Pages

Wednesday, March 20, 2013

မြန်မာ့တပ်မတော်(ရေ)မှ Frigate အမျိုးအစား စစ်ရေယာဉ် UMS- Mahar Bandoola( F-21) မလေးရှားတွင်ပြုလုပ်မည့် ( LIMA 2013 ) အစီအစဉ်တွင်ပါဝင်ဆောင်ရွက်မည်

Myanmar Navy and Langkawi International Maritime 
& Aerospace Exhibition 2013 (LIMA 2013 )
Wednesday, March 20, 2013

မြန်မာ့တပ်မတော်(ရေ)မှ Frigate အမျိုးအစား စစ်ရေယာဉ် UMS- Mahar Bandoola( F-21) သည် ပထမဆုံးအကြိမ်အဖြစ် မလေးရှားနိုင်ငံ ၊ Langkawi တွင် မတ်လ (၂၆) ရက်နေ့မှ မတ်လ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ( LIMA 2013 ) အစီအစဉ်များတွင် ပါဝင်ရန်အတွက် ရန်ကုန်ဆိပ်ကမ်းမှ Langkawi သို့ မကြာမီရက်ပိုင်းအတွင်း ထွက်ခွာမည်ဟု သိရှိရပါသည်။ 

ထို့ပြင် မြန်မာ့တပ်မတော်(ရေ)မှ Delegation အဖွဲ့ကိုလည်း လေကြောင်းဖြင့် သီးခြားစေလွှတ်သွားမည် ဖြစ်သည်။အလားတူ ကြည်းတပ်/ လေတပ် နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း Delegation အဖွဲ့များ စေလွှတ်မည်ဟု ကြားသိရသည်။

မြန်မာ့တပ်မတော်(ရေ)သည် အိန္ဒိယနိုင်ငံ၊ Port Blair တွင် ပြုလုပ်သော MILANသို့သာ စစ်ရေယာဉ်များ စေလွှတ်ခဲ့ပြီး ယခုအကြိမ်
LIMA သို့ စေလွှတ်ခြင်းသည် ပထမဆုံးဖြစ်၍ တပ်မတော်(ရေ)၏ နိုင်ငံတကာသို့ ခြေဆန့်ဝင်ရောက်မှုအား ကြိုဆိုရမည် ဖြစ်ပါသည်။

LIMA သည် ၁၉၉၁ ခုနှစ်မှ (၂)နှစ်တစ်ကြိမ် စတင်ကျင်းပခဲ့ရာ LIMA 2013 သည် (၁၂)ကြိမ်မြောက် ဖြစ်သည်။ LIMA 2013 တွင် စစ်ဖက်/ အရပ်ဖက် နှင့် လုံခြုံရေးအဖွဲ့အစည်း အမျိုးမျိုးအတွက် ရေကြောင်း နှင့် လေကြောင်း ဆိုင်ရာ ထုတ်ကုန်ပစ္စည်း လေယာဉ်၊သင်္ဘောအပါအဝင် (ကြီး/ငယ်) အမျိုးမျိုးအား Indoor / Outdoor / On-Water တွင် ခင်းကျင်းပြသခြင်း၊
မောင်းသူမဲ့လေယာဉ်များ အပါအဝင် လေယာဉ်အမျိုးမျိုး လက်တွေ့ စွမ်းရည်ပြသခြင်း၊Conference နှင့် Seminars အမျိုးမျိုး ဆောင်ရွက်ခြင်း၊ စစ်ရေယာဉ်များမှ ဧည့်သည်များဖိတ်ကြားလက်ခံ၍ နေ့လည်စာ (သို့မဟုတ်) ညစာဖြင့် တည့်ခင်းဧည့်ခံခြင်း၊ စစ်ရေယာဉ်များ အပြန်အလှန် လေ့လာ လည်ပတ်ခြင်း စသည့် အစီအစဉ်များ ပါဝင်မည်ဟု သိရှိရပါသည်။ 

ထို့ပြင် နိုင်ငံများနှင့် အဖွဲ့အစည်းအသီးသီးမှ စစ်ရေယာဉ်များ အပါအဝင်
ရေယာဉ်မျိုးစုံ (၆၃)စီး ၊Aerial Display လေယာဉ်မျိုးစုံ (၃၀)စီး၊ Static Display လေယာဉ်မျိုးစုံ (၄၈)စီး နှင့် နိုင်ငံတကာမှ Delegation အဖွဲ့ပေါင်း (၃၀၀) ကျော်ခန့် ပါဝင် တက်ရောက်မည် ဖြစ်သည်။

Myanmar NAVY
Myanmar Navy and Langkawi International Maritime
& Aerospace Exhibition 2013 (LIMA 2013 )
Wednesday, March 20, 2013

မြန်မာ့တပ်မတော်(ရေ)မှ Frigate အမျိုးအစား စစ်ရေယာဉ် UMS- Mahar Bandoola( F-21) သည် ပထမဆုံးအကြိမ်အဖြစ် မလေးရှားနိုင်ငံ ၊ Langkawi တွင် မတ်လ (၂၆) ရက်နေ့မှ မတ်လ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ( LIMA 2013 ) အစီအစဉ်များတွင် ပါဝင်ရန်အတွက် ရန်ကုန်ဆိပ်ကမ်းမှ Langkawi သို့ မကြာမီရက်ပိုင်းအတွင်း ထွက်ခွာမည်ဟု သိရှိရပါသည်။ ထို့ပြင် မြန်မာ့တပ်မတော်(ရေ)မှ Delegation အဖွဲ့ကိုလည်း လေကြောင်းဖြင့် သီးခြားစေလွှတ်သွားမည် ဖြစ်သည်။အလားတူ ကြည်းတပ်/ လေတပ် နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း Delegation အဖွဲ့များ စေလွှတ်မည်ဟု ကြားသိရသည်။

မြန်မာ့တပ်မတော်(ရေ)သည် အိန္ဒိယနိုင်ငံ၊ Port Blair တွင် ပြုလုပ်သော MILANသို့သာ စစ်ရေယာဉ်များ စေလွှတ်ခဲ့ပြီး ယခုအကြိမ် LIMA သို့ စေလွှတ်ခြင်းသည် ပထမဆုံးဖြစ်၍ တပ်မတော်(ရေ)၏ နိုင်ငံတကာသို့ ခြေဆန့်ဝင်ရောက်မှုအား ကြိုဆိုရမည် ဖြစ်ပါသည်။

LIMA သည် ၁၉၉၁ ခုနှစ်မှ (၂)နှစ်တစ်ကြိမ် စတင်ကျင်းပခဲ့ရာ LIMA 2013 သည် (၁၂)ကြိမ်မြောက် ဖြစ်သည်။ LIMA 2013 တွင် စစ်ဖက်/ အရပ်ဖက် နှင့် လုံခြုံရေးအဖွဲ့အစည်း အမျိုးမျိုးအတွက် ရေကြောင်း နှင့် လေကြောင်း ဆိုင်ရာ ထုတ်ကုန်ပစ္စည်း လေယာဉ်၊သင်္ဘောအပါအဝင် (ကြီး/ငယ်) အမျိုးမျိုးအား Indoor / Outdoor / On-Water တွင် ခင်းကျင်းပြသခြင်း၊

မောင်းသူမဲ့လေယာဉ်များ အပါအဝင် လေယာဉ်အမျိုးမျိုး လက်တွေ့ စွမ်းရည်ပြသခြင်း၊Conference နှင့် Seminars အမျိုးမျိုး ဆောင်ရွက်ခြင်း၊ စစ်ရေယာဉ်များမှ ဧည့်သည်များဖိတ်ကြားလက်ခံ၍ နေ့လည်စာ (သို့မဟုတ်) ညစာဖြင့် တည့်ခင်းဧည့်ခံခြင်း၊ စစ်ရေယာဉ်များ အပြန်အလှန် လေ့လာ လည်ပတ်ခြင်း စသည့် အစီအစဉ်များ ပါဝင်မည်ဟု သိရှိရပါသည်။

ထို့ပြင် နိုင်ငံများနှင့် အဖွဲ့အစည်းအသီးသီးမှ စစ်ရေယာဉ်များ အပါအဝင် ရေယာဉ်မျိုးစုံ (၆၃)စီး ၊Aerial Display လေယာဉ်မျိုးစုံ (၃၀)စီး၊ Static Display လေယာဉ်မျိုးစုံ (၄၈)စီး နှင့် နိုင်ငံတကာမှ Delegation အဖွဲ့ပေါင်း (၃၀၀) ကျော်ခန့် ပါဝင် တက်ရောက်မည် ဖြစ်သည်။

Myanmar NAVY

Rangonnewsdaily
RND:  :20.3.2013

0 comments:

Post a Comment