ လုပ်ပေးနိုင်တယ်။ တခြား စည်းကမ်း 
ထိန်းသိမ်းရေးတွေမှာ အားနည်းတဲ့အတွက်မထသ(ဗဟို)
ကို လွှဲပြောင်းပေးတာဖြစ်တယ်” ဟု ယင်းက ဆက်လက်
ပြောကြားသည်။

တက္ကစီလုပ်ငန်းများ လွှဲပြောင်းပြီးနောက် လုပ်ငန်းစဉ် ၎
ရပ်ဖြင့် တက္ကစီလုပ်ငန်းများ တိုးတက်ဖွံဖြိုးလာစေရန်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊တစ်နှစ်တစ်ခါ ပေး
ဆောင်နေကျ ပုံစံအတိုင်းသာ ဆက်လက်ပေးဆောင်
သွားရမည်ဖြစ်ပြီး ဌာနအသစ်ပြောင်း၍ မှတ်ပုံတင်အ
သစ် ပြန်လုပ်ရမည်မှာမဟုတ်ကြောင်း၊ နောက်ပိုင်းတွင်
တက္ကစီမီတာ တပ်ဆင်ခြင်းကိုတင်းတင်းကျပ်ကျပ် လုပ်ဆောင်သွားမည်ဖြစ်ပြီး တက္ကစီမီတာ မတပ်ဆင်
သူများကိုမှတ်ပုံတင် ထုတ်ပေးမည်မဟုတ်ကြောင်း
မထသ(ဗဟို)က ဒုဥက္ကဌ ဦးလှသောင်းမြင့်က
ပြောကြားသည်။

“ပထမတစ်ချက်အနေနဲ့ တက္ကစီ စီးတဲ့သူတွေ လုံခြုံ
အောင် အန္တရာယ်ကင်းအောင်လုပ်ရမယ့် ကားသမား
တွေက အန္တရယ်ကင်းရှင်းအောင် မလုပ်ဘူးဆိုရင်အရေး
ယူသွားမယ်။ ဒုတိယ တစ်ချက်အနေနဲ့ တက္ကစီမောင်းတဲ့
သူတွေကိုကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်အောင် ပညာ
ပေးလုပ်ငန်းတွေ သင်တန်းတွေပေးသွားမယ်။ နောက်
တစ်ချက်ကတော့ တက္ကစီနဲ့ ပတ်သတ်တဲ့ အသင်းအဖွဲ့
တွေဖွဲ့ခိုင်းမယ်။ ဒါကလည်း တက္ကစီနဲ့ ပတ်သတ်တဲ့ ကိစ္စ
ရပ်တွေဆောင်ရွက်နိုင်အောင် အခွင့်အရေးပေးတဲ့ အနေနဲ့ ဖွဲ့ခိုင်းခြင်းဖြစ်တယ်။နောက်ဆုံးအချက်ကတော့ တက္ကစီမီ
တာ တက်ပြီးတာနဲ့ တက္ကစီမောင်းတဲ့ သူတွေကိုကုမ္ပဏီ
တွေနဲ့ ညှိပြီး လစာ သတ်မှတ်ပေးတာတွေ၊ လမ်းပိတ်ဆို့
တာတွေ မဖြစ်အောင်မှတ်တိုင်နေရာတွေ သတ်မှတ်ပေး
တာတွေ စတဲ့ စီမံခန့်ခွဲရေး လုပ်ငန်းတွေလုပ်ဆောင်
သွားမယ်” ဟု ၄င်းက ပြောသည်။

တက္ကစီယာဉ်များနှင့် ပတ်သတ်၍ တက္ကစီ ဆပ်ကော်မတီ
အဖွဲ့၊ တက္ကစီဒရိုင်ဘာများအသင်း၊ တက္ကစီ ပိုင်ရှင်များ
အသင်း စသည့် အသင်းများဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်း
အဖွဲ့ သုံးဖွဲ့၏ ပေါင်းစပ် လှုပ်ရှားနိုင်မှုကောင်းသည်နှင့်အမျှ တက္ကစီလုပ်ငန်းများ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊
တက္ကစီမီတာ တပ်ဆင်ပါက CNG ကားဖြစ်ဖြစ်၊ စက်သုံးဆီ
(ဒီဇယ်၊ ဓာတ်ဆီ)ကားဖြစ်ဖြစ် ဈေးနှုန်း တစ်မျိုးထဲသာ သတ်မှတ်ပေးသွားမည်ဖြစ်ပြီး တက္ကစီမီတာတပ်ဆင်ရမည့်
အချိန်ကို အတိအကျ မပြောနိုင်သေးကြောင်း ယင်းက
ဆက်လက်ပြောကြားသည်။

ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကစီ အစီးရေ နှစ်သောင်းကျော် ပြေးဆွဲလျက်ရှိပြီး တက္ကစီမီတာ
တပ်ဆင်ခြင်းကို ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ်လုပ်ဆောင်
ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ရည်မွန်
The Myanma Age

Wednesday, March 20, 2013

မြို့တော်စည်ပင်မှ ကိုင်တွယ်လုပ်ဆောင်နေသောတက္ကစီဆိုင်ရာကိစ္စရပ်များနှင့်ပတ်သတ်၍မထသ (ဗဟို)
သို့ ၂၀၁၃ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် အပြီးလွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း မထသ (ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က ပြောသည်။ “မှတ်ပုံတင်စနစ်၊ ကောက်ခံနှုန်းထားတွေဟာ ဘာမှ မပြောင်းလဲပါဘူး။ အကုန်လုံးအရင်ပုံစံအတိုင်းပဲ လုပ်
ဆောင်သွားမှာပါ။ ဒါက ဌာန လွှဲပြောင်းခြင်းသာ ဖြစ်တယ်။ မြို့တော်စည်ပင်မှာက မှတ်ပုံတင်တာ တစ်ခု
တည်းကိုပဲ လုပ်ပေးနိုင်တယ်။ တခြား စည်းကမ်း ထိန်းသိမ်းရေးတွေမှာ အားနည်းတဲ့အတွက်မထသ(ဗဟို) ကို လွှဲပြောင်းပေးတာဖြစ်တယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။

တက္ကစီလုပ်ငန်းများ လွှဲပြောင်းပြီးနောက် လုပ်ငန်းစဉ် ၄ ရပ်ဖြင့် တက္ကစီလုပ်ငန်းများ တိုးတက်ဖွံဖြိုးလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊တစ်နှစ်တစ်ခါ ပေး ဆောင်နေကျ ပုံစံအတိုင်းသာ ဆက်လက်ပေးဆောင် သွားရမည်ဖြစ်ပြီး ဌာနအသစ်ပြောင်း၍ မှတ်ပုံတင်အ သစ် ပြန်လုပ်ရမည်မှာမဟုတ်ကြောင်း၊ နောက်ပိုင်းတွင် တက္ကစီမီတာ တပ်ဆင်ခြင်းကိုတင်းတင်းကျပ်ကျပ် လုပ်ဆောင်သွားမည်ဖြစ်ပြီး တက္ကစီမီတာ မတပ်ဆင် သူများကိုမှတ်ပုံတင် ထုတ်ပေးမည်မဟုတ်ကြောင်း
မထသ(ဗဟို)က ဒုဥက္ကဌ ဦးလှသောင်းမြင့်က ပြောကြားသည်။

“ပထမတစ်ချက်အနေနဲ့ တက္ကစီ စီးတဲ့သူတွေ လုံခြုံ အောင် အန္တရာယ်ကင်းအောင်လုပ်ရမယ့် ကားသမား
တွေက အန္တရယ်ကင်းရှင်းအောင် မလုပ်ဘူးဆိုရင်အရေး ယူသွားမယ်။ ဒုတိယ တစ်ချက်အနေနဲ့ တက္ကစီမောင်းတဲ့ သူတွေကိုကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်အောင် ပညာ ပေးလုပ်ငန်းတွေ သင်တန်းတွေပေးသွားမယ်။
 
 နောက်တစ်ချက်ကတော့တက္ကစီနဲ့ ပတ်သတ်တဲ့ အသင်းအဖွဲ့ တွေဖွဲ့ခိုင်းမယ်။ ဒါကလည်း တက္ကစီနဲ့ ပတ်သတ်တဲ့ ကိစ္စ ရပ်တွေဆောင်ရွက်နိုင်အောင် အခွင့်အရေးပေးတဲ့ အနေနဲ့ ဖွဲ့ခိုင်းခြင်းဖြစ်တယ်။နောက်ဆုံးအချက်ကတော့ တက္ကစီမီ တာ တက်ပြီးတာနဲ့ တက္ကစီမောင်းတဲ့ သူတွေကိုကုမ္ပဏီ တွေနဲ့ ညှိပြီး လစာ သတ်မှတ်ပေးတာတွေ၊ လမ်းပိတ်ဆို့ တာတွေ မဖြစ်အောင်မှတ်တိုင်နေရာတွေ သတ်မှတ်ပေး တာတွေ စတဲ့ စီမံခန့်ခွဲရေး လုပ်ငန်းတွေလုပ်ဆောင် သွားမယ်” ဟု ၄င်းက ပြောသည်။

တက္ကစီယာဉ်များနှင့် ပတ်သတ်၍ တက္ကစီ ဆပ်ကော်မတီ အဖွဲ့၊ တက္ကစီဒရိုင်ဘာများအသင်း၊ တက္ကစီ ပိုင်ရှင်များ အသင်း စသည့် အသင်းများဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်း အဖွဲ့ သုံးဖွဲ့၏ ပေါင်းစပ် လှုပ်ရှားနိုင်မှုကောင်းသည်နှင့်အမျှ တက္ကစီလုပ်ငန်းများ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ တက္ကစီမီတာ တပ်ဆင်ပါက CNG ကားဖြစ်ဖြစ်၊ စက်သုံးဆီ (ဒီဇယ်၊ ဓာတ်ဆီ)ကားဖြစ်ဖြစ် ဈေးနှုန်း တစ်မျိုးထဲသာ သတ်မှတ်ပေးသွားမည်ဖြစ်ပြီး တက္ကစီမီတာတပ်ဆင်ရမည့် အချိန်ကို အတိအကျ မပြောနိုင်သေးကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကစီ အစီးရေ နှစ်သောင်းကျော် ပြေးဆွဲလျက်ရှိပြီး တက္ကစီမီတာ တပ်ဆင်ခြင်းကို ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ်လုပ်ဆောင် ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ရည်မွန်
The Myanma Age,Rangonnewsdaily
RND:  :20.3.2013
 

0 comments:

Post a Comment